ပန်းတနော်တရားရုံးရောက် အချုပ်ကားပါ အချုပ်သားများကိုထမင်မကျွေးဘဲအငတ်ထား

ပန်းတနော်မှ ပြန်ရောက်ပါပြီ၊ တရားရုံးတွင် တရားသူကြီးက အမှုတခုကို ကြားနာ စစ်ဆေးနေသည်၊ တရားခံဟုခေါ်ဆိုစွပ်စွဲခံထားရသော ရွားသား သုံးဦးအား လက်ထိပ်များဖြင့်
တွဲခတ် ထား သည်။ အချိန်ကား နေ့ခင်း တနာရီ ထိုးရော့မည်။ အချုပ်သားများ အား ထမင်းကျွေးမည့်သူ မရှိ၊ ရဲများကား အလှည့်ကျဖြင့် လဘက်ရည်ဆိုင် ထွက်ထိုင်ထွက်စားနေကြ သည်။ အပြင်တွင် ကျေးရွာမှ လိုက်လာ အားပေးကြသော ပြည်သူ တစ်ရာကျော်နှင့် ကျနော်တို့ ယခုဖြစ်ပွားသော အမှုအကြောင်း ပြည်သူ့ ရင်ဖွင့်သံများ နားထောင်သည်။ပြည်သူ လူထုကား အတော်ပင် စိတ်ဆိုး ဒေါသထွက်နေကြသည်။ ယခု အမှုကြီးကား အင်းသူကြီးဖြစ်သူမှ မတရားအကွက်ဆင်ကာ သူ့အင်းတွင်း ငါးဝင်ခိုးဖမ်းသည်ဟု စွပ်စွဲကာ ရဲကို တိုင်ကြားဖမ်းဆီးခိုင်းပြီး လုပ်နေကျ အတိုင်း ထောင်ချရန် ဟန်ပြပန်ပြ တရားရုံးတင် စစ်ဆေးနေခြင်း တခုသာဖြစ်သည်။

အင်းသူကြီးထံတွင် အလုပ်လုပ်ခဲ့ဖူးပြီး အင်းသူကြီးဧ။် ရက်စက်ကောက်ကျစ်မှုများ ပြည်သူကျေးရွာသားတို့အပေါ် လူမဆန်သော လုပ်ဆောင်ချက်များကို ရွံ့မုန်းလာသော အင်းသူကြီး ဧ။် တပည့် ရေလုပ်သား တဦးကလည်း သူ့ ခံစားချက်များကို တရားရုံးရှေ့တွင်ပင် ရင်ဖွင့်သည်။ ယခု လက်ရှိ တရားရုံးထဲတွင် ငါးခိုးသည်ဟု စွပ်စွဲကာ ငါးခိုးဖမ်းသည်ဟု သက်သေတင်ပြထားသော ငါးဖမ်းပိုက်မှာ သူ့ပိုက်ဖြစ်ကြောင်း အင်းသူကြီးက ဆန်တအိတ်ပေးကာ လာယူခိုင်းလိုက်သောကြောင့် သူပေးလိုက်သည့်ပိုက်ကို ယခုလို အခြားသော အပြစ်မဲ့ ရွာသားများအား မတရားထောင်ချ ဖမ်းဆီးရန် အကွက်ထွင်သက်သေအဖြစ် သုံးထားကြောင်း။ ဖမ်းဆီးရမိသည့် လှေ ဆိုသည်မှာလည်း အငှားဟန်ပြ အခြားသူဧ။် လှေဖြစ် ကြောင်း ယခုလို လူထုအပေါ် ငွေရှိတိုင်း ရဲကိုခိုင်းကာ ထောင်ချရက်စက်မှုများ ဆိုးဝါးမှု ကမ်းကုန်လာပြီဖြစ်သောကြောင့် မခံမရပ်နိုင်တော့သဖြင့် ယခုလို ရင်ဖွင့် ပြီး အသက်နှင့် ရင်းကား အမှန်တရားကို ပြောပြရပါကြောင်း ပြောသည်။

တရားရုံးထဲသို့ ကျနော် ၀င်သွားသည်။ ကျနော့်  နောက်မှ သတင်းထောက် အချို့က ကင်မရာလွယ်ပြီး ၀င်လိုက်လာသည်။

