ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်ပြီးတော့ ရပ်နေရင်လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စာရင်းထဲမှာ သူလည်း ပါလာလိမ့်မယ် …

Maung Htet and ကုလ ပုတ္တ shared Peace Forall‘s photo.

ဒေါ်အောင်ဆန်းစုကြည် ဒီပုံစံအတိုင်း နှုတ်ဆိတ်ပြီးတော့ ရပ်တည်နေမယ်ဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှု တရားခံစာရင်းထဲမှာ သူလည်း ပါလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေရဲ့ သဘောတရားတစ်ခုရှိပါတယ်။ နှုတ်ဆိတ်နေခြင်းဟာလည်း အလိုတူအလိုပါ ဖြစ်တယ်ဆိုတဲ့အချက်ပါ။ လူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကို လူမဆန်စွာ သတ်ဖြတ်နေတာကို သိသိကြီးနဲ့ ဖွင့်မပြောဘူးဆိုတာ သက်သေအထောက်အထားရှိရင် ဥပဒေအရ ထိုသူဟာလည်း ရာဇ၀တ်မှုကို ကျူးလွန်သူဖြစ်ပါတယ်။ အခုက လူတစ်ယောက်ကို သတ်ဖြတ်နေတာ မဟုတ်ပါ။ လူမျိုးစုတစ်စုကို သတ်ဖြတ်နေတာ မဟုတ်ပါ။ လူမျိုးစုတစ်စုမကတဲ့ လူမျိုးစုတွေကို သူတို့ရဲ့ ဘာသာတရားကို အကြောင်းပြုပြီး သတ်ဖြတ်နေတာ ဖြစ် တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့သူတွေက တောင်းဆိုနေတာ မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံကို ကျူးကျော် ၀င်ရောက်တဲ့သူတွေကို သူ့ရဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားဥပဒေအတိုင်း အပြစ်ပေးရမယ်ဆိုတာ အထူးသဖြင့် ကျုပ်တို့ မြန်မာပြည်က မွတ်စလင်မ်လူထုကြီးက လက်ခံထားပြီးသားပါ။ ဒါပေမဲ့ အခု ရခိုင်ပြည်မှာ ဖြစ်နေတာက ကျူးကျော်မှု အလျဉ်း မဟုတ်ပါ။ ဘာသာတရားကို အကြောင်းပြုပြီး လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ရာဇ၀တ်မှုကြီး ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လိုချင်တဲ့ ဒီမိုကရေစီဆိုတာ သူမရဲ့ ဗုဒ်ဓဘာသာဝင်တွေအတွက်ပဲလား။ ဒေါ်အောင်ဆန်းစုကြည် တောင့်တတဲ့ လူ့အခွင့်အရေးဆိုတာ သူမရဲ့ ဗုဒ်ဓဘာသာဝင်တွေအတွက်ပဲလား။ အဲဒီအချက်တွေကိုတော့ မကြာမီ သမိုင်းမှာ စာတင်သွားမှာဖြစ်သလို အကြောင်းမကောင်းရင် နိုင်ငံတကာခုံရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့အထဲ အလိုတူအလိုပါအဖြစ် ရာဇ၀တ်သားအနေနဲ့ ပါလာမှာပါ။ လူတွေ သိန်းချီပြီး ဒုက္ခရောက် သေကြေပျက်စီးကြတဲ့ ရခိုင်ပြည်နယ်ကို ယခု ခြောက်လလောက်ရှိပြီ။ ဒေါ်စု ခြေမချသေးပါ။ ဒုက္ခသည်အကုန်လုံးနီးပါးဟာ မြန်မာနိုင်ငံသားတွေပါ။

Credit To Ko Rohingya

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s