လူမျိုးနဲ့ ဘာသာရေးကို လုံးဝခွဲထုတ်ပစ်လိုက်ရမယ

Mg Thit Sar

ဂေါတမကိုးကွယ်၊ ကိုးကွယ်၊ ဂျေးဆပ်ခရိုက်စ်ကို ကိုးကွယ်ကိုးကွယ်၊ သို့မဟုတ် အလ္လာကိုးကွယ်၊ ကိုးကွယ် – ကြိုက်တာကိုးကွယ်။ အဲဒါနိုင်ငံတော်နဲ့ ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့ အလုပ်လည်းမဟုတ်ဘူး။ ဘာသာရေး ဆိုတဲ့ဟာက ကျွန်တော်တို့တတွေတစ်ဦးချင်းစီရဲ့ ယုံကြည်မှုအနေနဲ့ ဆက်ထားရမယ်။ဘာလုပ်ရမလဲဆိုတော့ လူမျိုးနဲ့ ဘာသာရေးကို လုံးဝခွဲထုတ်ပစ်လိုက်ရမယ်။ ဗမာပြည်ပေါ်မှာ သံယောဇဉ် ရှိပြီးတော့ ဗမာပြည်ရဲ့အကျိုးစီးပွားကို အကျိုးဆောင်ပေးမယ့်လူတွေ၊ ဗမာပြည်ထဲမှာရှိတဲ့လူတွေကို တစ်နိုင်ငံတည်းမှာနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲဆိုပြီး လူမျိုးမရွေး၊ ဘာသာမရွေး မြင်နိုင်တဲ့ အမြင်ကို စတင်မှရမယ်။

တပ်ထဲမှာကြည့်လိုက်။ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ အရာရှိတွေကလွဲလို့ ကျန်တဲ့အရာရှိတွေမရှိတော့ဘူး။ စစ်တပ်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားနဲ့ ဗုဒ္ဓဘာသာကလွဲလို့ရှိရင် ကျန်တဲ့ ဘာသာဝင်တွေကိုအပြတ်ရှင်းထုတ်လိုက်တယ်။ ဒါကစစ်တပ်မှာလုပ်တယ်ဆိုရင်တော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ၊ နိုင်ငံထူထောင်တဲ့နေရာမှာ ငါကိုးကွယ်တဲ့ဘုရားကိုကိုးကွယ်တဲ့ လူတွေပဲ နိုင်ငံတော်ကိုသစ္စာရှိတယ်ဆိုတဲ့ အမြင်နဲ့သွားရင် ကျွန်တော်တို့ကဟစ်တလာ ဂျာမနီခေတ်ကို ပြန်ရောက်လိမ့်မယ်။ အဲတော့အဲလိုအမြင်မျိုးကို ပြည်သူတွေကြားထဲမှာ ဖြန့်နေတယ်ဆိုလို့ရှိရင် တိုင်းပြည် ကို ကမောက်ကမလုပ်တာပဲလို့ ကျွန်တော်မြင်တယ်။

တစ်ယောက်နဲ့တစ်ယောက် သည်းခံဖို့တင်မဟုတ်ဘူးဗျ။ အလ္လာကိုပဲကိုးကွယ်၊ ကိုးကွယ်၊ ဗုဒ္ဓကိုပဲကိုးကွယ် ကိုးကွယ်၊ သခင်ရေရှုကိုးကွယ်၊ ကိုးကွယ် လေးစားရမယ်။ နောက်ပြီး သွေးစကားပေါ့။ လူမျိုးရေးဆိုရာမှာ သွေးဆိုတဲ့ စကားကိုဆွဲထုတ်ပြစ်မှရမယ်။ နာဇီဂျာမနီရဲ့ အယူအဆကို သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ လက်ခံ မယ်ဆိုလို့ရှိရင် အလွန်ဆုံးရှုံးတယ်။ ခေတ်နဲ့လည်းမလျော်ညီဘူး။ တိုင်းပြည်လည်းကမောက်ကမဖြစ်ပြီး ယူဂို စလားဗီးယားနိုင်ငံလိုကွဲမယ့် အိုက်ဒီယိုလော်ဂျီ အမြင်ဖြစ်တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့လို ပြည်သူအများက လေးစားတဲ့သူတွေထဲက ဗမာပြည်သူတွေကို လူမျိုးရေးအမြင်၊ လူမျိုးရေးနို့သက်ခံပြီးတော့ စို့နေတဲ့ဟာကို ခွဲထုတ်ပစ်မှရမယ်။

Dr. Zarni:

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s