ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ နိုင်ငံသားဖြစ်ရေး

by Myanmartandawsint Newspaper on Thursday, December 13, 2012

ဘူးသီးတောင်အမတ် အမေး –

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အဖြေ –

ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည် နယ် အရေး သတင်းစာရှင်းလင်းပွဲ၌ ဘူးသီးတောင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ် တော်ကိုယ် စား လှယ် ဦးရွှေမောင်မေးမြန်းသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ နိုင်ငံသား ဖြစ်ခွင့် ကိစ္စ အပေါ် မေးမြန်းချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီ ၏ နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်သည့် ရှင်းလင်းပြောကြားချက် များမှာ ရခိုင်ပြည်နယ် အတွင်းအငြင်းပွားဖွယ်ဖြစ်နေသော ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်နေထိုင် သော ဘင်္ဂါလီလူမျိုးများ နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကိစ္စအပေါ် ရှင်းလင်းစွာ သိရှိနိုင်၍ ဖော်ပြ အပ်ပါသည်။

 

  • ဦးရွှေမောင်(ဘူးသီးတောင်မဲဆန္ဒနယ်၊

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

နံပါတ်တစ်အချက်က ၇၈ နဲ့ ၁၉၉၄ မှာ လူတစ်သိန်းရှစ်သောင်းကျော်ရယ်၊ နှစ်သိန်းငါးသောင်းရယ်၊ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်နဲ့ ပြန်လက်ခံခဲ့တယ်။ အဲဒီလက်ခံခဲ့တဲ့ဟာကို ကျွန်တော် တို့လွန် ခဲ့တဲ့ တစ်လကျော်လောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်လို့ ပြော တဲ့ ကျွန်တော်တို့ကြားတာပေါ့။ အမှန်တကယ်ဆိုတာကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက အတည်ပြု ရမှာပေါ့။ ဒီလိုမြန်မာနိုင်ငံသားအနေနဲ့ လက်ခံခဲ့တယ်လို့ ပြောတယ်။ အဲဒီလိုဆို ကျွန်တော်တို့ဆီမှာ အဲဒီလိုအုပ်စုတွေက နှစ်သိန်းခွဲအနည်းဆုံးပေါ့။ ဘာလို့ဆို ၇၈ က တစ်သိန်းရှစ်သောင်း ငါးထောင် ဟာလည်း ဒီနှစ်သိန်းခွဲထဲမှာ ပြန်ပါသွားတယ်ဆိုရင် အနည်းဆုံးနှစ်သိန်းခွဲရှိမှာပေါ့။ ဒီလူတွေက ဒီလိုလက်ခံထားတဲ့အတွက် ဒီအ ထောက်အထားတွေက အားလုံးကလည်း စိစစ်တယ်။ UMHC ကလည်း ကူညီခဲ့တယ်။ လ၀က၊ လစကတို့ကလည်း စစ်ဆေးခဲ့တဲ့အတွက် အဲဒီဟာနဲ့ ပတ်သက်လို့ ဘယ်လိုများရှိလဲပေါ့။

နောက်တစ်ခုက နိုင်ငံသားပြုခွင့်ပေးတယ်ဆိုတာက နိုင်ငံခြားသားကိုသာ ဥပဒေအရ အကျိုးသက် ရောက်မှုနဲ့ ကျွန်တော်အတိအကျသိချင်တာက ကျွန်တော်တို့ ရခိုင်ဒေသမှာရှိနေတဲ့ ရှစ်သိန်းခွဲ သော လူတွေသည် နိုင်ငံခြားသားဖြစ်မှသာ နိုင်ငံသားလုပ်လို့ရမယ်။ နိုင်ငံခြားသား မဖြစ်ဘဲ အခြားရှုထောင့်တစ်ခုခုဖြစ်နေလို့ ရှိရင် ဘယ်လိုလုပ်ပြီးတော့ အဘတို့အနေနဲ့ ဘယ်လိုကူညီဆောင် ရွက်ပေးမယ်ဆိုတာကို သိလိုပါတယ်။

 

  • ပြည်ထောင်စုဝန်ကြီးဦးခင်ရီ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

နံပါတ်တစ်က နိုင်ငံသားများ နှစ်မျိုးရှိပါတယ်။ မွေးရာပါနိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားပါ။ ဒီနှစ်နည်းမှာ ၁၈၈၇ ခုနှစ်ဥပဒေအရဆိုရင် ပုဒ်မ ၃၅ သည် မွေးရာပိုင်နိုင်ငံသားဖြစ်ပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုချက်က ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ် မှီတင်းနေထိုင်တဲ့ လူမျိုးကြီး ၈ စုနဲ့ ဆက်နွယ်တဲ့လူမျိုး ၁၀၁ ပါးပါ။

