Htun Htun Oo Nld and 3 other friends shared DVB TV News‘s photo.
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာလိုချင်ရခြင်းနဲ့ သမ္မတလုပ်ရမယ်ဆိုလဲ လုပ်လိုသည့် ရွည်ရွယ်ချက်များကို ကျွန်းစုဒေသခံများကို ပြောတဲ့ မိန့်ခွန်းအတွင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကျွန်းစုမြို့နယ်မှာ လူထုကို မိန့်ခွန်းပြောကြားပြီး ဒေသခံများရဲ့ အခက်အခဲများကို မေးမြန်းရာတွင် ပုဂ္ဂလိကပိုင်စက်ရုံတစ်ခုသည် နားရက်မရှိ အလုပ်ဆင်းခိုင်းမှုကို ဒေသခံတစ်ဦးက တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းလုပ်ငန်းရှင်ဖြင့် တွေ့ဆုံမေးမြန်းဆွေးနွေးပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။
အလားတူ စစ်တပ်က ဒေသခံစက်လှေများဆီက စက်သုံးဆီတောင်းရမ်းနေမှုကို ဒေသခံတစ်ဦးက တင်ပြရာ သူမအနေဖြင့် သတ်ဆိုင်ရာသို့ တင်ပြဆွေးနွေးပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လည်၂နာရီခွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ၄၅မိနစ်ကြာ လူထုနှင့် တွေ့ဆုံ မိန့်ခွန်းပြောကြားပြီး မြိတ်မြို့သို့ ရုပ်ပြေးဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
(သတင်းဓါတ်ပုံ- ကျော်ဇေယျာဝင်း)