နှလုံးသားထဲက မှတ်ချက်များ (၅)

နှလုံးသားထဲက မှတ်ချက်များ (၅)

လူတစ်ဦးတစ်ယောက်ရဲ့လုပ်ဆောင်မူတိုင်းသည် ၄င်းကိုးကွယ်ရာဘာသာတရားတိုင်းကို ကိုယ်စားမပြုပါ။ မည်သည့်ဘာသာမဆို လူဆိုး လူကောင်းရှိနေမည်သာ ဖြစ်ပါတယ်။
အစ္စလာမ် ကစားသုံးခွင့်ပြုသော အသားတိုင်းအတွက် မသန့်သော ရောဂါပိုးအများဆုံးပါသော သွေးကို လည်ချောင်းလှီးဖြတ် ဘုရားရှင်ရဲ့နံမယ်တော် ရေရွတ် ဘုရားရှင်ကိုယုံကြည်သူ ကိုယ်တိုင်ပြုလုပ်မှသာ စားပိုင်ခွင့် ရှိပါတယ်။

နောက်တစ်ခုက ကျနော်တို့ဘာသာမှာ အကြောင်းအကျိုးမရှိပဲ တပါးသူအသက် သတ်ခွင့် မရှိပါ။ အဲ ဒါပေမယ့် မတရားသဖြင့် ပြုမူမဲ့ကိစ္စများအတွက် ထိုက်သင့်တဲ့ အပြစ် ပြန်ပေးရပါမယ်။
ထိုင်းတောင်ပိုင်းကိစ္စ၊ ဘာသာကူးပြောင်းတဲ့ကိစ္စ၊ အစ္စလာမ်ကို လက်မခံလို့ သတ်ဖြတ်တဲ့ကိစ္စ အားလုံး လူတွေလုပ်ရပ်နဲ့သာ သက်ဆိုင်ပါတယ်။ နောက်တစ်ခု သတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဥပမာ ပြောရရင် မိမိ ဘာသာ၊ မိသာစု ဆွေမျိုးသာချင်း၊ အိမ်နီးနားခြင်းတို့တွင် မတရားမူ ကြီးကြီးမားမား နှိပ်စက်ခံရမူ ဖြစ်လာပါက

၁။ ရှောင်ခွာစွန်ခွာသွားရန် (ဟစ်ဂျရတ်) ပြုရန်

၂။ စွန့်ခွာရန် မဖြစ်နိင်ပါက ရန်သူအင်းအား ၃ ယောက်အထိ ပြန် ခုခံရန်။

ကျနော်တို့ဘာသာမှာ ခုခံစစ်ပဲ ရှိပါတယ်။ အတင်းအားဓမ္မ စနစ် မရှိပါ။ ပြန်ရေးရသော် လူတချို့လုပ်ရပ်သည် ၎င်းကိုးကွယ်ရာဘာသာကို ကိုယ်စားမပြုပါ။ (အခုရက်ပိုင်းအတွင်း တရုတ်ပြည်တွင် လူတဦးမှာ ကလေးစာသင်ကျောင်းအား ဒါဖြစ်တိုက်ခိုက်မူ။ အမေရိကန်တွင် လက်နက်ဖြင့် ကလေးစာသင်ကျောင်းအား ဝင်ရောက် တိုက်ခိုက်သတ်ဖြတ်မူ။ ပါကစ္စတန်မိန်ကလေးကျောင်းအား ဗုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်မှု) အစရှိသဖြင့် ဖြစ်ပွားမူတွေသည် ပြုလုပ်သူနှင့်သာ သက်ဆိုင်ပါသည်။