နောက်ပုဒ်မ ၅ ဆိုတာက သူတို့က မွေးတဲ့သူတွေ မွေးရာပါနိုင်ငံသား ဖြစ်ပါတယ်။ ကျန်တဲ့သူ တွေကတော့ ဥပဒေအရ အဆင့်ဆင့်သတ်မှတ်ချက်တွေနဲ့ ညီလို့ဖြစ်လာတဲ့နိုင်ငံသား။ ဥပဒေအရ နိုင်ငံသားပါ။

နောက်တစ်ချက်ပြောချင်တာက ခုနပြောတဲ့ ကျွန်တော်တို့ ပြန်လက်ခံတဲ့သူတွေဟာ မြန်မာနိုင်ငံ သား လို့ ပြောလို့မရပါဘူး။ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ ဥပဒေအရ ဒီနိုင်ငံထဲမှာ နေတဲ့သူကို မှတ်ပုံတင်ထားတဲ့သဘောပါ။

အဲဒီတော့ ဒီနေရာ ၁၉၈၂ ခုနှစ် ဥပဒေပေါ်တာလေးကို ကျွန်တော်နည်းနည်းလေးရှင်းပြပါ့မယ်။ ကျွန်တော်တို့ ၁၈၂၃ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်တယ်။ မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ် အင်္ဂလိပ်လက်အောက် ရောက်တယ်။ တစ်ဖက်မှာရှိတဲ့ တိုင်းတစ်ပါးသား ပုဂ္ဂိုလ်တွေက ဒီမြန်မာနိုင်ငံထဲကို အတိုင်းအဆမရှိ၊ အတားအဆီးမရှိ ၀င်ပြီးတော့ နေထိုင်တယ်။ အခြေချတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတယ်။  ၁၈၂၃ ကနေ ၁၉၄၈ ကြားဟာ ကျွန်တော် တို့က သူ့ကျွန်အဖြစ်နေခဲ့ရတဲ့ သဘောဖြစ် ပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရ တဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံမှာ တိုင်းတစ်ပါးသား တွေများတယ်။ အဲဒီတော့ခုနပြောတဲ့ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ရွေး ချယ်ရေးဥပဒေ နှစ်ခုပြဌာန်းတယ်။ အဲဒီ ဥပဒေကလည်း ကျွန်တော့် ၁၉၄၇ ခုနှစ် ဖွဲစည်းပုံ အခြေခံ ဥပဒေအပေါ်မှာ အခြေတည် ရတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် အားနည်းချက်တွေ အများကြီးရှိခဲ့ပါတယ်။ ဥပမာတစ်ခု ပြောရရင် ဗြိတိသျှအုပ်ချုပ်တဲ့ နေမ၀င်အင်ပါယာပေါ့။ မည်သည့်နေရာဖြစ်ဖြစ် နေမ၀င် အင်ပါယာမှာ နေခဲ့ဖူးတဲ့ သူဟာ မြန်မာနိုင်ငံမှာ ၈ နှစ်မျှလာရောက် နေထိုင်ဖူးရင် မြန်မာနိုင်ငံသားပေးရတယ်။ ဗြိတိသျှက နေမ၀င်အင်ပါယာဆိုတော့ နေရာအနှံ့ဖြစ်တဲ့သူတွေက မြန်မာနိုင်ငံမှာ ၈ နှစ်လောက်နေခဲ့ဖူးရင် မြန်မာနိုင်ငံသား ပေးရတယ်ဆိုတာက အဲဒီတုန်းက ဥပဒေမှာ ရှိခဲ့တယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ပြောချင်တာကတော့ ၁၈၂၃ ခုနှစ်ကနေပြီးတော့ လွတ်လပ်ရေး ရပြီးတဲ့ကာလအထိ ကျွန်တော်တို့က ကျကျနနစိစစ်နိုင်တဲ့ သဘောမရှိဘဲ တိုင်းတစ်ပါး ပုဂ္ဂိုလ်တွေ ကို လွယ်လွယ်ကူကူ နိုင်ငံသားဖြစ်ခွင့် ပေးရတဲ့ သဘောရှိတယ်။

အဲဒါကြောင့် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီတက်တဲ့အခါမှာ ဒီအခြေအနေပေါ်မှာခြုံငုံပြီးတော့ ၁၉၈၂ ခုနှစ်မှာ နိုင်ငံသားဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားနဲ့ပတ်သက်ပြီး ကဒ်ပြားတွေ ၆ မျိုးပေးပါတယ်။

