နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန် ဟောပြောပွဲကျင်းပ

နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန် ဟောပြောပွဲကျင်းပ
by Myanmartandawsint Newspaper on Thursday, December 27, 2012

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဒီဇင်ဘာ ၂၁ရက်၊ ညနေ ၇နာရီ၌ သြဘာလမ်း (အလယ်)၊ ကျောက်မြောင်း၊ တာမွေမြို့နယ်တွင် ကျင်းပပြီး ဦးသူရ(ခ) ဇာဂနာ၊ မသီတာ (စမ်းချောင်း)နှင့် ကိုတာတို့က နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

၎င်းဟောပြောပွဲတွင် ဇာဂနာကပြောကြားရာ နိုင်ငံသားတိုင်းတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့် ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံသားထဲတွင် အနုပညာသမား တစ်ယောက်၏ ရပိုင်ခွင့်၊ အနုပညာကို ထုတ်ဖော်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရုပ်ရှင်အစည်းအရုံးသည် အနုပညာသမားများ၏ လက်ထဲသို့ပြန်ရောက်ခဲ့ပြီး အကယ်ဒမီပေးပွဲကိုလည်း နေပြည် တော် မှ ရန်ကုန်သို့ပြောင်း၍  ကျင်းပပေးနိုင်ခဲ့ကြောင်း ဆင်ဆာအဖွဲ့မှလည်း ဆင်ဆာမူဝါဒများကို ဖြေလျှော့ပေးခဲ့ကြောင်း၊ ရပိုင်ခွင့် များကိုရရှိရန် နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ ရကြောင်းပြောသည်။

ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့်သက်ဆိုင်သော ကျင့်ဝတ်များကိုပြောကြားခဲ့ရာ ““ကျွန်တော်တို့က ဘုန်းကြီးကျောင်းရောက်ရင်  ဆရာတော်၊ သံဃာတော်တွေရဲ့ စကား ကိုနား ထောင်ရမယ်။ ခရစ်ယာန် ဘုရားကျောင်းထဲရောက်ရင် ဘုရားကျောင်းဆရာရဲ့ စကားကို နားထောင်ရမယ်။ မွတ်ဆလင် ဗလီထဲရောက်ရင် ဗလီဆရာရဲ့ စကားကို နားထောင်ရသလို ဟိန္ဒူ ကျောင်းရောက်ရင်လည်း ဟိန္ဒူကျောင်းရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းကို လိုက်နာရမယ်။ ဘယ်နေရာမှာမဆို သတ်မှတ်ထားတဲ့ကျင့်ဝတ်တွေကို ကျွန်တော်တို့လိုက် နာရမယ်””ဟုဦးဇာဂနာက ပြောသည်။

၎င်းကဆက်လက်ပြောကြားခဲ့ ရာ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဆိုပြီး နှစ်တိုင်းကျင်းပနေသည်ကို ပြည်သူအားလုံးသိကြမှာဖြစ်ကြောင်း လူမျိုးတစ်မျိုးအဖွဲ့အစည်းတစ်ခု၊ ဓလေ့ထုံးတမ်းစဉ်လာကို လေးစားရမည်ဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာကိုလေးစားသလို တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကိုလည်း လေးစားရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်တစ်ခုကို ချိုးဖောက်သည့်အခါတွင် မပြီးသေးသောစစ်များကိုဆင်နွှဲနေရကြောင်း ထပ်မံပြောကြားခဲ့သည်။

အခွင့်အရေး၊ တာဝန်နှင့် တရားဥပဒေစိုးမိုးရေးများ လိုအပ်လာပြီဖြစ်ကြောင်း၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ကျင့်သုံးရန်လိုအပ်ကြောင်း၊ တိုင်းပြည်၏ပြုပြင်ပြောင်းလဲ ရေးကာ လများ တွင် ပြည်သူ၊ ပြည်သားများအားလုံး  ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးဇာဂနာက ဆက်လက်ပြောဆိုသည်။

မသီတာ(စမ်းချောင်း)ကပြောရာ နိုင်ငံသားတို့၏ တာဝန်နှင့်ရပိုင်ခွင့်ခေါင်းစဉ်ဖြင့် ပြောရသောကြောင့် ကျေနပ်မိကြောင်း၊ နိုင်ငံသားတို့၏ အနိမ့်ဆုံးရပိုင်ခွင့်နှင့် အနိမ့်ဆုံးတာဝန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ဖြစ်ကြောင်း၊ နိုင်ငံသားဟုခံယူထားလျှင် နိုင်ငံသားတစ်ယောက်၏ တာဝန်ကိုကျေပွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသား၏တာဝန်သည် မသေမချင်းထမ်း ရွက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သောသ၀ဏ်လွှာကို တာမွေမြို့နယ်၊ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦညွန့်တင် (စာရေးဆရာ ညွန့်ဇေယျာ)က ဖတ်ကြားပြီး၊ သြဘာလမ်း (အလယ်)ပိုင်း စာပေဟောပြောပွဲသဘာပတိကြီး စာပေပညာရှင် သောကြာဦးမောင်ကလေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s