ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ ဓမ္မနိုင်ငံ၌ ၁၃၅ နှစ်ကြာ တရားပွဲ ကျင်းပ

စောင့်ကြည့်စရာ မီဒီယာ ♦♦♦ ၀၁ ဇန်န၀ါရီလ ၂၀၁၃

သတင်း – ပေါ်ပြူလာ မြန်မာဒေါ့ကွန်း

ရန်ကုန်၊ ဒီဇင်ဘာ၂၃
ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ ဓမ္မနိုင်ငံ၌ ၁၃၅နှစ်ကြာ အထိမ်းအမှတ် ဝိပဿနာ တရားပွဲကို ဒီဇင်ဘာလ ၂၂ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့ သည်။ ဆရာကြီး ဦးဂိုအင်ကာသည် မူလက အဆိုပါ တရားပွဲအား ည နေ ၅ နာရီ အချိန်၌ စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ပထမ နေ့ တရားပွဲသို့ လာရောက်စဉ် ယာဉ်လမ်းကြော ပိတ်ဆို့မှုကြောင့် ည ၇ နာရီ အချိန်မှသာ စတင် ကျင်းပနိုင်ခဲ့သော်လည်း ပြည်တွင်း တရားနာ ပရိသတ် ငါးရာခန့်နှင့် ပြည်ပတရားနာ ပရိသတ် ၈ဝဝ ကျော်တို့ တက်ရောက်၍ တရားနာ ယူခဲ့ကြောင်း၊ ပထမနေ့တရားပွဲ မစတင်မီ၌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်၊ သာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့မှ ဆရာကြီး ဦးဂိုအင်ကာအား လာ ရောက်တွေ့ဆုံ နှုတ်ဆက်၍ ဂါရဝ   ပြုကန်တော့ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ဆရာကြီး ဦးဂိုအင်ကာနှင့် ပြည် တွင်းပြည်ပမှ ယောဂီပေါင်း တစ်ထောင်ကျော်ခန့်သည် ရွှေတိဂုံ စေတီတော်ရင်ပြင် အောင်မြေ၌ ဝိပဿနာ တရား ရှုမှတ်ကာ မြန်မာ နိုင်ငံအား ကျေးဇူးဆပ်သည့် အနေ ဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ အား မေတ္တာပို့ အမျှဝေ ဆုတောင်း ပေးခဲ့ကြောင်း၊ နံနက်  ၉ နာရီတွင် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား လမ်းရှိ ဓမ္မဇောတိ ဝိပဿနာ ရိပ် သာတွင် သံဃာတော် ၁၃၅ ပါး အား နေ့ဆွမ်းဆက်ကပ်  လှူဒါန်း၍ အင်းလျားမြိုင်လမ်းရှိ ဆရာကြီး ဦးဘခင်၏ ဝိပဿနာရိပ်သာ၌ နိုင်ငံခြားသား ယောဂီများနှင့်အတူ သွားရောက်တရား ရှုမှတ်ခဲ့ကြောင်း၊ ၄င်းနောက် ညနေ ၅ နာရီတွင် အမျိုးသား ကဇာတ်ရုံ၌ ဒုတိယ မြောက်နေ့ တရားပွဲအား ဆက် လက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာသည် ယခု အခါ အသက် ၈၉ နှစ်အရွယ် ရှိ နေပြီး ၄င်း၏ မိသားစု အနေဖြင့် မြန်မာနိုင်ငံ၌ ရောက်ရှိ နေထိုင်ခဲ့ သည်မှာ နှစ်ပေါင်း ၁၃၅ နှစ်ရှိခဲ့ပြီ ဖြစ်သည့်အပြင် ဗုဒ္ဓ၏ဝိပဿနာ တရားတော်များအား ၄င်းအနေဖြင့် ထိတွေ့သင်ကြားခွင့် ရခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဓမ္မနိုင်ငံ၌   နှစ်ပေါင်း ၁၃၅ နှစ်ကြာ အထိမ်းအမှတ် အစီအစဉ် အား စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း၊ဆရာကြီး ဦးဂိုအင်ကာ၏ ခရီးစဉ်တွင်နိုင်ငံပေါင်း၂၂နိုင်ငံမှ ယောဂီပေါင်း ၇၅ဝကျော် လိုက်ပါလာခဲ့သည့်အပြင် ထိုခရီးစဉ်တွင် မပါဝင်ဘဲ ပြင်ပမှ သီးသန့်လာရောက်သည့် နိုင်ငံခြားသား ယောဂီမှာ ၂ဝဝ ခန့်ရှိကြောင်း ဆရာကြီး ဦးဂိုအင်ကာ၏ သားဖြစ်သူ ဦးမောင်ရွှေက ပြောသည်။ ဆရာကြီးသည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက မြန်မာ နိုင်ငံသို့ ရောက် ရှိခဲ့ခြင်း ဖြစ်ပြီး ၁ဝ ရက်ကြာနေထိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ရှိနေစဉ်ကာလအတွင်း နိုင်ငံခြားသား ယောဂီများနှင့်အတူ ကျိုက်ထီးရိုးစေတီ အပါအဝင် မန္တလေးနှင့် နေပြည်တော်ရှိ စေတီ ပုထိုးများနှင့် တရားစခန်း များသို့ သွားရောက်ဖူးမြော်၍ တရားရှုမှတ် သွားမည်ဖြစ်ပြီး အိန္ဒိယသို့ ပြန်ချိန်၌ မြန်မာနိုင်ငံမှ ယောဂီများအား အိန္ဒိယရှိ ကမ္ဘာ့အံ့ဖွယ် ရွှေတိဂုံပုံတူ ပုထိုးစေတီတော်ကြီးနှင့် ထင်ရှားသော နေရာများသို့ ပို့ဆောင် ပေးမည့် ခရီးစဉ်ကိုလည်း စီစဉ်ထား ကြောင်း သိရသည်။
ဏြ-ဝ၂ဝ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s