ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းမှ စစ်တပ်အချို့လိုက်ပါလျှက်.ကျောက်ဖြူဈေးသို့ရိက္ခာပြတ်နေ၍ ဈေးဝယ်ထွက်ရာ ဈေးသို့ေ၇ာက်သော် ရခိုင်ရဲများဝိုင်းလာ …

‎28-12-12 ညနေ 53း5 မိနစ် (……………)လက်ကိုင်ဖုန်းဖြင့် ဒေါ်တင်အေး(43နှစ်) ၏ဆက်သွယ်သတင်းပေးပို့ချက်အရ..
ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းမှ စစ်တပ်အချို့လိုက်ပါလျှက်.ကျောက်ဖြူဈေးသို့ရိက္ခာပြတ်နေ၍ ဈေးဝယ်ထွက်ရာ ဈေးသို့ေ၇ာက်သော် ရခိုင်ရဲများဝိုင်းလာပြီး..ဘာကြောင့်ဒီ ကုလား တွေကိုခေါ်လာတာလဲ..ဒီကောင်တွေပြဿနာရှာမယ့်ကောင်တွေ ဒီကောင်တွေကို ငါတို့ဘယ်သူမှဈေးမရောင်းဘူး ဟုဆိုရာ စစ်တပ်ကရဲဘော်က ကျုပ်တို့ကို တပ်ရင်းမှူးခိုင်း လို့ လာ တာဖြစ်ကြောင်းပြောနေချိန် ရခိုင်လူအုပ်စုကြီးက ၀ိုင်းရိုက်ရန်ဝိုင်းရံလာသဖြင့် စစ်တပ်လုံခြုံရေးဖြင့် ဒုက္ခသည်စခန်းကိုပြန်လာခဲ့ရကြောင်း။ ဒုက္ခသည်စခန်းတွင် ပိုက်ဆိပ်ရွာမှ ဒုက္ခ သည်  ၂၀ကျော်လည်းရောက်နေကြောင်း၊ အများစုကလူငယ်များဖြစ်ကြောင်း၊ တချို့ပိုက်ဆိပ်ရွာသားများက မိဘနှင့်အဆက်သွယ်ရှိသလို၊ တချို့က မိဘများနှင့်အဆက် သွယ်ပြတ်နေကြောင်း။ ခယကဥက္ကဌ ကိုယ်တိုင် ကြိုးကိုင်ပြီး မတရားညှဉ်းပန်းနေကြောင်း၊ ယခင်က ဗိုလ်မှူးကျော်မင်းလတ် ကကူညီကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ်ဆိုသူ ထွက်သွားသည့်နေ့ကစပြီးဒုက္ခမျိုးစုံပေးကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ် ပြောင်းရွှေ့သွားပြီးနောက်နေ့တွင် ပိုက်ဆိပ်ရွာမှ 16နှစ်အရွယ်အမျိုးသားလူငယ်တစ်ဦးနှင့် အသက်20အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသွားရာ ယနေ့ထိ ဒုက္ခသည်စခန်းသို့ပြန်လည် ရောက်ရှိလာခြင်းမရှိကြောင်း၊ ၎င်းတို့ကို တရားရုံးတင်ကာ မီးရှို့သူ၊ လူသတ်သူဟု မတရားစွပ်စွဲပြီး ရုံးတင်စစ်ဆေးကြောင်း သက်သေအဖြစ် ရခိုင် လူ(၄၀)လောက်က လာရောက် အစစ်ခံကြောင်း၊ အမှန်တကယ်အပြစ်ရှိသည့် ရခိုင်များကိုမဖမ်းဆီးကြောင်း၊ တပ်မမှူး(မည်သည့်တပ်ဆိုတာသူတို့မသိကြောင်း) ခယကဥက္ကဌနှင့်ရဲမင်းကြီးကိုခေါ်လာပြီး လိုအပ်တာတင်ပြခိုင်းကြောင်း ထိုအခါ ကင်ဆာဝေဒနာရှင် မစုမြတ်စံ(44)နှစ်က ရင်သားကင်ဆာကုသရန် ဆေးရုံတက်လိုကြောင်း၊ ခယက ကအထက်ကိုတင်ပြပေးမယ်လို့ တပ်မမှူးရှေ့တွင်ပြောကြောင်း ကျွန်မတို့သေသွားရင်တောင် အထက်ကအမိန့်ကကျမှာမို့လို့လားဟုဆိုရာ ခယကဥက္ကဌက ကြိမ်းမောင်းပြစ်တင်ကြောင်း မကျေနပ်ရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရကို စာတင်လိုက် ကျုပ်က ဂရုမစိုက်ကြောင်း၊ ရခိုင်များ မွတ်စလင်မ်များ အိုးအိမ်ကို ဖျက်ဆီးရာတွင်လည်း ခယကဥက္ကဌကိုယ်တိုင်က ကုလားတွေဟာ ကြိုက်တာလုပ်ဟု ဆိုကြောင်း ဒုက္ခသည်စခန်းတွင် တင်္နလာ၊ ဗုဒ္ဓဟူး၊သောကြာ တစ်ပတ်သုံးရက် ဆေးခန်း လာဖွင့်ကြောင်း၊ ဆေးမှူးများအနက် ကလေးအထူးကု ဆရာဝန် ဒေါ်လှမူ က ကျွန်မတို့ကိုဆေးခန်းသာလာဖွင့်ခိုင်းထားတာ ဆေးကျတော့ တစ်လုံးမှမပေးဘူးဟု ဆိုကြောင်း မွတ်စလင်မ်ဆေးဆိုင်ပိုင်ရှင် ကိုသန်ထွန်းဆိုသူက ထွက်ပြေးလာရင်း ယူဆောင်လာသည့် ဆေးဝါးများဖြင့်သာ ကလေးလူကြီးအားလုံး ကုသမှုပြုလုပ်နေရကြောင်း လောလောဆယ် အလွန်ကိုဒုက္ခရောက်နေကြသဖြင့် ဒုက္ခသည်စခန်းရှိ လူပေါင်း 1560 လုံး အနေဆင်းရဲ အစားဆင်းရဲဖြင့် အမျိုးစုံရင်ဆိုင်နေရပါသဖြင့် သက်ဆိုင်ရာသို့ အသိပေးကြပါရန် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုတင်ပြလာပါသည်။ အသေးစိပ်သိလိုသူများ အထက်ဖော်ပြပါ ဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s