တတ် တင် ထိမ်း ထား မှ ရမယ် ဗျုဟာအရ ငြိမ်ချမ်း ရေး အလံ လဲကျခံလို မရဘူး ။

တတ် တင် ထိမ်း ထား မှ ရမယ် ဗျုဟာအရ ငြိမ်ချမ်း ရေး အလံ လဲကျခံလို မရဘူး ။

တာလီဘမ်းဗိုလ်ချုပ်မှူးကြီး သန်းရွှေ ။ သံဃာတော်တွေ မီးလောင်တိုက် သွင်း တာ ။ဒင်တို့  မိသားစု လဲ လာမဲ့ဘေး ပြေး တယ်မယ် မှတ်ထား ။

အေသင် ၈၈မျိုးဆက်
အမေရိကန်

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိ
သံဃာများ ဆန္ဒပြမည်
Tuesday, 11 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြ

မ်းဖက်ဖြိုခွင်း
ခဲ့ရာတွင် ဒဏ်ရာရသံဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံ
တစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင်
မြန်မာနိုင်ငံရှိသံဃာများဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေး
ပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

“ဦးဇင်းတို့တောင်းဆိုထားတဲ့အချက်(၃)ချက်ရှိတယ်၊ဒဏ်ရာရသံဃာတွေကို
ဝန်ချတောင်းပန်ဖို့ ၊ ပစ်မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြ
ရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန်လွှတ်ပေးဖို့ အဲ့ဒါတွေကိုသတ်မှတ်
ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာဆိုပြီးကြို
ပြောထားပါတယ်” ဟု ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမ
က မိန့်ကြားသည်။

သံဃာများ ဆန္ဒပြတောင်းဆိုရာတွင်သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်
မတောင်းဘဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူး
အဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေးအခြေစိုက် ဘ၀အလင်းဆေးခန်းမှ
ဦးသောပိတက မိန့်သည်။

နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီး
အဆိုပါကော်မတီကို အားကိုး၍ မရနိုင်ကြောင်း ဦးသောပိတကဆက်လက်
မိန့်ကြားခဲ့သည်။

“စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါပေမဲ့ သူကစုံစမ်းလို့ပဲ
ရနိုင်တယ် ဖမ်းဆီးထားတာက ကော်မရှင်နဲ့မဆိုင် ဘူးလေအဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံနဲ့ပြန်လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊
အဲ့ဒါတွေကြောင့် ဆန္ဒပြမှာပါ” ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။

ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်
များမှ သံဃာများအားလုံးဆန္ဒပြတောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိ
ရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရှိရသည်။

ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်
ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံဝင်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။

“တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ်” ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က
ပြောသည်။

နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး
နှင့်သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခဲ့သူများကို အရေးယူပေးရေးအတွက်
ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ
ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှလွှတ်ပေးခြင်း
မရှိသေးကြောင်း သိရှိရသည်။

Myit Makha Mediagroup

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s