၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု့ (အပိုင်း-၁)
Posted: 31 Dec 2012 07:36 PM PST ဇန်နဝါရီ ၁၊ ၂၀၁၃ M-Media ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား မွတ်စလင်မ်တို့ နှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများကို အနှစ်ချူပ်ပြီး စုစည်းတင်ပြလိုက်ရပါသည်။ ယခု သတင်းအနှစ်ချူပ်မှာ အနည်းငယ် များပြားတာကြောင့် အပိုင်းခွဲပြီးတင်ပြသွားမည်ဖြစ်ကြောင်း စာဖတ်ပရိတ်သတ်အား အသိပေးအပ်ပါသည်။ ဇန်နဝါရီ ၃.၁.၂၀၁၂ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာကြတဲ့ မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာကျတဲ့ အကျဉ်းသားများကို မန္တလေးမြို့ခံ မွတ်စလင်မ် များမှ သွားရောက်၍ အအေးများတိုက်ကျွေးခြင်း၊ လမ်းစရိတ်ထောက်ပံ့ခြင်း၊ စစ်ကိုင်းတန်းဗလီမှကားဖြင့် အကျဉ်းသားများအား နေအိမ်၊ အဝေးပြေးကားဂိတ်များသို့ ပို့ဆောင်ပေးခြင်း စတဲ့ကူညီမှု့များ လုပ်ဆောင်ပေးခဲ့ကြပါသည်။ ၇၊ ၁၊ ၂၀၁၂ မန္တလေးရနံ ပန်းချီပြပွဲကို ဇန္နဝါရီလ ၇ ရက်နေ့က လမ်း၈၀ နှင့်၂၄ ထောင့် သီရိဝစ္ဆ ခန်းမ မှာ ဖွင့်ပွဲကျင်းပခဲ့ပါသည်။ ဒီပြပွဲမှာ မန္တလေးအခြေစိုက် မြန်မာမွတ်စလင်မ် ပန်းချီဆရာများ ကတော့ ဆရာညိုပြာ၊ ဆရာ အင်ဂါဥုး၊ ဆရာကိုကိုလွင် နှင့် ဆရာ ဘိုဘိုကိုဦး တို့ရဲ့ လက်ရာများ ပါဝင်ပြသခဲ့ပါသည်။ ၈၊၁၊ ၂၀၁၂ အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ တို့ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့သည့် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသားများ၏ မိသားစုဝင်များအား အားပေးသည့် အစီအစဉ်အဖြစ် ၁၉၉၀ ပြည့်လွှတ်တော်အမတ်ဟောင်းနှင့် CRPP အဖွဲ့ဝင် ဦးကျော်မင်း၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွားဝန်ဆောင်မှု့ကုမ္ပဏီများ၏ တာဝန်မဲ့ ကိုယ်ကျိုးရှာမှု့ကြောင့် ဟဂ်ျသွားရောက်လိုသည့် မြန်မာမွတ်စလင်မ်အများအပြား ထိခိုက်ဆုံးရှုံးမှု့ များဖြစ်ပေါ်ခဲ့သည်။ ထိုသို့ထိခိုက်ဆုံးရှုံးမှုများကို ကူညီရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” မှ ဦးစီးပြီး “တရားမနစ်နာမှု့” များနှင့် သက် ဆိုင်သော ဥပဒေအကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောပွဲ အစီအစဉ်ကို မန္တလေးမြို့ ရွှေဖြူပလာဇာ ပထမထပ်တွင် ရှိသော MCPA/MCIA အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ၈၊ ၁၊ ၂၀၁၂ နဝတ/နအဖ အစိုးရလက်ထက် တရားဝင်ထုတ်ပြန်ကြေငြာခဲ့သော တိုင်းရင်းလူမျိုး (၁၃၅) မျိုးတွင် ပါဝင်သည့် ကမန်တိုင်းရင်းများမှာ နိုင်ငံသားစိစစ်ရေး ကဒ်များပြုလုပ်ရာတွင် အခက် အခဲ ပေါင်းစုံ ကြုံတွေနေရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကို သံတွဲမြို့ မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့တိုင်ကြားခဲ့သည်။ ကမန်တိုင်းရင်းသား အများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ များဖြစ်ကြ သည်။ http://www.m-mediagroup.com/news/1931 ၈၊ ၁ ၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပ အဌမ အကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ ကို ၈-၁-၂၀၁၂(တနင်္ဂနွေနေ့) အမျိုး သားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ မှာ ပြုလုပ်ခဲ့ကြပါသည်။ ၁၃၊၁၊၂၀၁၂ ၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးတိုင်း NLD တိုင်းစည်း တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြ ပူတာအို အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့ သည်။ ဒေါ်ဝင်းမြမြမှာ နိုင်ငံရေးမှု့ ၅(ည) ပုဒ်မှဖြင့် ထောင်ဒဏ် (၁၂) နှစ် ချခံရပြီး အယူခံဝင်ရာအနိုင်ရသဖြင့် (၄) နှစ်လျော့ပြီး ထောင်ဒဏ်(၈) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၇ခုနှစ် စက်တင် ဘာ (၂၇)ရက်နေ့မှာ စတင်အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် (၄) နှစ်ကျော် နေခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ။ ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့သည်။ နိဗ္ဗာန်ဆော်အဖွဲ့ သည် မန္တလေးမြို့မှ အစ္စလာမ်ဘာသာဝင်များ တည်ထောင်ခဲ့သည့် လူမျိုးဘာသာ မခွဲခြားဘဲ သာရေး၊နာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့ဖြစ်သည်။ http://www.m-mediagroup.com/news/1922 ၁၇၊၁၊၂၀၁၂ သာကေတ ၃ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၃ ကျောင်း ပိတ်သိမ်းရန် ရပ်ကွက်နေထိုင်သူအချို့က စာတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး မှ တာဝန်ရှိသူများ လာရောက်ကြရာ စာသင်ကျောင်းမှ စာသင်သားများက ငြိမ်းချမ်းရေး မြတ်နိုးပါ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပါ အစရှိသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။ ၂၀၊၁ ၊၂၀၁၂ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ် နှစ်တစ်ရာမြောက်မွေးနေ့အဖြစ် ဦးရာဇတ်နေ့ အခမ်းအနားကို ၂၀၊၁၊၂၀၁၂ နေ့လည် ၁း၃၀ နာရီက မန္တလေးမြို့ အိုရီယမ်တာဟောက်စ် မှာ ကျင်းပပြုလုပ်၊ ပါမောက္ခဒေါက်တာမျိုးညွှန့်က အဖွင့်အမှာစကားပြောကြား၊ တက်ရောက်လာကြသူအားလုံးမှ မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သ၊ ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြား၊ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြား၊ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီးသီးသြ၀ါဒစကား မိန့်ကြား၊ ဆရာကြီး၏ သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့် ပတ်သက်၍ အမှတ်တရစကားပြောကြား၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ် သူ ဒေါ်အောင်ဆန်း စုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့၊ ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံ္ပမှူးတင်တို့က အမှတ်တရစကားများပြောကြား၊ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၊ ဆရာကြီးဦးရာဇတ်နေ့ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကား တက်ရောက်ခဲ့ကြ။ ၂၁၊၁၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) မ.မ.လအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့် ညီလာခံ ဖွင့်ပွဲအား မင်္ဂလာ ဒုံမြို့နယ် ဘိုခါရီရှားဟ် ဒရ်ဂါတော် တွင် ၂၁.၁.၂၀၁၂ နေ့ တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေ သကြီး သာသနာ ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး၊ နှင့်တာဝန်ရှိသူများ၊ အစ္စလာမ့် ဘာသာ ရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော နိုင်ငံခြား သံတမန်များ ၊ရခိုင် ပြည်နယ် အပါအ၀င် ပြည် နယ်/ တိုင်းဒေသကြီးအသီးသီးမှ မ.