အထူးသတင်း Hidden Genocide မြန်မာစာတမ်းထိုး (လင့်ကိုနှိပ်၍ကြည့်ပါ။)

Posted by danyawadi

Hidden Genocide ကနဦးဖြစ်စဉ် မြန်မာစာတမ်းထိုးထွက်


အထူးသတင်း ♦♦♦ ၁၁ ဒီဇင်ဘာလ ၂၀၁၂

အယ်ဂျဇီးရား သတင်းဌာနရဲ့ Hidden Genocide (တိမ်မြုပ်နေသော လူမျိုးတုန်းသတ်ပွဲ) သတင်းဗွီဒီယိုဖိုင်ပာာ ရခိုင်ပြည် နယ် ပရိပက္ခ ရဲ့ လှုံ့ဆော်သူဇစ်မြစ် အမှန်ကို ရနိင်ဖို့ ဥပဒေပညာရှင် ၁၂ ယောက် ရဲ့  အကြံပြုချက်တွေနဲ့ ရိုက်ကူး တင်ပြထားတဲ့ ဖြစ်ရပ်မှန်သတင်း မှတ်တမ်းကား တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးကိုဘာကြောင့် သုံးရသလဲဆိုတာနဲ့ပတ်သက်လို့ ဒါရိုက်တာ Mr. Phil Rees က ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း ကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာ ပျက်စီးကြောင်း အသေချာစီစဉ်ပြီး ဆောင်ရွက်တဲ့ ကိစ္စဆိုလို့ ရှိရင် ဒီသဘော အဓိပ္ပာယ် သက် ရောက်တယ်ဆိုပြီးတော့ ဂျီနိုဆိုက်ကွန်ဗင်းရှင်း သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့ လည်းပဲ တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ ကိစ္စမျိုး ဥပမာ ဂျာမဏီမှာ ဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ ဂျီနိုဆိုက်လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြသနာကိုကြည့်မယ်ဆိုရင် ရိုဟင်ဂျာတွေ ကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့၊ လူသား အဖြစ်ရည်တည်မှု မရအောင်လို့ ၊ခရီးသွားလာ ခွင့် ကန့်ကွက်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ကို ပိတ်ပင် တားမြစ်တာဖြစ်ပါတယ်လို့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ပြောပါတယ်။

ဒီမှတ်တမ်းကားထွက်တော့မယ်လို့ကြေညာချိန်မှာ မြန်မာအစိုးရရဲ့ ကန့်ကွက်မှုကို ခံခဲ့ရပါတယ်။ နေပြည်တော် နိုင် ငံခြားရေး ၀န်ကြီးဌာနက ယခုလ ၆ ရက်နေ့ထုတ် နေ့စွဲနဲ့ ကန့်ကွက် ခဲ့တာဖြစ်ပါ တယ်။ အကြမ်းဖက်မှုကို အစိုးရအဖွဲ့ က ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်တယ်လို့လည်း ကန်ကွက်စာ မှာဖေါ်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ အထောက် အထားတွေ ကိုတော့ ကုလသမ္မဂအထွေထွေညီလာခံ၊ အာဆီယံထိပ်သီး အစည်းအဝေး၊ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ကိစ္စမှာ အစိုးရပာာ ဘက်မလိုက် ခဲ့ကြောင်း ပြောကြားချက်တွေ ကိုးကားထားတာက လွဲရင်တခြားခိုင်လုံတဲ့ ကြောင်းပြချက်ပေးထားတာမျိုးတော့ မတွေ့ရပါဘူး။ ယခုအခါမှာတော့ youtube မှာ မူရင်းဗွီဒီယိုဖိုင် သာမက ကနဦးဖြစ်စဉ် အကျဉ်းကို မြန်မာစာတမ်းထိုးနဲ့ ထွက်ရှိလာတာကိုတွေ့ရပါတယ်။

မူရင်းဗွီဒီယိုဖိုင် – (လင့်ကိုနှိပ်၍ကြည့်ပါ။)

http://www.youtube.com/watch?v=0LldB-SquyI

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီဇင်ဘာ ၁၈ ၊ ၂၀၁၂

M-Media

Al Jazeera မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က တင်ဆက်ခဲ့သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်းကို M-Media စာဖတ်ပရိတ်သတ်အတွက် မြန်မာစာတန်းထိုးပြီး တင်ဆက်လိုက်ပါသည်။

Related Posts

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s