Tuesday, 1 January 2013
မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီ လီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့သည် ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ်၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ မြစ်ကြီးနား မြို့ တွင် လေယာဉ်များ ထည့်ထားသောသေတ္တာ (ကွန်တိန်နာ) တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ရှာဖွေရေး အဖွဲ့တွင် ရွှေတောင်ပေါ် ကုမ္ပဏီ မှ ပရော်ဖက်ဆာ ဦးစိုးသိန်း ဦးစီး (၁၃) ဦး ပါဝင်ပြီး ၊ ရှာဖွေရေးအဖွဲ့မှ မြစ်ကြီးနား လေတပ်စခန်းလေယာဉ်ကွင်းပြေးလမ်းထိပ် မီတာ ၃၀၀ အကွာ တွင် တူးဖော်မှုစတင်ခဲ့ရာမြေကြီး ပေ အနက် ၃၀ ခန့် တွင် သစ်သား သေတ္တာ တစ်လုံးအား စတင်တွေ့ရှိ ခဲ့သည် ဟု ရွှေတောင်ပေါ် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
Spitfire တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံအကြား သဘောတူညီ ချက်ကို ဗြိတိသျှ ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စဉ် ပြီးခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။
တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည့်ဖြစ်ပြီးအကျိုးအမြတ် ခွဲဝေမှုကိုလည်း နိုင်ငံတော် အစိုးရက ၅ဝရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း ဖြစ်သည်။
ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ် တူးဖော်ရေး အပိုင်းကို ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်း စတင်ခဲ့ကာပထမဆုံးအနေဖြင့်သစ်သား တစ်လုံးအား မြစ်ကြီးနားမြို့ တွင်စတင်ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Spitfire တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေနှစ်သောင်းထက် မနည်း ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည်။
အလျား ၃၀ ပေ၊ တောင်ပံအလျား၃၇ ပေရှိသော ယင်း Spitfire တိုက်လေယာဉ်များသည် မြန်မာနိုင်ငံအတွင်းမင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့်မိတ်္ထီလာ (သဲတော)တို့တွင်တည်ရှိပြီး လူနေအိမ် များနှင့် ကင်းလွတ်ရာတွင် တည်ရှိသည်ဟု မှတ်တမ်း မှတ်ရာနှင့် အထောက်အထားများ အရသိရှိရကြောင်း၊
ယင်းတိုက် လေယာဉ်များကို ကျွန်း သေတ္တာများအတွင်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထားရှိကြောင်း၊ ပြည်ပသို့ သယ်ဆောင်ရေး အပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူရန် လျာထားခဲ့ကြောင်း ဗြိတိန်နိုင်ငံDJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ကဆိုသည်။
Mr.David J.Cundall သည် Spitfire လေယာဉ်များ ကို ရှာဖွေရန်အတွက် ၁၉၉၇ ခုနှစ်မှ စတင်ကာမြန်မာနိုင်ငံသို့ ၁၂ ခေါက် ရောက်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီထံမှ သိရသည်။
Myanmar Online News