တဦးတည်း ၀င်သွားသော ကျနော့်နောက်မှ လူအုပ်ကြီးက လိုက်ဝင်လာသည်။ တရား၇ုံး အပေါက်ဝ ရှေ့ လူအုပ်ကြီးဖြင့် ချက်ချင်းပိတ်သွားသည်။

တရားသူကြီးက ချက်ချင်းထလာကာ ကင်မရာလွယ်ထားသော။ ကင်မရာကိုင်ထားသော သူများကို တရား၇ုံးအတွင်း မည်သည့် ကင်မရာမှ ရိုက်ခွင့် မပြူကြောင်း။ ဥပဒေ အရ တားမြစ် ကြောင်း မာမာထန်ထန်ပြောသည်။

ထိုဥပဒေ ကြောင့်လည်း တရားသူကြီးများ လာဒ်ပေးလာဒ်ယူ ပြုလုပ်နေသည့် မှတ်တမ်းပုံများကို အများသူငှာ မမြင်တွေ့ကြရခြင်းဖြစ်ပေသည်။ လူထု အတွက် မျှတ မှန်ကန် သော တရားစီရင်ရေး စနစ်ဖြစ်သည်ဆိုလျှင် သတင်းမီဒီယာ မှတ်တမ်း ဓါတ်ပုံတင်ခြင်းကို တားမြစ် ပိတ်ပင်စရာ အကြောင်း မရှိဟု ကျနော်ထင်သည် ။

မြန်မာ့ တရားစီရင်ရေး စနစ်ကား ၊ စိမ်းကားသော၊ လူသားချင်း စာနာစိတ်ကင်းမဲ့သော၊ ဥပဒေကို ထင်သလို သုံးကာ၊ ဥပဒေ ဘက်တော်သား ဆိုသူ ရဲနှင့် ဓနရှင် အင်းသူကြီးတို့ လက်ဝါးချင်းရိုက် အမှုဆင်သမှ ကျေးရွာလူထုမှာ ခေါင်းငုံ့လည်စင်းခံကာနေနေကြရဆဲ။

ပန်းတနော်မြို့နယ် တရားရုံးအတွင်းမှ တရားစီရင်ကြားနာနေသော တရားခွင်အတွင်းတွင် အခြားပြင်ပ သူ တဦးမှ မရှိ။ ရှေ့နေ နှစ်ဦးနှင့် အချုပ်သား သုံးဦးကို လက်ထိပ်များ တွဲခတ် ထားပြီး သူတို့နောက်မှ ရဲ တပ်သား။( ယူနီဖေါင်းက ဖရိုဖရဲ၊ အမူးမပြေသေးသော မျက်နှာများ၊ လမ်းသူရဲ ဆံပင်နှင့် ရဲယူနီဖေါင်းဝတ်ထားသော ရဲများ) က ၀န်းရံထားသည်။ ပြည်သူ လူထု ကို ၀င်ခွင့်မပေးလို့ မ၀င်သည်လား၊ မသိ။ လူထုက တရားရုံး ခြံစည်းရိုးအပြင်ဘက်တွင် စောင့်နေကြသည်၊ တရားရုံး ခြံဝင်းထဲသို့ပင် မ၀င်ရဲ။

ကျနော် သဘောပေါက်လိုက်ပါသည်။

ပန်းတနော်မြို့နယ် အတွင်း ဖြစ်ပွားနေသော ပြသနာ အတော်များများကို ကျနော် နာကြားထားည်မို့ အုပ်ချုပ်ရေးအဖွဲ့များ၊ တရားစီရင်ရေး ဌာနများ အခြေအနေကို ကျနော် သဘော ပေါက်လိုက်ပါသည်။

ကျနော် တို့သည် စစ်မှန် မျှတ လုံခြုံ အေးချမ်းသော တရားဥပဒေအောက်သို့ တန်းတူညီမျှ အခွင့်ဖြင့် နေထိုင်အသက်ရှင်ခွင့် ရရန် လုပ်ဆောင်ဖွယ်တာ များစွာ ကျန်ရှိနေပါသေးသည်။


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s