တစ်က နိုင်ငံသားစီစစ်ရေးကဒ်၊ နှစ်က Associatetd citizenship card ၊ နောက်တစ်ခုက Naturalizet Citizenship Card ၊ နောက် NRC ပေါ့။ National Registration Card၊ နောက်ပြီး တော့ ဘယ်နိုင်ငံသားရယ်လို့ အတိအကျပြောလို့ မရတဲ့ သံသယရှိတဲ့လူတွေအတွက် လောလောဆယ် ဒီနိုင်ငံထဲမှာ နေထိုင်လို့ရအောင် ကျွန်တော်တို့က White Card ဆိုပြီးပေးပါတယ်။ ယာယီ အသိအမှတ်ပြု ကဒ်ပြားပေါ့။ ခုနပြောသလို ဘယ်နိုင်ငံသားရယ်လို့ အသိအမှတ်ပြုလို့ မရသေးဘူး။ အချက်အလက်တွေ လိုသေးတယ်ပေါ့။ ဒီလိုအချက်ရှိတဲ့သူ တွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆို ဗဟိုအဖွဲ့ကို လျှောက်ခွင့်ရှိတယ်။ အဲဒီလို လျှောက်လို့ ခုနကျွန်တော်ပြောတဲ့အချက်အလက်တွေ ညီတယ်ဆိုရင် Naturatized Citizenship ပြ နိုင်ငံသားပေးတယ်။ အလိုအလျောက် ကျွန်တော်တို့ဆီမှာ နိုင်ငံသား ဖြစ်သွားတယ်။ မျိုးဆက်သုံးဆက်မြောက်မှာ နိုင်ငံသား စီစစ်ရေးကဒ်ရတယ်။ ခုန ကျွန်တော် ပြောတဲ့ National Security Card ။ အဲဒီ Card သည် ဥပဒေအရဖြစ်လာတဲ့ နိုင်ငံသားကဒ်ဖြစ်ပါတယ်။ မွေးရာပါ နိုင်ငံသားကဒ်မဟုတ်ဘူး။

ယခင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ဟင်္သာစီမံချက်တို့၊ ဘာတို့မှာ ထွက်ပြေးတာတွေ ရှိတယ်။ ပြေးတဲ့အခါ ကျွန်တော်တို့ ပြန်လက်ခံတာရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့ဖူးသူဖြစ်ရမယ်။ သူ့ဆန္ဒအလျောက် ပြန်လာချင်တဲ့သူဖြစ်ရမယ်။ ဟိုမှာ ကလေး တစ်ယောက် မွေးတယ်ဆိုလည်း အဲဒီကလေးသည် မြန်မာနိုင်ငံထဲမှာတုန်းက ပေါင်းဖက်ခဲ့တဲ့သူနဲ့ ရခဲ့တဲ့ကလေးဖြစ်ရမယ်။ အဲဒီတော့ ဟိုဘက်နိုင်ငံမှာနေတဲ့ သူကလည်း သက်ဆိုင်ရာတရားရုံးရဲ့ ထောက်ခံချက်တွေပါရမယ်။ အဲဒီလိုလူမျိုးကို ကျွန်တော်တို့ ဒီမှာပြန်ပြီး လက်ခံခဲ့တဲ့ အစဉ်အလာ ရှိပါ တယ်။ အဲဒါက ကိုယ့်နိုင်ငံမှာ နေခဲ့တဲ့သူကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး သည်ဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ ကျွန်တော်တို့ နိုင်ငံမှာနေခဲ့ဖူးလို့ ပြန်လက် ခံခြင်းသာဖြစ်ပါတယ်။ ဒါ ကြောင့်ပြန်ပြီး လက်ခံတာတွေဟာ နိုင်ငံသားလို့ ပြောလို့မရ ပါဘူး။ လူသားချင်းစာနာသောအားဖြင့် ပြန်လက်ခံခြင်းဖြစ်ပါတယ်။ သို့သော် ဒီလူတွေကို တော့ နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ နောက်တစ်ချက်ဖြည့် ပြောချင်တာက နိုင်ငံသားမှာ ကျွန်တော်တို့ ကမ္ဘာမှာ ဆုံးဖြတ်တဲ့ပုံစံတွေ ရှိပါတယ်။ တစ်ခုကတော့ မြေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာ။ တချို့နိုင်ငံတွေက အဲဒီနိုင်ငံမှ ဘယ်လောက်နေခဲ့လဲ။ ၅ နှစ်၊ ၁၀ နှစ်။ ဒါဆိုနိုင်ငံသားဖြစ်ပြီဆိုပြီး ဆုံးဖြတ်တဲ့ နိုင်ငံတွေရှိတယ်။ တချို့နိုင်ငံတွေက သွေးပေါ်မူတည်ပြီး ဆုံးဖြတ်တာ။ ကျွန်တော်တို့ရဲ့ သွေးနဲ့စပ်ပြီး တော့မှ နိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်တာ။ ကျွန်တော်တို့နိုင်ငံဟာ သွေးနဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေလည်း ကမ္ဘာမှာအများကြီးရှိပါတယ်။

 

 


 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s