ကြမ်းတမ်းရက်စက်သည့်အခြေအနေများကြောင့် ရိုဟင်ဂျာများထိတ်လန့်မှုများပြားလာ

ကြမ်းတမ်းရက်စက်သည့်အခြေအနေများကြောင့် ရိုဟင်ဂျာများထိတ်လန့်မှုများပြားလာ

RB News
December 04, 2012

ဘူးသီးတောင်မြို့။ ။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရခိုင်အစွန်းရောက်များက ဘူးသီးတောင် မြို့ဆိုင် ဆိပ်ပြင်ကျေးရွာအုပ်စု၊ ရဲဆိပ်ပြာရွာရှိ ဗုဒ္ဓရုပ်ပွားတော်၏လက်ကို ရိုဟင်ဂျာ လူမျိုးနှင့်နားလည်မှုလွှဲမှားပြီး ပြဿနာဖစ်ရန် ရည်ရွယ်၍ဖျက်ဆီးခဲ့ကြသည်။ ဒီဇင်ဘာ (၂) ရက်နေ့တွင် နစကတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ရိုဟင်ဂျာ (၇) ဦးကိုရုပ်ပွားတော်၏လက်ဖျက်ဆီး သည်ဟုစွပ်စွဲ၍ဖမ်းဆီးသွားခဲ့သည်။ထိုသို့ဖမ်းဆီး သွားပြီးနောက် ငွေပေးနိုင်လျှင်ပြန်လွှတ်ပေးမည်ဆိုသောကြောင့် (၄) ဦးမှာငွေပေး၍လွတ်မြောက် လာခဲ့သည်။

ဖမ်းဆီးခံရသူ ၇ ဦးမှာ –

(၁) မိုဟာမတ်ဂျမီလ် (ဘ) မိုဂုလ်အဟမတ် (ကျပ် ၅ သိန်းပေး၍လွတ်မြောက်လာသည်)
(၂) အီမာန်ဟူးစိန် (ဘ) မန်ဆူရ် (ကျပ် ၇ သောင်းခွဲပေး၍လွတ်မြောက်လာသည်)
(၃) ဇဖရ်အဟမတ် (ဘ) ဂနီမီယာ (ကျပ် ၇ သောင်းခွဲပေး၍လွတ်မြောက်လာသည်)

(၄) မိုဟာမတ်စာဒတ် (ဘ) ဂျမာလ်ဟူးစိန် (ကျပ် ၁ သိန်းခွဲပေး၍လွတ်မြောက်လာသည်)

(၅) ကဘီရ်အဟမတ် (ဘ) မူဘာရတ်အလီ (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)

(၆) အမီးရ်ဟူးစိန် (ဘ) ရချီသ်အဟမတ် (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)

(၇) လာလူး (ဘ) အမည်မသိ (ငွေမပေးနိုင်၍ ရဲစခန်းသို့လွှဲပြောင်းပေးလိုက်သည်)