မ.လ ဦးစီးအဖွဲ့ဝင် များ နှင့် စိတ်ပါဝင်စားသူ မြန်မာမွတ်စလင် လူငယ် စုစုပေါင်း ၇၀၀ကျော် တက် ရောက် ခဲ့သည်။ ဖေဖော်ဝါရီလ ၁၊ ၂၊ ၂၀၁၂ မြို့နယ်အာဏာပိုင်များကတားမြစ်ပိတ်ပင်သည့် အတွက် ပိတ်ပင်ထားသည်မှာ (၅) လကျော် ကြာမြင့်နေပြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ ၊ မြို့မ ( ၉ ) ရပ်ကွက် ၊ အောင်သပြေ ( ၁၃ ) လမ်းတွင် ဖွင့်လှစ်ထားသော အစ္စလာမ်သာသနာ့ပညာ သင်ကြားရေးစာသင်ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် အစ္စလာမ်ဘာသာရေး ကျောင်း အကျိုးဆောင်နှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာအာဏာပိုင်များသိုပ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ပါသည်။ ၁၂၊ ၂၊ ၂၀၁၂ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြား တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရရုံး ပွဲပါမစ် ချပေးသည့် ရုံးတွင် ခွင်ပြုမိန့် တရားဝင် တင်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပမည့်နေ့ မှ စီစဉ်ထားရာ ခန်းမ မှ ပွဲပါမစ်အတုဟုဆိုကာ ခန်းမအသုံးပြုခွင့် မပြုခဲ့ခြင်းဖြစ်သည်။ ၂၊ ၃ ၊ ၂၀၁၂ ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှား ရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။ ၉ ၊ ၃ ၊ ၂၀၁၂ မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအားထုတ်လွှတ်ခဲ့ပြီး ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ပြတ်ချော်လှောင်ပြောင်ထားခြင်းကို မြန်မာမွတ် စလင်မ်ကျောင်း သား လူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) အဖွဲ့ မှ ကန့်ကွက်သည့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ၂၀ ၊ ၃ ၊ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မှ မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် အစ္စလာမ်ဘာသာဝင် မဲဆန္ဒရှင် များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံပွဲတရပ်ပြုလုပ်ခဲ့ပါသည်။ ၂၅၊ ၃၊ ၂၀၁၂ မြန်မာနိုင်ငံလုံဆိုင်ရ မြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ် မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012) အမျိုးသမီးအခြေခံ အဆင်မြင့် စက်ချုပ်သင်တန်း နှင့် အိမ်တွင်းမှု့ သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း (မ.မ.လ ) သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မုတ္တမမြို့မှ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၄၀) အား သင်ကြားပေးခဲ့ပါသည်။ ဧပြီလ ၈ ၊ ၄ ၊ ၂၀၁၂ ပဲခူးမြို့ ပညာရေးကော်မတီ က ဧပြီ ၁၁ရက်နေမှစတင် ဖွင့်လှစ်ခဲ့သောနွေရာသီအစ္စလာမ် ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေးသင်တန်းဆင်းပွဲကို ဧပြီ ၁၈ရက်နေ့ ဇဟိုရ်အပြီးတွင် ကျင်းပခဲ့ သည်။ အဆိုပါ သင်တန်းဆင်းပွဲ သို့သင်တန်းသား /သူ နှင့်လေ့လာသူ ၈၀ နှင့်အတူပဲခူးမြို့မြိုမိမြိုဖများ၊ ဘာသာရေး ပညာရှင် များ နှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြပါသည်။ ၁၀၊ ၄ ၊ ၂၀၁၂ ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင် မိမိ အသက်ကို