နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အိန္ဒိယ သမ္မတ နိုင်ငံမှနေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အိန္ဒိယ သမ္မတ နိုင်ငံမှနေပြည်တော်သို့ ပြန်လည်ရောက်ရှိ
Sunday, 23 December 2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသည့် အကြိမ် (၂ဝ)မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီး အစည်းအဝေး တက်ရောက်၍ ရတနာဂီရိ မြို့၌ မြန်မာဘုရင် သီပေါမင်း၏ အုတ်နန်း ပြာသာဒ်နှင့် စံအိမ်တော်တို့ကို ကြည့်ရှု လေ့လာ ခဲ့ပြီးနောက် မြန်မာ နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ မွန်းလွဲ ပိုင်းတွင် မွန်ဘိုင်းမြို့ Chattrapati Shivali အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် မွန်ဘိုင်းမြို့မှ ပြန်လည် ထွက်ခွာကြရာ မဟာ ရှပ်စ်ထရာ ပြည်နယ် အစိုးရမှ သံတမန် ဌာန အကြီးအကဲ Mr. Sumit Malik နှင့် တာဝန် ရှိသူများ၊ အိန္ဒိယ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံး တို့မှ တာဝန် ရှိသူများက မွန်ဘိုင်း Chattrapati Shivali အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် မွန်ဘိုင်းမြို့မှ မြန်မာ့လေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေ ပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးသိန်းထွန်း၊ ဦးအေးမြင့်ကြူနှင့် ဦးဌေးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံ သံရုံးမှ ဒုတိယ အကြီးအကဲ မစ္စတာ ဆိုင်းလပ်စ် သန်ဂဲလ် တို့ကနေပြည်တော် လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

မြ၀တီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s