ကျနော်ရေးခဲ့၊ ရှင်းပြခဲ့သလို အကျိုးအကြောင်း ညီညွတ်မျှတခဲ့ရင် မွတ်စလင် အချင်းချင်းပင် အစ္စလာမ်ဥပဒေနှင့်သာ အရေးယူခံရပါမည်။
ဒါနဲ့ကျနော်တခု အကြံပြုချင်ပါသည်။ ကျနော်တို့ ဥပဒေမှာ မုဒိန်းမူကျုးလွန်သူကို ခဲနဲ့ပေါက်သတ်ရပါသည်။ ၎င်းဥပဒေကို ဒီနိင်ငံမှာ ကျင့်သုံးလျှင် မုဒိန်းမူတွေ နည်းသွားမလား။ များလာနိင်မလား ။နောက်လူသတ်ရင် သေစားသေစေပါ။ ဒါဆိုရင် ဒီနိင်ငံမှာ လူသတ်မူတွေ နည်မလား။ များမလား။ စဉ်စားပေးပါ။ မုဒိန်းကျင့်ခံရသူ အသတ်ခံရသူသည် ကိုယ့်အမေ နှမ အမ ဆွေမျိုးဖြစ်နေပါက မည့်သို့ခံစားနိင်ပါမည်နည်း။ ဥပဒေ ထိရောက်စွာဖြင့် အကာအကွယ်ပေးခြင်း၊ တားမြစ်ခြင်းသည် ရက်စက်ပါသည်ဟု ကျနော် မယူဆပါ။ မနိင်မှာ ဘဝကံပေါ် ပုံချခြင်းသည် ဖြစ်သင့် ဖြစ်ထိုက်ပါသလား။ ပြုသူအသစ်၊ ဖြစ်သူအဟောင်းဆိုပြီး တရာသဘောနဲ့ နေကျသူတွေကြောင့် မိုက်ရိုင်းလှစွာသော မုဒိန်းလူသတ်မူပေါင်းများစွာ ရှိနေပါသည်။ နေ့စဉ် ဖြစ်နေပါသည်။
နောက် တခု သတိရတုန်း။ ကောင်းကင်ကျကျမ်း ကုရ်အာန်က အစ္စလာမ်တွေ လိုက်နာဖို့ ကျလာတာ မဟုတ်ဘူး လူသားအားလုံး လိုက်နာကျင့်သုံးဖို့ဗျ။

အဲဒီထဲမှာ နေတာစားတာ၊ သွားတာ၊ ရောင်းတာ၊ ဝယ်တာ၊ ဇနီးမယားနဲ့၊ ပတ်ဝန်းကျင်နဲ့၊ နိင်ငံနဲ့၊ အမျိုးနဲ့၊ အခြားဘာသာဝင်နဲ့ ဆက်ဆံတာ ကုန်ကုန်ပြောရင် အိမ်သာတက်တာ အိပ်တာကအစ စည်းကမ်းပါပြီးသား အကို စိတ်ဝင်စားရင် လေ့လာပါ။

အဲဒီလိုကျမ်းမျိုး နောက်တစ်စောင် ကမ္ဘာမှာ ပေါ်လာရင်၊ ရေးနိင်တဲ့လူရှိရင်၊ အတု ပြုလုပ် ယှဉ်ပြိုင်နိင်တဲ့ ကျမ်းရှိခဲ့ရင်၊ ကျုပ် ဒီဘာသာကို စွန့်လွှတ်မယ်…. ကဲ အကိုရော ဘယ်လိုလည်း???
နောက်တခုက တမန်တော် မရှိတဲ့ နောက်ပိုင်း ကုရ်အာန် အာယတ်တွေကို အာဂုံဆောင် အလွတ်ရတဲ့ ဟာဖစ်တွေ အသက်ကြီးကုန်တာ၊ သေးဆုံးကုန်တာ၊ မေ့သွားနိင်တာတွေ ဖြစ်လာနိင်လို့၊ ၎င်းရှိတုန်း တစုတစည်းတည်းဖြစ်အောင် ကျမ်းပြုစုခဲတာပါ။ စိတ်မှတ်နဲ့ မှတ်တမ်း၊ ဘယ်ဟာ ထားသင့်သလည်း၊ နှုတ်တစ်ရာ စာတစ်လုံးပေါ့။
နောက်တစ်ခု လူသားတိုင်းအတွက် အချိန်တခုပေးခဲ့ပါတယ်။ စဉ်းစားစရာ တွေးခေါ် မျော်မြင်နိင်စရာ၊ ဦးနှောက်ပေးခဲ့ပါတယ်။ အကြောင်းချင်းရာ များစွာ ဥပမာ နေ လ နက္ခတ်တာရာ အပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ အရာတွေနဲ့ စဉ်းစားသုံးသပ်ဖို့ အချိန်ပေးထားခဲ့ပါတယ်။ ဒါမှ လက်မခံရင်လည်း ကျနော်အပါအဝင် ကျနော်တို့ လုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက်တော့ ပြန်ပြီး ပြစ်ဒဏ်ဆပ်ကြရအုန်းမှာပါ။ အချိန်အတိုင်းအတာကိုတော့ ဘုရာသခင်ပဲ သိမှာပါ မယုံကြည်သူတစ်ယောက်အနေနဲ့ကတော့ ဘာမှ စောဒက တက်စရာမရှိဘူးပေါ့ဗျာ။

