စစ်တွေမြို့တွင် မွတ်စလင်များအတွက် စားနပ်ရိက္ခာမရောင်းရန်တားမြစ်

စစ်တွေမြို့တွင် မွတ်စလင်များအတွက် စားနပ်ရိက္ခာမရောင်းရန်တားမြစ်

မွတ်စလင်များကိုကူညီ၍ အပြစ်ပေးခံရသောရခိုင်အမျိုးသား (ဓါတ်ပုံ – Facebook)

အောင်အောင်
RB News
ဒီဇင်ဘာ (၅) ၂၀၁၂

စစ်တွေ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်းမှစ၍ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးနောက်ပိုင်းမှ စ၍ စစ်တွေမြို့တွင်နေထိုင်သော အစ္စလာမ်ဘာသာဝင်အများစုမှာ အိုးမဲ့အိမ် မဲ့ ဖြစ်ပွား သွားပြီး၊ ဒုက္ခသည် စခန်းများနှင့် လမ်းဘေး၊ လယ်ကွင်းများတွင်အဆင်ပြေသလိုတဲထိုး၍နေကြရသည်။ အိုးအိမ်များ ကျန်နေ သောသူများလည်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍မရ၊ ဈေးသို့သွားဝယ်၍မရဘဲ၊ အခက်အ ခဲပေါင်း များစွာ နှင့်ရင်ဆိုင်နေရပါသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှထောက်ပံ့လျက်ရှိသော်လည်း ဆန်နှင့်ပဲများသာရပြီး၊ ထိုဆန်နှင့်ပဲများ ကို လုံ လောက်စွာ ရရှိခြင်းမရှိပါ။ အခြားသောအထောက် အပံ့များပေးအပ် ရန် နိုင်ငံတကာမှ အစိုးရ မ ဟုတ်သော အဖွဲ့အစည်းများ (NGO) ကကမ်းလှမ်းသော် လည်း ပြည်နယ် အစိုးရကခွင့်ပြုချက် မပေးကြောင်း NGO များနှင့်နီးစပ်သော အသိုင်းအ၀ိုင်း များမှသတင်းရရှိပါသည်။
စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင်များမှာလည်းစားဝတ်နေရေး အခက် အခဲပေါင်းစုံကြုံတွေ့လျက်ရှိသည်။ ရခိုင်အမျိုးသား ၅ ဦးမှ အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်စလင်များ ၏အခက်အခဲကို နားလည်၍ ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်များရောင်းချရန် ယနေ့အောင်မင်္ဂလာရပ်ကွက် သို့လာရောက်ကြသည်။ သို့သော်လည်း မကြာမှီနယ်မြေခံရဲများရောက်လာ၍ ကျိန်းမောင်းပြီးရောင်းချခွင့် မရှိဟုပြော၍ ထိုရခိုင်အမျိုးသား ၅ ဦးအားနှင်ထုတ်ခဲ့သည်။
ရိုဟင်ဂျာနှင့်ကမန်မွတ်စလင်များ အပေါ် ရခိုင်အစွန်းရောက်များကအကြမ်းဖက်တိုက်ခိုက်ခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်း မိသားစုသဖွယ်အတူယှဉ်တွဲလာသည့်မိသားစုများစွာရှိပါသည်။ အကြမ်း ဖက်မှုဖြစ် ပွားစဉ် ကာလအတွင်း မွတ်စလင်မိသားစုများကို ဈေးရောင်းချသူများ၊ ကူ ညီစောင့်ရှောက် သောရခိုင်အမျိုးသားများကို ရခိုင်အစွန်းရောက်များကဖမ်းဆီး၍ အပြစ်ပေါင်း စုံပေးခဲ့ သည်။ ထိုသို့အပြစ်ပေးရာတွင် မိန်းမများဝတ်ဆင်သောထမီကိုခေါင်းပေါ်တင်၍ပင်အပြစ်ပေးခဲ့သည့် ဓါတ်ပုံများ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လျက်ရှိသည်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s