ပဓာနမထားဘဲ ကယ် တင်ခဲ့ သည့် ဖြစ်ရပ် ၁၀-၄-၂၀၁၂ ရက်တွင် မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံ တားပေါ်တွင် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ ၁၂၊ ၄ ၊ ၂၀၁၂ ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင် အား ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည်။ ၁၃၊ ၄ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှု များပြုလုပ်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာ စက်လှေ လိုင်စင်အမြဲရနေသည့် ကြံဖွံပါတီကျောထောက်နောက်ခံပြု စီးပွားရေးသမားများ လေလံရှုံးရာမှာ လေလံနိုင်သွားသော မွတ်စလင်မ် စီးပွားရေးသမားများနှင့် ဆွေမျိုးများ၏ နေအိမ်များကို ဖျက်ဆီးပြီး ဗလီဝတ်ကျောင်းတော်ကိုပါ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၁၆ ၊ ၄ ၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။ ၂၀၊ ၄ ၊ ၂၀၁၂ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။ ၂၁၊ ၄၊ ၂၀၁၂ မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး အကြိမ် မောင်တောမြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုပါခွင့်ပြုမိန့်ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခင် အနှစ် ၂၀ ကျော်အတွင်း ရွာတရွာမှ တရွာသွားလျှင် ခွင်ပြုမိန့်ရှိမှသွားခွင့်ရတာဖြစ်ပါသည်။ ယခုကြေငြာချက်မှာ မြို့နယ်ကျော်သွားလျှင်မရကြောင်း သတင်းများမှာ ဖော်ပြခဲ့ပါသည်။ ၂၃၊ ၄၊ ၂၀၁၂ ဧပြီ ၁၂ ရက်နေ့ တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာတွင် ဗလီဖြိုချခံရခြင်း၊ ဧပြီ ၁၃ရက်နေ့မှစ၍ မကွေးတိုင်းသရက်ခရိုင်၊ ကမ္မမြို့နယ် ရှိ ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဖြိုချ ဖျက်ဆီး ခံရသော ဖြစ်ရပ် များနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်များက စာအမှတ် ၇/၂၀၁၂ ဧပြီ ၂၃ရက်နေ့စွဲဖြင့် နိုင်ငံတော် စုံစမ်းရေး ကော်မရှင် ဖွဲ့၍ အချိန်နှင့် တပြေးညီ ဖေါ်ထုတ် အရေးယူပေးရန် သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ၂၄၊ ၄ ၊ ၂၀၁၂ မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်တဘက်ဆွဲကျေးရွာနေ မြန်မာတိုင်းရင်းသားအစ္စလာမ်ဘာသာ ၀င်များမှာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများရရှိရန် အခက်အခဲဖြစ်နေကြောင်း မြစ်မခ သတင်းတပုဒ်တွင် ဖော်ပြခဲ့တာကို တွေ့ရပါသည်။ ၂၈၊၄၊ ၂၀၁၂ ကြာနီကန်ကဘာရ်စတာန်ဥယျာဉ်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မန္တလေးမြို့ရှိ သာရေးနာရေးအဖွဲ့များနှင့် လူငယ်များစုပေါင်းလုပ်အားပေးပြီး ၀ိုင်းဝန်းသန့်ရှင်းမှုကို ၂၈.၄.၂၀၁၂-စနေနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ မေလ ၆ ၊ ၅ ၊ ၂၀၁၂ မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဏာမစာရင်း တွင် ရန်ကုန်မြို့ မှ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ ပြည်သူဂုဏ်ရည်ဆု စတင်ချီးမြှင့်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် စာရင်းတင် သွင်းခြင်းခံရပါသည်။ ၁၃၊ ၅၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ.မ.လဌာနချုပ်မှ ကျင်းပသော န၀မအကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး သွေးဌာနတွင် ၁၃.