ယုံကြည်ချက်ထားသူအတွက်ကတော့ တမျိုးပေါ့။ ကျနော်တို့လည်း ၇၃ သင်းရှိတာပဲ။ တစ်သင်းပဲ နိဗ္ဗာန်ရမယ်လို့ ဆိုထားတာပဲ။ စိုးရိမ်စရာက ကျနော်တို့ အသင်းမဖြစ်မှာကိုပဲ။ ကျနော်လိုပဲ အခြား အသင်းဝင်တွေလည်း မျော်ကြမှာပါပဲ။ အဲဒါကိုယ်က ဖန်ဆင်းရှင်ပေါ်မှာထားတဲ့ ကျနော်တို့ရဲ့ *မက်*မဟုတ်ဘူးလားဗျာ။
ကျနော်တို့ ဘာသာအယူအရ အကိုပြောတဲ့ဂျူးကျမ်းရော၊ သမ္မာကျမ်းရော၊ နောက်ကျမ်းတစ်စောင်ရော (သောင်ရတ်၊ ဇဗ္ဗူရ်၊ အင်ဂျီးလ်) ကောင်းကင်ကျကျမ်း ဘုရားသခင် ကိုယ်တိုင် တမန်တော် တစ်ပါးစီနဲ့လောကလူသားအတွက် ချပေးခဲ့တာပါ။ နောက်ဆုံးမှသာ ကုရ်အာန်ကျမ်းနဲ့ ပြီးပြည့်စုံအောင် စံပြ နောက်ဆုံးတမန်တော်မြတ်နဲ့အတူ ချပေးခဲ့တာပါ။ တမန်တော်ကတော့ ကျမ်းထဲက ညွန်ကြားချက်တွေကို လူတွေ နာလည် ကျင့်သုံးလက်ခံလာအောင် နေပြကျင့်ကြံပြခဲ့တာပါ။ အကို စွပ်စွဲချင်သလို စွပ်စွဲပါ။ ပြသနာမရှိပါဘူး။ ထင်ချင်သလို ထင်လည်း ပြဿနာ မရှိပါဘူး။

ဦး စဉ်းစားကြည့်။ လူတစ်ယောက် မိသားစုရှိတယ်။ သူ့ကို ပတ်ဝန်ကျင်အသိုင်းအဝိုင်းက ဝိုင်းကြဉ်ထားမယ်။ ဥပက္ခာပြု ထားမယ်။ ဒါမှမဟုတ် နှိမ့်ချ ဆက်ဆံမယ်။ အများနဲ့တန်းတူ ရပိုင်ခွင့်၊ လွတ်လပ်ခွင့် သူမှာ မရှိဘူး၊ မပေးဘူး။ ဒီအပြင် သူ့မိသာစုရဲ့ အသက်ပါ ခြိမ်းခြောက် အနိင်ကျင့်ခံနေရပြီ၊ နောက်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားလာပြီး၊ အတင်းအဓ္ဓမ ထွက်ခိုင်းတာတို့၊ ဘာသာရေး ချုပ်ချယ်တာတို့ လုပ်လာပြီဆိုရင် ပထမဆုံး အဲဒီနေရာ ဒေသက ထွက်ခွာ စွန်ခွာသွားရပါ့မယ်။ အဲလိုမှ မထွက်ခွာနိင်ရင်တော့ ၃ ယောက် ၁ ယောက်အထိ ပြန်ခုခံရန်၊ ၎င်းထက် လူဦးရေများမှသာ နောက်ဆုတ်ဘို့ ရှိပါတယ်။ နောက်တခုကတော့ ဦးမေးထားသလို မွတ်အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေလေ။

အဖြေက ပါပြီးသား။ အစွန်းရောက်တဲ့။ နောက်တခု ကျမ်းစာဖတ်ပြီး လူသက်သတ် သီချင်းဆိုပြီး၊ သက်သတ်သူ လုပ်ရပ်လေ။ တခုတော့ရှိတာပေါ့။ ကမ္ဘာမှာ အဓိက အနှိမ်ခံရဆုံး ဘာသာဝင်တွေဆိုတော့ အမြင်ကတ်တဲ့ သတင်းဌာနတွေကလည်း (မြန်မာပြည်မှာလို) ဝိုင်းတွယ်၊ ဘေးတီးပေးကြ၊ အစ္စလာမ်တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဝိုင်းလှော်ကြပြန်ရော။ ကျနော်အပေါ်မှာ ရေးခဲ့သလို ဒီရက်ပိုင်း ကလေးတွေ ဆက်တိုက် အမေရိကန်၊ တရုတ်၊ ပါကစ္စတန်မှာ အသတ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပဲ။ ဘယ်သူမှ ထဲထဲဝင်ဝင် စိတ်မဝင်စားကြဘူး။

