ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရအနေနဲ့ ပြောခဲ့တာတွေကို လက်တွေ့ မလုပ်ဆောင်တာတွေ ရှိ

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရအနေနဲ့ ပြောခဲ့တာတွေကို လက်တွေ့ မလုပ်ဆောင်တာတွေ ရှိနေတယ်၊ အဲဒါတွေကို လက်ဦး လုပ်ဆောင် ပြမယ်ဆိုရင် နှစ်ဘက်ကြား ယုံကြည်မှု တိုးလာလို့ ငြိမ်းချမ်းရေးအတွက် အဆင်ပြေမယ်၊ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက် ထင်သာမြင်သာ ဆောင်ရွက် ပြသင့်ပါတယ်လို့ သူကဆက်ပြောပါတယ်။

ထိုးစစ်မရပ်ရင် ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်မယ်

January 3,2013 post by BBC news

စောစောပိုင်းက ထားခဲ့တဲ့ ကတိစကားတွေကိုတောင် အစိုးရက တည်အောင် မလုပ်နိုင်ဘူးလို့ သုံးသပ်

ဒီဇင်ဘာလကုန်ပိုင်းက စတင်လို့ အခုနှစ်ဆန်းပိုင်းအထိ ရက်ဆက်ဆိုသလို အစိုးရတပ်တွေက ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေအပေါ် ကုန်းကြောင်းသာမက လေကြောင်းကပါ တိုးမြှင့် တိုက်စစ် ဆင်နေလို့ ရှိရင်းစွဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိခိုက်သွားနိုင်တာမို့ ”ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG ” က ဒီကနေ့မှာ ကြေညာချက်ထုတ်လို့ အစိုးရကို သတိပေး ပြောကြားလိုက်ပါတယ်။

ထိုးစစ်တွေ လုပ်နေရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အဟန့်အတား ဖြစ်မယ်လို့ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအင်န် ချန် ဆန်အောင်က ဘီဘီစီကို ပြောပါတယ်။ ထိုးစစ်တွေဟာ နှစ်ဘက်ကြား တည်ဆောက်ထားတဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့လည်း သူက ဆိုပါတယ်။

စောစောပိုင်းကတော့ အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အခုလဆန်းမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်လို့ ပြောထားသလို ကေအိုင်အိုကလည်း အသင့်ပြင်နေတုန်းမှာ အခုလို ထိုးစစ်တွေကို အစိုးရဘက်က လုပ်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်နိုင်အောင် ထိုးစစ်ကို ရပ်ရမယ်၊ ပျက်ပြားသွားတဲ့ ယုံကြည်မှုကို ပြန်တည်ဆောက် ရမယ်လို့ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးအင်န် ချန် ဆန်အောင်က သုံးသပ်ပါတယ်။ အခုလို ထိုးစစ်တွေ အစိုးရတပ်က ပြုလုပ်လာတာကို သမ္မတဦးသိန်းစိန် မုချ သိမှာပါလို့ သူက ပြောပါတယ်။

အခုလတ်တလောမှာလည်း ဒီငြိမ်းချမ်းရေးကိစ္စအတွက် ဝန်ကြီးဦးအောင်မင်းနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ရှိနေတယ်၊ ဦးအောင်မင်းကလည်း သမ္မတဦးသိန်းစိန်ကို ဆက်လက် တင်ပြပေးမယ်လို့ ပြောတဲ့ အကြောင်း ဦးဆန်အောင်က လက်ရှိ သူတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရအနေနဲ့ ပြောခဲ့တာတွေကို လက်တွေ့ မလုပ်ဆောင်တာတွေ ရှိနေတယ်၊ အဲဒါတွေကို လက်ဦး လုပ်ဆောင် ပြမယ်ဆိုရင် နှစ်ဘက်ကြား ယုံကြည်မှု တိုးလာလို့ ငြိမ်းချမ်းရေး အတွက် အဆင်ပြေမယ်၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက် ထင်သာမြင်သာ ဆောင်ရွက် ပြသင့်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကတော့ နှစ်ဘက်ကြား တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြန်စဖို့နဲ့ လက်တွေ့ ကြားဝင် ကြိုးစားနေတာတွေလည်း ရှိနေပါတယ်။

အေးချမ်းမွန်မှ Jade Land တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s