ရှေ့တန်းသတင်း

ရှေ့တန်းသတင်း

နောက်ဆုံးအခြေအနေက ၂၈-၂၉ ရက်တွေမှာ အစိုးရတပ်ကနေ လေကြောင်းနှင့် ကြည်းကြောင်း ပူးပေါင်းစစ်ဆင်းရေးစလုပ်တယ်။ အစိုးရတပ်ဘက်က အမြောက်တပ်တွေ ပါဝင်လှုပ်ရှားနေကြတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ – ကေအိုင်အေ ရှေ့တန်းစစ်ဆင်းရေး ယာယီဌါနချုပ် လိုင်ဇာမြို့အနီးမှာ ဖြစ်တယ်။ အထူးသဖြင့် အလင်းဘွမ်း ကင်းစခန်းတွေဖြစ်တဲ့ ဘွမ်းရဲ(လ်) နှင့် အမှတ် (၂၃) လုံးခြုံရေးတပ်ရင်း တွေကိုပစ်တယ်။

၂၈ ရက်နေ့က မြစ်ကြီးနား-ဗန်မော်လမ်းပေါ်ရှိ မုန်လိုင်တံတါးကို လေယာဉ်သုံးစင်းနှင့် ပစ်တယ်။ ကားကြီးတွေ သွားလို့မရတော့ဘူး။ (ပုံ ပါတယ်)

လူနေအိမ်တွေလည်းထိတယ်။ လဂျာယန်မှာပဲ။ ပုံပါတဲ့ လေယာဉ်ဗုံးမိပြီးလောင်နေတဲ့နေရာက အမှတ် (၂၃) လုံးခြုံရေးတပ်က တဲဖြစ်တယ်။

စစ်ဖြစ်နေတဲ့နောက်တစ်နေရာကတော့ ကျနော်တို့နောက်ဆုံးသွားခဲ့တဲ့ နေရာဖြစ်တဲ့ မိုင်ဆပ်ပါစခန်းကို လက်နက်ကြီးတွေနှင့်ပစ်တယ်။

နောက်တစ်နေရာကတော့ ကန်တော်ယန်-ဂျာထ ဘက်မှာဖြစ်တယ်။ ဒီနေ့ အစိုးရတပ်က အဲဒီနေရာမှာ လေကြောင်းနှင့် ပစ်တယ်။
-Credit-Pho Sai

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s