မောင်းတောမြို့။ ။ ဒီဇင်ဘာလ (၃) ရက် နေ့လည် ၃ နာရီခန့်၌ မောင်းတောမြို့နာရီစင်အနီးတွင် မြို့နယ် တရားသူကြီး၏ကားကို သားဖြစ်သူမှအရက်အလွန်အကျွံ့သောက်၍ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာရာ စက်ဘီးစီးလာသောရိုဟင်ဂျာလူငယ်ကိုတိုက်ရန်ဆဲဆဲဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင်တရားသူကြီးမှကားကို ရပ်ခိုင်း၍ ဆင်းလာပြီး ရိုဟင်ဂျာလူငယ်အားရိုက်နှက်ရန်ကြိုးစားခဲ့သော်လည်း လူငယ်မှာစက်ဘီးကို ထိုနေ ရာ တွင်ထား၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ တရားသူကြီးမှ လူငယ်ကိုရိုက်ခွင့် မ ရသောကြောင့် စက်ဘီးကိုကားဖြင့်တြိတ်၍ အပိုင်းအစများဖြစ်အောင် လုပ်ခဲ့ကြောင်းသိရသည်။ ထို စက်ဘီး အပိုင်းအစများ ကိုရဲစခန်းသို့ပို့၍လူငယ်အတွက်အမှုဖွင့်ထားကြောင်းသတင်းရရှိပါသည်။
ယနေ့နေ့လည် ၃ နာရီတွင် မောင်းတောမြို့ဈေးတွင် ဆိုင်တစ်ဆိုင်ဖြင့်ရိုးသားစွာ အသက်မွေး ၀မ်းကျောင်း ပြုနေသော အဇီဇုလ်ဟောခ်(ဘ)အဘူစယက်ကိုနစကများ၏တပ်စခန်းတစ်ခုဖြစ်သော ဖြူကြီး စခန်းတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။ အဇီဇုလ်ဟောခ်သည် တရားဝင်နယ်စပ်နိုင်ငံကူး လက်မှတ် ကိုင် ဆောင်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားနေသည့်အချိန်တွင်အမည်မည်းစာရင်း တွင်ပါ ၀င်သည် ဟူ၍စွပ် စွဲပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အမှန်တကယ် အစိုးရမှထုတ်ပြန် ထားသည့် စာရင်းအရ အဇီဇုလ်ဟောခ် သည် အမည်မည်းစာရင်းတွင်ပါဝင်သူမဟုတ်ပါ။ သို့သော်လည်း ရဲစခန်းသို့ လွှဲပြောင်းပေး လိုက်ပြီ အခြားသော ရိုဟင်ဂျာများဖမ်းဆီးနှိပ်စက်ခံရသကဲ့သို့ အပြစ်မဲ့နှိပ်စက်ခံ ရမည်ဖြစ် သည်။
ယခုအခါမောင်းတောမြို့အာဏာပိုင်များသည် ရိုဟင်ဂျာများ၏လူဦးရေလျော့နည်းရေးအတွက် နည်းလမ်း မျိုးစုံဖြင့်ကြိုးပမ်းလျက်ရှိပါသည်။ လွန်ခဲ့သည့်ခြောက်လခန့်မှစ၍ ရိုဟင်ဂျာလူမျိုးများ အား သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ စီးပွားရေးလုပ်ငန်းများပိတ်ပင်တားဆီးခြင်း၊ အစားအသောက်၊ ဆေးဝါး များဝယ်ယူခွင့်ပိတ် ပင်ခြင်းနှင့်အမျိုးသမီးများ အားမုဒိန်းကျင့်ခြင်းများဆက် တိုက်ဖြစ်ပေါ်လျက်ရှိသည်။
မောင်းတောမြို့အာဏာပိုင်များမှ ဖိနှိပ်ညှင်းပန်းနှိပ်စက်ခြင်းကိုရှောင်ရန်နည်းလမ်းတစ်လမ်းထုတ်ပြန်ကြေ ညာပေးခဲ့သည်။ ထိုနည်းလမ်းမှာနိုင်ငံအတွင်းမှထွက်ပြေးတိမ်းရှောင်သွားရန်ဖြစ်သည်။ ထို့ကြောင့် အာဏာပိုင် (အထူးသဖြင့် နစက) များမှ မောင်းတောမြို့အလယ်သံကျော်ရွာရှိ ပင်လယ်ကမ်းခြေမှတဆင့် လာဘ်ငွေယူ၍ ထွက်ခွာခွင့်ပေးနေကြောင်းသတင်းရရှိပါသည်။
မြောက်ဦးမြို့။ ။ နိုဝင်ဘာ (၃၀) ရက်နေ့ ညနေ ၆ နာရီခွဲတွင် မြောက်ဦးမြို့ရီဒါကျေးရွာမှ ရိုဟင်ဂျာသုံးဦး – ဟာဖီဇ်အဲမ်ဂျာသ်ဟူးစိန် (အသက် ၂၂ နှစ်)၊ ဆုန်ဒူလာမူခ်တာရ်ဟူးစိန် (အသက် ၅၅ နှစ်) နှင့် မိုဟာမတ် ဟာကီးမ် (အသက် ၆၀ နှစ်) တို့ကွမ်းယာဝယ်ရန်ကွမ်းယာဆိုင်သို့သွားခဲ့သည်။ ထိုကွမ်းယာဆိုင်သို့ ရခိုင်ရွာမှအုပ်ချုပ်ရေးမှူးဦးမောင်သန်းနှင့်အတူ စစ်တပ်မှအရာရှိလေးဦးလည်းရောက်ရှိလာခဲ့ပြီး ဟာဖီဇ် အဲမ်ဂျာသ်ဟူးစိန်အား မော်လ၀ီဟုတ်/မဟုတ်မေးရာ ဟာဖီဇ်မှဟုတ်သည့်အကြောင်းပြန်ဖြေခဲ့သည်။ ထိုသို့ ပြန်ဖြေပြီးနောက် အကြောင်းပြချက်တစ်စုံတစ်ရာမပြဘဲ သေလုမျောပါးအထိ ထိုစစ်အရာ ရှိများမှ ရိုက်နှက် ခဲ့ကြောင်းသတင်းရရှိပါသည်။

Leave a comment