ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ အတူထားဖို့လည်းမသင့်တော့ဘူးဆိုပြီးတော့ပြောကြတယ်။

MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လိုနည်းနဲ့မှဒီလူအုပ်စုနှစ်စုဟာ အရင်လိုအနေ အထားမျိုးပြန် နေ လို့ မရတော့ဘူး၊ အတူထားဖို့လည်းမသင့်တော့ဘူးဆိုပြီးတော့ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီး တဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာတဲ့အခါ ကျရင် အရင်လို အနေအထားမျိုးပြန်ပြီးထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: မြစ်ဝကျွန်းပေါ်ဒေသမှာ BIA/BDA ခေတ်ကဖက်ဆစ်ဂျပန်နှစ်ယောက်ကို ကရင်တွေ ဘက်က သတ်လိုက်တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်မိုးကြိုးကတွေ့သမျှ ကရင်တွေကိုအကုန် သတ်ဆိုပြီးတော့အမိန့်ပေးခဲ့တာရှိတယ်။ BIA တပ်ကလည်းပါတယ်။ ဗိုလ်မိုးကြိုးရဲ့တပ်တွေလည်းပါတယ်။ ကရင်တွေကို အစုလိုက်၊ အပြုံလိုက် သတ်လိုက်ကြ တယ်။ ဦးနုတက်လာတဲ့အချိန် ၁၉၄၉-၅၀ မှာလည်း ကရင်တွေနဲ့ ဗမာတွေနဲ့ တစ်ဘက်နဲ့ တစ်ဘက်သတ်ကြတာရှိတယ်။ ကိုယ်ဝန်ဆောင်ကိုသတ်ပြီး ဗိုက်ထဲ ကကလေး ကို ဆွဲထုတ်တာတို့ အဲလောက်ထိအောင် ရက်ရက်စက်စက်သတ်ခဲ့တာတွေရှိပါ တယ်။

မုန်းတယ်ဆိုတာ တစ်သက်လုံးမုန်းဖို့ဆိုတာမဖြစ်ပါဘူး။ ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေနော်။ ချစ်တာတို့၊ မုန်းတာတို့ဟာမြဲတဲ့ကိစ္စတွေမဟုတ်ဘူး။

တစ်ယောက်နဲ့တစ်ယောက်နေလို့ မရဘူးဆိုတာက ၀င်ပြီးတော့တွန်းကြတာပေါ့ဗျာ။ ရခိုင်တွေအားလုံးနဲ့ မူဆလင်တွေအကုန်လုံး ဖြစ်တာမဟုတ်ပါဘူး။ ကောင်းတဲ့ရခိုင်တွေ အများကြီးရှိတယ်။ ဆိုးတဲ့ရိုဟင်ဂျာ တွေလည်း အများကြီးရှိတယ်။ ကောင်းတဲ့ရိုဟင်ဂျာတွေလည်းရှိတယ်။ ဆိုးတဲ့ရခိုင်တွေလည်းရှိတယ်။ ဖြစ်ခဲ့တာတွေက အလွန်ကိုဝမ်းနည်း စရာကောင်းတယ်။

၁၉၃၀ နာဇီဂျာမနီလိုပုံစံမျိုးအထိဖြစ်လာတယ်ဆိုတာက ဘေးကနေပြီး သွေးထိုးတာတွေပါတယ်။ မြှောက် ပေးတာတွေပါတယ်။ အဲတော့ စနစ်တကျအချိန်ယူပြီးတော့ လုပ်မယ်ဆိုလို့ ရှိရင် နောက် ၁၀ နှစ်၊ ၁၅ နှစ်မှာပြေလည်ပြီးတော့ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့အနေအထားမျိုးရောက်သွားဖို့ အလား အလာရှိပါတယ်။

အမေရိကန်နိုင်ငံကိုပဲကြည့်လိုက်။ လူမည်းတွေကို ကျွန်လုပ်ထားတာကနေပြီးတော့ ဒီကနေ့အချိန်မှာ လူမည်းသွေး တစ်ဝက်ပါတဲ့ သမ္မတကနေပြီးတော့ လူဖြူအများစုဖြစ်တဲ့နိုင်ငံမှာ သမ္မတက်လုပ်နိုင်တဲ့အနေ အထားမျိုး။

ကြီးတဲ့အမှုကိုငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်တာမဟုတ်ဘဲနဲ့ ငယ်တဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် လုပ်တဲ့အစိုးရမျိုးဆို လို့ရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ်မြတ်နေလို့ရမလဲ။

ဘယ်လိုအစိုးရမျိုးက တိုင်းပြည်ကိုအုပ်ချုပ်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တိုင်းရင်းသားတွေ အချင်း ချင်း ချစ်ချစ်ခင်ခင်နေမှာလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက်နဲ့ နားလည်မှုယူထားပြီးတော့ သင့်သင့်မြတ်မြတ်နေမှာလားဆိုတဲ့မေးခွန်းကို အဖြေပေးလို့ရမယ်။

အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကိုအမြတ်ယူပြီးတော့ နိုင်ငံရေးသွေး စုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆယ်နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည် မှာစစ်ဘေးရော၊ ဘာသာရေးမီးရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s