‘၀’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကား အရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့ အနေအထားမှာ မရှိ …

 ငရဲ သား‘s photo.

‘၀’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ ‘၀’ဒေသကို သြဇက်တီး ရှားဒေသလို့ နှိုင်းယှဉ်ရင် ‘၀’ပြည်နယ်တောင်းမှုဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြု ပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရာယ်ကြီးတယ် ဆိုတာကိုတော့ သတိပြုရပါမယ်။

အိုဘားမားပြန်သွားပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ တောက်လျှောက် ပေါ်လာပါတယ်။ ခရိုနီစီးပွားရေးတွေ ကို ဆက်လုပ်လိုတဲ့ လက္ခဏာတွေ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးတွေကို နောက်ပြန်သွားစေတဲ့ လက္ခဏာတွေ၊ ဆန္ဒပြမှုတွေ ကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊အစိုးရ

အနေ နဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ပတ် သက်ပြီး နောက်ပြန်သွားမယ့်အသုံး အနှုန်းဖော်ပြချက်တွေတွေ့လာရတယ်။ Hard Liners တွေ အစိုးရအဖွဲ့အနား ရောက်လာတယ် ထင်ပါတယ်။ အဆိုးဆုံးကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။‘၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်းနဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်း အထိရှိပါတယ်။ ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ တရုတ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရုပ်မြင် သံကြားဌာနတစ်ခုလည်း ရှိပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ ခဲမဖြူတူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲ လုပ်ကိုင်ပါတယ်။ ဆိုလိုတာက ‘၀’ ဒေသဟာ State Within the State ပါ။ ‘၀’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ ‘၀’ဒေသကို သြဇက်တီးရှားဒေသလို့ နှိုင်းယှဉ်ရင် ‘၀’ပြည် နယ်တောင်း မှုဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရာယ်ကြီးတယ် ဆိုတာကိုတော့ သတိပြုရပါမယ်။
——————————-
လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တောင် ကုတ်ကော် မရှင်၊ ရခိုင်ကော်မရှင်တွေဆီက ဘာသံမှမကြားရတော့ ဒီတစ်ခါ ကော်မရှင်အနေနဲ့ ဆင်ခြေရာရှာတာ မျိုးထက် ပိုအလုပ်လုပ်ဖို့တော့ လိုပါတယ်။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဒါဟာ ဒုတိယမြစ်ဆုံလိုမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ ပွင့်လင်းမြင်သာရမယ်။ နိုင်ငံနဲ့ ဒေသ အတွက် အကျိုးရှိရမယ်။ ဒေသခံ ပြည်သူတွေ မနစ်နာစေရပါဘူး။ ဒီစီမံကိန်းဟာ ယခင်သတ္တုတွင်းဝန်ကြီးဌာန နဲ့ အိုင်ဗင်ဟိုတို့ရဲ့လုပ်ငန်းကို ဦးပိုင်နဲ့ ၀မ်ပေါင် ကုမ္ပဏီက ၀ယ်ယူခဲ့တာဖြစ်ပြီး ဦးပိုင်က သတ္တုတွင်းဆီက ဒေါ်လာသန်း ၁၀၀ နဲ့ဝယ်ယူပြီး ဒီငွေကို ၀မ်ပေါင် က ပေးချေခဲ့တာလို့ သိရပါတယ်။ ကြားထဲမှာ ထူးထရေးဒင်းက ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့သိရပြီး တရုတ်သံ အမတ်ကြီး ကတော့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကြားပွဲခတွေမရှိဘူး။ Commission မရှိဘူးလို့ ငြင်းဆိုသွား ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ရဲ့တာဝန်ဖြစ်သွားပါပြီ။ဒီရင်းနှီးမြှုပ်နှံမှု ၉၉၇ သန်းမှာ မတည်ရင်းနှီးငွေက ၁၀ သန်းပဲ ဖြစ်ပြီး ၉၈၇ သန်းက   ချေးငွေဖြစ်နေ တာ ကလည်း စဉ်းစားစရာပါ။ မြစ်ဆုံစီမံကိန်းလိုနှစ် ၃၀ ကျော်မှ နိုင်ငံကအကျိုးအမြတ်(သို့) အခွန်ရမယ့်ပုံမျိုးလား ကော်မရှင်က စုံစမ်းထုတ်ပြန်ရမှာပါ။ နားလည်သလောက်တော့ နိုင်ငံအနေ နဲ့ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းပဲရ မှာ ဖြစ်ပြီး ကျန်တာက အမြတ်ရမှ ခွဲယူရမှာလို့ နားလည်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့ Basic Mine Design မှာ စက်ပစ္စည်း အရန်တန်ဖိုး က ဒေါ်လာ ၃၆ ဘီလျံတောင် ရှိတဲ့အတွက် အမြတ်သာမရရင် နိုင်ငံရောဦးပိုင်ပါ ငါးပါး မှောက် မယ့်ကိန်းပါ။   ဒေသခံပြည်သူတွေ နစ်နာတယ်။ နိုင်ငံလည်း အကျိုးမရဘူး။ နောက်ဆုံးဦးပိုင်က တပ်မတော်သား ပင်စင်စားတွေ၊ ဒုက္ခရောက်တဲ့သူတွေတောင် အကျိုးရှိရဲ့လား။ ဒီစီမံကိန်းဟာ ဘယ်သူပဲ အကျိုးရှိမှာလဲ။ အစိုးရရော ဦးပိုင်ပါ   သေသေချာချာ စုံစမ်းစိစစ်ကြပါဦး။ သတင်းထုတ်ပြန်ကြပါဦး။ ခုထက်ထိလည်း အကျိုးအမြတ် မရ၊ ဒေသခံတွေလည်း ညှဉ်းဆဲဒုက္ခရောက်၊ သံဃာတော်တွေလည်း အကြမ်းဖက်ခံရ၊ နာမည်ကောင်း နေတဲ့ သမ္မတကြီးရဲ့ပြည်တွင်းနဲ့ နိုင်ငံ တကာ   ယုံကြည်မှုတွေလည်းထိခိုက်၊ အထွေထွေသပိတ်သံတွေ၊ မကျေနပ်မှုတွေကြောင့် တည်ငြိမ်မှုလည်းပျက်ပြား၊ ဘယ်သူတွေက ဒီလိုလုပ်ခဲ့သလဲ၊ ဒီလို လုပ်ဖို့ သူတို့ရဲ့ Proxy တွေ၊ လက်ဝေခံခရိုနီတွေ၊ သူတို့မွေးထားတဲ့ ပဉ္စမံ တပ်သား သူလျှိုတွေကပဲ လုပ်ခဲ့တာလား၊ မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။

တကယ်တော့ ဒီစီမံကိန်းကို ရပ်ဆိုင်းမယ့် လှုံ့ဆော်မှုတွေ ရှိနေသည့်တိုင် အေးအေး ချမ်းချမ်း ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မကျင့်သုံးနိုင်တာ၊ မကျင့်သုံးတတ်တာ ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် အတွေ့အကြုံ၊ အလေ့အကျင့်မရှိတာက ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်အာဏာရှင် စနစ်ဟောင်းကို ဆက်ခံခဲ့ရတဲ့ စိတ်နေစိတ်ထားများက ပြဿနာဖြစ်ပါတယ်

————————————————
(ဒေါက်တာသန်းထွဋ်အောင်) ….ပြောပြချင်ပါတယ်.. (၉)
http://www.weeklyeleven.com/index.php?option=com_content&view=article&id=16713%3A2012-12-09-03-29-03&catid=78%3A2009-11-13-06-25-17&Itemid=135

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s