သွေးဖြင့်ဆုံးဖြတ်သည် ဆိုသည့် ၈၂ နိုင်ငံသားဥပဒေသည် ဖက်ဆစ်နာဇီ ဥပဒေမျိုးလော ?

သွေးဖြင့်ဆုံးဖြတ်သည် ဆိုသည့် ၈၂ နိုင်ငံသားဥပဒေသည် ဖက်ဆစ်နာဇီ ဥပဒေမျိုးလော ?

ဦးဦးမှော်ဆရာ

ဒီဇင်ဘာ (၁၄) ၂၀၁၂

မြန်မာသံတော်ဆင့်စာမျက်နှာမှ
သွေးနဲ့စပ်ပြီးတော့ နိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်တယ်ဆိုတာကို မိတ်ဆွေတို့ ဘယ်လိုနား လည်ကြ သလဲဗျို့.. မြန်မာနိုင်ငံဟာ သွေးနဲ့ ဆုံးဖြတ်တဲ့နိုင်ငံဖြစ်တယ်လို့ ဦးခင်ရီက ပြောလိုက်ပါပြီ ။ ဒီလိုဆုံးဖြတ် တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ် တဲ့။ လုပ်ချလိုက်ပြန်ပြီ ၀န်ကြီးရာ ။ အခန့်မ သင့် ရင် ကျနော် မှော်ဆရာလည်း ယိုးဒယားလူမျိုးအဖြစ် ကျမ်းကျိန် စရာမလိုဘဲ လူမျိုးပြောင်း ခံရပြီး မောင်း ထုတ်နေမှဖြင့ှ် ဒုက္ခ.. ကျနော်သိ သလောက် နိုင်ငံအများစုမှာ နိုင်ငံသားအဖြစ် စဉ်းစားတဲ့ အခါ ထိုပုဂ္ဂိုလ်မွေးဖွားရာ နိုင်ငံ (jus Soli) ဒါမှမဟုတ် ထိုပုဂ္ဂိုလ်မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား ဖြစ်မှု (jus sanguinis) ဥပဒေတွေအပြင်၊ မျိုးဆက်နဲ့ စဉ်းစားတာတွေလည်း ရှိပါတယ်။ ဦးခင်ရီပြောသလိုသာဆိုရင် ဘယ်သူနဲ့မှသွေးမနှောဘဲ လူမျိုးတစ်စုထဲ သီးသန့်ကြီး ရှိနေသလားဆိုတာ သိရအောင် ၀န်ကြီးမင်းကိုပဲ အရင်ဆုံး စစ်ဆေးကြည့်သင့် တယ်။ တမျိုးတော့ မထင်လိုက်ပါနဲ့။ တိုင်းပြည်အကျိုးအတွက် မို့ပါ .. ၀န်ကြီး မင်းရဲ့ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ရင် အသားရောင်က Indian နဲ့ ပိုနီးစပ်ပေမဲ့၊ မျက်လုံးကတော့ Chinese.. အဲ စိတ်ဓါတ် ကတော့ မြန်မာ မှ မြန်မာ ပဲ။ ဒီတော့ သေချာအောင် ၀န်ကြီးမင်းက စ ပြီး မျိုးဆက်သွေးကိုစစ်ကြည့်တာ ပိုကောင်းလိမ့်မယ်။
တော်ကြာ ၁၉၇၈ ခုနှစ်က ရိုဟင်ဂျာတွေကို ကမ္ဘာကျော်သွားအောင် လုပ်ပေးခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကို အစအဆုံးအဓိကဦးစီးပြီး မွတ်ဆလင်တွေကိုနှိပ်ကွပ်မောင်းနှင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကောင်စီဥက္ကဌဟောင်း ဗိုလ်မှုး ကျော်မောင် လို ဖြစ်နေပါဦးမယ်။ ဗိုလ်မှုးကျော်မောင် နဲ့ သူ့မိန်းမ နှစ်ယောက်လုံးက တကယ့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားတွေ.. ၊ ၁၉၉၀ ရွေကောက်ပွဲမှာကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ နိုင်ငံသားအစစ်ဆေး ခံတဲ့ အခါကျမှ ဘင်္ဂါလီရခိုင်စစ်စစ်ကြီး ဖြစ်တယ်ဆိုတာပေါ်သွားလို့ ၀င်ပြိုင်ခွင့် မရခဲ့ဘူးလေ..။
ကျနော်တို့ ပြည်သူတွေဆိုတာ ၀န်ကြီးမင်းလို ဒီကိစ္စနဲ့ပက်သက်ပြီး professional မဟုတ်တော့ က မ္ဘာပေါ်မှာ အဲဒီလို သွေးနဲ့နိုင်ငံသားဖြစ် မဖြစ်ဆုံးဖြတ်တဲ့ နိုင်ငံ တကယ်ရှိလား ၊ မရှိဘူးလား ဆိုတာ မသိ ဘူးပေါ့.. ဒါပေမဲ့ သေချာသိတာတစ်ခုတော့ ရှိတယ်ဗျ ။ နာဇီပါတီအာဏာရလာပြီးနောက် ဂျူးလူ မျိုးတွေ ကို ခွဲခြားနှိပ်ကွပ် ဆက်ဆံဖို့အတွက်ရည်ရွယ်ပြီး ခုဝန်ကြီးမင်းပြော သလိုပဲ သွေးနဲ့ နိုင်ငံ သားဖြစ် မဖြစ် ဆုံးဖြတ် တဲ့လို့ ဥပဒေအသစ် ထုတ်ခဲ့ပါတယ်ဗျ ။ ကျနော်တို့ နိုင်ငံသား ဥပဒေက နာဇီဥပဒေနဲ့ တူနေ တာ ဂုဏ်ယူ စရာပဲနော် ၀န်ကြီး .. ။ အဲဒီဥပဒေ ထွက်လာပြီး ယခင်ထဲကရှိနေတဲ့ ဂျူးတွေဟာ ဒုတိယ တန်း စားနိုင်ငံသားတွေ ဖြစ်သွားပြီး တဖြေးဖြေး နဲ့ အစိုးရ၀န်ထမ်း ဖြစ်ခွင့်တွေ ၊ ပညာသင်ကြားခွင့်တွေ ပိတ်ပင် ခံလာရပါတယ်။ နောက်ဆုံး စစ်ကြီး ဖြစ် လာ တော့ အခွင့်ကောင်းယူပြီး ရက်စက်စွာ genocide လုပ်တာပါ ခံခဲ့ရပါတော့တယ်။ ဒါတွေလဲ ၀န်ကြီးမင်း သိပြီးသားတွေပါ။

Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982

နောက်ပြီးဟင်္သာစီမံချက်တွေ၊နဂါးမင်းစစ်ဆင်ရေးတွေအကြောင်းထည့်ပြောသွားတော့အဲဒီတုန်းက နိုင်ငံခြား သားဘင်္ဂါလီတွေများ ရောပြီးဝင်ရောက်လာသေးလားလို့ကျနော်လည်းမဆီမဆိုင်စိုးရိမ်စွာနဲ့ ပြန်လေ့လာကြည့် မိပါတယ်။ အဲဒီတော့မှ ၀န်ကြီးမင်းတို့က ကျနော်တို့ရဲ့ယုံကြည်မှုကိုအခွင့်ကောင်းယူပြီးလိမ်ညာရက်တယ်လို့ ၀မ်းနည်းပက်လက် ဖြစ်သွားရပါတော့တယ်..။ကြည့်ပါဦး။အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ ဒဏ်ကြောင့်ဘင်္ဂ လားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့သူတွေကို ပြန်လက်ခံတဲ့အခါမှာရိုဟင်ဂျာလူမျိုးများအဖြစ်လက်ခံခဲ့တာတဲ့။ ဒါနဲ့များ အဲဒီနာမည်နဲ့ လူမျိုးတခါမှမရှိပါဘူး၊ဒီကလူတွေမဟုတ်ပါဘူးနဲ့ခု တမျိုး တော်ကြာ တမျိုးနဲ့အရူးချီး ပန်းလျောက်ပြောရင်းလူထုကိုအိပ်မက်တွေပေးပြီးအပျော်ကြံခဲ့တာပေါ့ လို့ သဘောပေါက် လိုက်ပါတယ် ခင် ဗျာ ..။
(ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ဟင်္သာစီမံချက်ဖြင့် ပြန်လက်ခံခဲ့သော သက်သေခံစာ)
ကဲဗျာ .. အချိန်မရှိသေးလို့လောလောဆယ် ဒီလောက်ပဲ။ ဆက်လာပါဦးမယ် ။ stateless ဆိုတာ ဘာလဲ။ ဘယ်လိုကြောင့် stateless persons တွေ ဖြစ်လာတာလဲ ။ Rohingya ဟာ ဘယ်လို stateless မျိုးလဲ။ UNHCR မဟာမင်းကြီးက ဦးသိန်းစိန်ရဲ့စကားကိုဘာကြောင့်ပယ်ချခဲ့တာလဲ။ တွေးစရာတွေသိချင်စရာ တွေ အများကြီး .. အဲဒါတွေကိုသိထားမှ လက်တွေ့ကျတဲ့အဖြေကို အကောင်းဆုံး ပံ့ပိုးနိုင် လိမ့်မယ်လို့ ယုံကြည် တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s