ဗိုလ်မှုးဘရှင် ၉၈ နှစ်မြောက် ကျင်းပမည့် ရက် အတည်ဖြစ်

ဗိုလ်မှုးဘရှင် ၉၈ နှစ်မြောက် ကျင်းပမည့် ရက် အတည်ဖြစ်

ဟိန်းအောင်
ရန်ကုန်
ဇန်န၀ါရီ ၅

ကမ္ဘာသိ  မြန်မာ့သမိုင်း ပညာရှင် ဇေယျကျော်ထင် ဗိုလ်မှုးဘရှင် ၉၈ နှစ်မြောက် အခမ်းအနားကို ယခုလ ၁၀ ရက်နေ့   နေ့လည် ၃း၃၀ မှ ၅း၃၀ အထိ တော်ဝင်နှင်းဆီ (သီရိခန်းမ) တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း မွေးနေ့ ကျင်း ပရေး ကော်မတီအတွင်းရေးမှုး ဦးတင်ဦးက myanmarmuslim.net သို့  အတည်ပြု ပြောကြားသည်။

“စာပေ ပညာရှင် တစ်ဦးကို ဂုဏ်ပြုတဲ့ အနေနဲ့ လုပ်တယ်။ ဗိုလ်မှုးဘရှင် အမှတ်တရ စာအုပ် ထုတ်နိုင်အောင်လည်း ကြိုးစားနေတယ်” ဟု ဦးတင်ဦးက ပြောသည်။

ဗိုလ်မှုးဘရှင် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၉၄ နှစ်မြောက် အခမ်းအနားဖြစ်သည့် ၂၀၀၈ ခုနှစ်မှစကာ စဉ် ဆက်မပြတ် ကျင်းပခဲ့သည်။

ဗိုလ်မှုးဘရှင် ၉၈ နှစ်မြောက် အခမ်းအနားကျင်းပရန် မကြာမီ ကာလအတွင်း ကျင်းပမည့် ရက်ကို၂ကြိမ် ကြေညာခဲ့သော် လည်း အကြောင်း အမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s