ဟိုရခိုင်မှာ အပြစ်မဲ့ မိန်းမပျိုလေး မုဒိန်းကျင့်အသတ်ခံရတယ်။ သတင်းစာရော၊ ဂျာနယ်တွေရော။ ကုလားမွတ်စလင်တွေဆိုပြီး သတင်းတင်ကြတယ်။ ဘာဖြစ်သွားတုန်း နောက်ဆက်တွဲတွေ။ ပညာမဲ့ အများဆုံး၊ တိုးတက်လေ့လာမူ အနည်းဆုံး မြန်မာနိင်ငံမှာ စဉ်းစာဥာဏ်မဲ့ အကြမ်းဖက်လိုက်ကြတာ၊ နှစ် ဖက်စလုံးကို ပြောနေတာနော်။ ဘယ်သူတွေ ပိုခံရလည်းဆိုတာ အာလုံးသိပါတယ်။
ဗလီတွေမှာ သောကြာနေ့ ဘုရားဝတ်ပြုမူအပြီး ဗလီဆရာတွေက အကြမ်းဖက်ဘို့ပြောတယ်၊ ဟောတယ်ဆိုတဲ့ နိင်ငံတွေ ရှိကောင်းရှိနိင်ပါတယ်။ အဲဒါလည်း ကုရ်အာန်ရဲ့ လမ်ညွန်ချက် မဟုတ်ပါ။ မရှိပါ။ နောင်တမလွန်တွင် အပြစ်မဲ့သူများကို ရက်စက်သတ်ဖြတ်ခဲ့သူများအစား၊ ပြန်ပေးအပြစ်ဒဏ်ပြန်ခံရမည်ဟု ကျမ်းစာမှာ ပါပါတယ်။

အစ္စလာမ်မစ်ညီလာခံတိုင်းမှာ အသေခံအကြမ်းဖက်မူများကို နှစ်စဉ် ပြင်ပြင်းထန်ထန် ကန်ကွက်ရူံချကြောင်းပါဗျာ။ OIC အစည်းအဝေး မှတ်တမ်းတွေမှာ ပါပါတယ်ဗျာ။ ကျနော့အမြင်ကတော့….. ကမ္ဘာမှာ အစ္စလာမ်မုန်းတီရေး ဆန်ကျင်ရေး နှိမ်ချဆက်ဆံခွဲခြားရေး တွေရှိနေသမျှ တရာမျှတမူ မရှိ ဘက်လိုက်မူတွေ ရှိနေသမျှ အစ္စလာမ်သာသနာကတော့ တိုးတက်နေအုန်းမယ်။ အကြမ်းဖက်မူတွေလည်း ဆက်ရှိနေအုန်းမယ်လို့ ယူဆမိကြောင်းပါ။

9/11 နောက်ပိုင်းအစ္စလာမ်တိုးတက်မူ 203%။ ကမ္ဘာအကြမ်ဖက်မူများတွင် အစ္စလာမ်ပါဝင်ပတ်သက်မူ့ 4%ကျော်သာ ရှိကြောင်းပါ။ ကျနော်အမြင်လေးပါ။

***အကြမ်းဖက်သမားဆိုတာ တရာမျှတမူ၊ လွတ်လပ်မူ မပေးလို့၊ မရှိလို့ ဥာဏ်မှီသလောက် လုပ်ဆောင်နေကြ အကြမ်းဖက်နေကြသူတွေပါ။ သူတို့ကို တရားမျှတမူ ပေးလိုက်ပါ။ သူတို့က လွတ်လပ်မူတွေ ပြန်ဝေမျှပါလိမ့်မယ်။ ဘာလိုလည်းဆိုတော့ သူတိုလည်း သွေးသားနဲ့ ဇနီးမယား၊ သားသမီး မိသာစုအသိုင်းအဝိုင်းနဲ့။ ဝမ်းနည်း ဝမ်းသာတတ်တဲ့ လူတွေ ဖြစ်လိုပါပဲ။***

ကျေးဇူး အာလုံးကို တင်ပါတယ်။

Credit to ဂါဇီ လှမြင့်

မှတ်ချက်။ ။ စာရှုသူများ ဖတ်ရှုရာတွင် အဆင်ပြေနိုင်စေရန် ရည်ရွယ်၍ စားလုံးပေါင်းအနည်းငယ် ပြင်ထားသည်မှ လွဲ၍ အားလုံး မူရင်းအတိုင်းဖြစ်ပါကြောင်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s