တပ်စစ်သည်တစ်ဦး အရွယ် မရောက် သေးသူ မိန်းကလေးအား ခိုးယူမှုဖြစ်ပွား

တပ်စစ်သည်တစ်ဦး အရွယ် မရောက် သေးသူ မိန်းကလေးအား ခိုးယူမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် အရွယ် မရောက်သေးသူ မိန်းကလေးငယ် တစ်ဦးအား လေကြောင်းရန်ကာကွယ် ရေးတပ်မှ တပ်သား တစ်ဦးက ဖျားယောင်း သွေးဆောင် ခိုးယူမှု တစ်ခု နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တွံတေးမြို့နယ် အလံအုပ် ကျေး ရွာနေ   ဒေါ်ဝင်းဝင်းရွှေ ၃၈နှစ်၊ (တောင်ယာ လုပ်ကိုင်) နေ အိမ်၌ရှိနေစဉ် သမီးဖြစ်သူ မအေးအေးသန်း ၁၅ နှစ်သည် ရွာထဲရှိ အဖွားဖြစ်သူ ဒေါ်နန္ဒာသိင်္ဂီ၏ ကျောင်းသို့ အဖော်အိပ်ရန် ထွက်ခွာသွား ပြီး နာရီ ဝက်ခန့်အကြာ သီလရှင် ကျောင်းသို့ ဒေါ်ဝင်းဝင်းရွှေ လိုက်သွားစဉ် သမီး မအေးအေးသန်းအား မတွေ့ရှိ၍ အဆိုပါ သီလရှင်ကျောင်း တွင် နေထိုင် သော သားဖြစ်သူ မောင်သူရအောင် ၁၂ နှစ်၊ မောင်သက်လွင် ၉ နှစ်တို့အား မေး မြန်းရာ တစ်ရွာတည်းနေ မစိုးစိုးဝေလင်း တို့နှင့်အတူ ရွာဘက်သို့ ထွက်သွား ကြောင်း သိရှိခဲ့ရသည်။

ထို့နောက် လိုက်လံရှာဖွေ စုံစမ်းရာ အလံအုပ်ကျေးရွာရှိ အမှတ် (၃၀၁၉) လေကြောင်းရန်ကာကွယ်ရေးတပ် အလံအုပ်ကျေးရွာ၊ တွံတေးမြို့နယ်နေသူ တပ်သားကျော်စွာဝင်း(စုံစမ်းဆဲ)မှ ခိုးယူ ထွက်ပြေးသွားကြောင်း အဆိုပါတပ်မှ တပ်သားနိုင်လင်းဦး၏ ပြောပြ ချက်အရ သိရှိရသဖြင့် အရွယ်မရောက်သေးသော သမီးဖြစ်သူအား ဖျားယောင်းသွေး ဆောင်ခိုး ယူသူဟု သံသယရှိသူ တပ်သား ကျော်စွာဝင်းအပေါ် အရေးယူပေးရန် ဒေါ်ဝင်းဝင်းရွှေက တရားလိုပြုလုပ်တိုင် တန်းခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တွံတေး ရဲစခန်း (ပ) ၆၆၉/၁၂၊ပုဒ်မ-၃၆၃ ဖြင့် နိုဝင်ဘာ ၂၇ရက်နေ့တွင် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ် အောင်နိုင်ဦးက ပြစ်မှု ကျူးလွန်သူသံသယရှိသူအား ဖမ်းဆီးရ ရေး စုံစမ်းလျက်ရှိသည့်အပြင်၊ အမှတ် (၃၀၁၉) လေကြောင်း အရန်ကာကွယ် ရေးတပ်မှ တပ်ရေးဗိုလ်ကြီး သိန်းထိုက်စိုး ထံ အကြောင်းကြားထားကြောင်း သိရ သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s