၅.၂၀၁၂ တနင်္ဂနွေနေ့  ကျင်းပခဲ့ပြိး သွေးလှူဒါန်းပွဲတွင် မ.မ.လ အဖွဲ့ဝင်များ တပ်မတော်သားများ ၊ သံဃာတော်များနှင့် မွတ်စလင်မ်လူငယ်များ စုစုပေါင်း(၃၀၀)ရာကျော် လာရောက် လှူဒါန်းကြပါသည်။ ၁၉ ၊ ၅ ၊၂၀၁၂ ၁၄၈၆ နှစ်မြောက် တမန်တော်မြတ်နေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်း အနား ကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွေ တမန်တော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲတွင် ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ် မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ရန်ကုန်တိုင်းဝန်ကြီးချူပ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ ၂၀၊ ၅ ၊ ၂၀၁၂ မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ ကို ဖွဲစည်းခဲ့သည်။ ၂၁၊ ၅၊ ၂၀၁၂ University Muslim Fellowship (Mandalay) – UMF ၊ တက္ကသိုလ် မွတ်စလင်မ် မိတ်သဟာ အသင်း (မန္တလေး) နှင့် နိဗ္ဗာန်ဆော် အဖွဲ့ တို့ ပူးပေါင်းပြီး မန္တလေး အရိုးအထူး ကု ဆေးရုံ ကြီးကို နေ့စဉ် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းလျှက်ရှိကြောင်းသိရပါသည်။ ၂၄၊ ၅ ၊ ၂၀၁၂ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း ၊ ဒေသခံ မြန်မာမွတ်စလင်မ်များမှ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးကို တိုင်ကြားထားကြောင်း မြစ်မခ သတင်း တပုဒ် မှာ ဖော်ပြပါသည်။ ၂၆ ၊ ၅ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများပြု လုပ်ကြောင်း ယခုကဲ့သို့း မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ ၂၇.၅.၂၀၁၂ မော်လမြိုင်မြို့လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနားကြီးကို (27.5.2012)နေ့တွင် မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ၂၉ ၊ ၅၊၂၀၁၂ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားစေမည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များစွာကို အကြမ်းဖက်သတ်ဖြတ်ပြီး နေရပ်စွန့်ခွါစေသည့် ကြောက်မက်ဖွယ်ရာ အနိဌာရုံ ပဋိပက္ခမီးကြီးရဲ့ အစ (၂၈၊၅ ၊၂၀၁၂) တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာသူ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် သတင်းကို ရခိုင်သတင်းဌာန နိရဉ္စရာ သတင်းဌာန မှ ဝေးလံခေါင်းပါးပြိး ဆက်သွယ်ရေးခက်ခဲ့သည့် ရခိုင်ပြည်နယ်လို နေရာမျိုးတွင်ဖြစ်ပွားခဲ့သည့်ရာဇဝတ်မှု့ဖြစ်ပွားပြီး နာရိအပိုင်းအတွင်း ဓါတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။ နိရဉ္စရာ သတင်းဌာနမှ အနေဖြင့် သတင်း ၂ ပုဒ်တင်ရာတွင် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ပြီး Racial Profiling (လူမျိုးဘာသာ ပုံသွင်းလုံ့ ဆော်ခြင်း) ကျင့်ဝတ်မဲ့ လှုံဆော်သည့်ပုံစံဖြင့် အင်တာနက်စာမျက်နှာတွင် သတင်းတင်ခဲ့သည်။ အဆိုပါလုပ်ရက်နှင့် M-Media မှ ချက်ခြင်း ကန့်ကွက်စာပေးပို့ခဲ့ပြိး ယင်းကဲ့သို့ လူမျိုးရေး ပဋိပက္ခမဖြစ်စေရန် ကျင့်ဝတ်မဲ့ လုပ်ဆောင်မှုများရပ်တန့်ရန် ထည့်သွင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
Related Posts
|
၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု့ (အပိုင်း-၁)
Advertisements