အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

နယူးဒေလီ၊ဇန်န၀ါရီ-၇

အိန္ဒိယကာကွယ်ရေးဝန်ကြီး အေ၊ ကေ၊ အန်ထော်နီသည် မြန်မာနှင့် သြစတြေးလျသို့ လာမည့်အပတ်အတွင်း သွားရောက်လည်ပတ်မည်ဟု Press Trust of India သတင်းကဖော်ပြသည်။

ဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၂၂ မှ ၂၃ ရက်အထိ သွားရောက်မည်ဖြစ်ကာ မြန်မာ့တပ်မတော် စွမ်းရည်တိုးတက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးမည်ဟု အာဏာပိုင်များကပြောသည်။ မြန်မာနှင့် အိန္ဒိယသည် နှစ်နိုင်ငံ ထိစပ်နယ်နိမိတ်အရှည် ၁၆၀၀ ကီလိုမီတာရှိပြီး နယ်စပ်စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးရေးအတွက် လတ်တလောတွင် လုပ်ဆောင်နေသည်။ အိန္ဒိယအစိုးရသည် ၎င်း၏လေတပ်သုံး ရုရှားလုပ် မစ်-၃၅ ဂျက်တိုက်လေယာဉ်များဖြင့် မြန်မာလေတပ်အရာရှိများကို လေ့ကျင့်ပေးရန်လည်း စဉ်းစားနေကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယသည် မြန်မာစစ်တပ်မှ ပညာတော်သင်များကို ၎င်း၏စစ်အကယ်ဒမီများနှင့် အခြားလေ့ကျင့်ရေးဌာနများ၊ ကျောင်းများတွင် တိုးမြှင့်ခေါ်ယူပေးသွားရန်လည်း မျှော်လင့်နေကြောင်း သိရသည်။ ၀န်ကြီးအန်ထော်နီသည် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီလတွင် သွားရောက်ကာ နှစ်နိုင်ငံရေတပ်များ ဆက်ဆံရေးဖွံ့ဖြိုးရန် ဆွေးနွေးမည်ဟုသိရသည်။

Ref: bernama

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s