ဖြည့်စွက် – ကြားဖြတ်သတင်း – မောင်းတောမြို့ရှိဈေးကို နစကမှမီးရှို့

ဖြည့်စွက် – ကြားဖြတ်သတင်း – မောင်းတောမြို့ရှိဈေးကို နစကမှမီးရှို့

M.S. Anwar
RB News
ဒီဇင်ဘာ (၅) ၂၀၁၂ – ၁၈း၀၅ GMT

မောင်းတော။ ။ ယနေ့ည ၈ နာရီခွဲတွင် နယ်စပ်ဒေသကွပ်ကဲရေး (နစက) နယ်မြေ ၇ – စခန်းအမှတ် (၁၅) မှတပ်ဖွဲ့ဝင်များသည် ဘဂူနားကျေးရွာမှ အပြစ်မဲ့ရိုဟင်ဂျာနှစ်ဦးကိုဖမ်းဆီးပြီး၊ ရိုဟင်ဂျာလူမျိုးများ၏ ဆိုင်ပေါင်း ၄၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ရာ သိန်း ၆၀၀ ကျော်ဆုံးရှုံးသွားကြောင်းသတင်းရရှိပါသည်။နစကအကြီးတန်းအရာရှိမှ နစကတပ်ဖွဲ့ဝင်များကို ရွာအထဲရှိ ရိုဟင်ဂျာများကို မဖမ်းဆီးရန် မှာကြား ထား သော် လည်း အထက်အရာရှိအမိန့်ကိုဖီဆန်၍ ဗလီမှထွက်လာသော ရိုဟင်ဂျာနှစ်ဦးဖမ်း ဆီးခဲ့ခြင်း ဖြစ် သည်။ ဖမ်းဆီးခံရသူများမှာ –

(၁) ဖီရ်မိုဟာမတ် (ဘ) မိုဟာမတ်ယူနုစ် (အသက် ၃၃ နှစ်)
(၂) မော်လ၀ီမိုဟာမတ်နရီးမ် (ဘ) အမည်မသိ (အသက် ၅၀ နှစ်) – တို့ဖြစ်သည်။

ိထိုဖမ်းဆီးခံရသူများကို နစကတပ်ဖွဲ့ဝင်များမှ ရိုက်နှက်၍ညှင်းပန်းနှိပ်စက်ရာ အဖမ်းခံရသူများမှ မခံနိုင်၍ ရွာသားများကို အကူအညီတောင်းခံခဲ့သည်။ ထိုအခါရွာသားများမှ ထိုအဖမ်းခံရသူများကိုကယ် ဆယ်ရန် ကြိုးစားခဲ့ကြသည်။ ထို့နောက် နစကတပ်ဖွဲ့ဝင်များမှပစ်ခတ်ခဲ့ကြောင်းသိရသည်။

အထက်အမိန့်ကိုဖီဆန်သော နစကတပ်ဖွဲ့ဝင်များမှ အမိန့်ဖီဆန်သည့်အကြောင်းရင်းကို ဖျောက်ပစ်ရန် နှင့် အထက်အရာရှိပေး မည့်အပြစ်ဒဏ်ကိုရှောင်ရှားရန် ရိုဟင်ဂျာများပိုင်ဆိုင်သော ဆိုင်များကိုမီးရှို့ ခြင်းဖြစ် သည်။ ယခု အခါ စစ်တပ်နှင့်နစကမှအကြီးအကဲများရောက်ရှိလာ၍ အခင်းဖြစ်ပွားရာနေရာကိုကြည့်ရှူ လျက်ရှိကြောင်း သိရသည်။

အနီးရှိရွာမှ ရိုဟင်ဂျာလူကြီးတစ်ဦးက – ကျွန်တော်တို့အခုကြောက်နေရတယ်။ ကျွန်တော်တို့အတွက် မကောင်းတာတွေဘဲဖြစ်လာမယ်။ ကျွန်တော်တို့ကိုဖမ်းမယ်။ နှိပ်စက်မယ်။ သတ်တောင်သတ်ပစ်နိုင် တယ်။ ကျွန်တော်တို့ ဘာမှမလုပ်ပေမယ့် ကျွန်တော်တို့လုပ်တယ်ဆိုတဲ့ပုံစံမျိုးစွပ်စွဲမယ် – ဟုပြောသည်။
******************************************************

မင်းခန့်
RB News
ဒီဇင်ဘာ (၅) ၂၀၁၂ – ၁၇း၁၀ GMT

မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့၊ မကြီးချောင်းရှိ နယ်စပ်ဒေသကွပ်ကဲရေး (နစက) တပ်ဖွဲ့ များမှ မောင်းတောမြို့ ဘဂူနားကျေးရွာရှိ ဈေးကြီးကို ယနေ့ည ၉ နာရီခန့်တွင် မီးရှို့ဖျက် ဆီး လိုက် ကြောင်း သတင်းရရှိပါသည်။

အဆိုပါဈေးတွင်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ယခုအချိန်ထိမီးလောင်လျက်ရှိသည်။ မီးလောင် ဆုံးရှုံး သွား သော တန်ဖိုးနှင့်အခြားသောအသေးစိတ်အချက်အလက်များကို စုံစမ်းလျက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s