ဒေါ်စုစကား စဉ်းစားရာပါ ၊ ယုံကြည်မှုတော လုံ့ဝမရှိဘူး …

အစိုးရကမဖိတ်ခေါ်ဘဲ ပါဝင်ဆောင်ရွက်လို့ မရဘူးဆိုပြီး ပြောတာ ပါဝင်ဆောင်ရွက်ခွင့်ရချင် လို့   ပြောနေ တာနော်။ ဗမာစကားနဲ့ ရှင်းရှင်းလေး ထပ်ခါ ထပ်ခါပြောနေတာ။ ဒီစကားပြောလာတာ အခေါက်ရေလဲ မနဲတော့ဘူး၊ ဦးသိန်းစိန် တကယ်နားမလည်လို့လား၊ နားမလည်ချင် ဟန်ဆောင်နေ တာလား ကြာလေ တွေးစရာဖြစ်လေပဲ……..
Waiy Maung shared ခွန် ဒီးယမ်‘s photo.

လွန်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ ပဍိပက္ခတွေ အပေါ် အရင်းတည်ပြီး နိုင်ငံရေးအရ အမြတ်မထုတ်လိုကြောင်း၊ ပဍိပက္ခတွေအပေါ် အကောင်း ဆုံးဖြေ ရှင်းနိုင်အောင် ကျိုးစားဖို့အခွင့်အရေး အာဏာရအစိုးရကို ပထမဦးဆုံးပေးရမှာဖြစ်ကြောင်း၊ (အစိုးရ က ပြေလည်အောင် မဖြေရှင်းနိုင်တော့လို့အကူအညီတောင်းလာရင်တော့) မိမိအနေနဲ့ ကူညီပေးဖို့ အဆင် သင့်ရှိကြောင်း စသည်ဖြင့် ထပ်ခါ ထပ်ခါပြောဆိုလာခဲ့ပြီး အစိုးရရဲ့ ဖြေရှင်း လုပ်ကိုင်ပုံနဲ့ ပက်သက်ပြီး ဘယ်လိုမှတ်ချက်မှ မပေးခဲ့ဘူး။

ယခု တစ်နှစ်ကျော်ကျော်ကြာလာတဲ့ 2013 ခုနှစ်ထဲအရောက်မှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဝေဖန်မှုတွေ စတင်ပြုလုပ်လာတာ တွေ့ရတယ်။ ဒါ ကျိုးကြောင်း ဆီလျော်ပါ တယ်၊ စောင့်ကြည့် အခွင့်အရေးပေးပြီး လုံလုံလောက်လောက် အချိန်ကြာ လာတော့ မှ ဝေဖန် တာဖြစ်တဲ့အတွက် “မလုပ်တောင်မလုပ်ရသေးပဲ မဝေဖန်နဲ့၊ စောင့်ကြည့်ပါဦး” ဆိုတဲ့အပြော အဆိုမျိုး ကနေ ကင်းလွတ်တယ်။ ဒီလိုစတင်ဝေဖန်လာရာမှာ “အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း (3-1-2013-RFA)၊ “ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ရတာ” “စကားပြော လို့မရလို့ စစ်တိုက်တယ်ဆိုတဲ့သဘောရှိတာပေါ့၊ ဒါမှမဟုတ် စကားပြောပြီးမဖြေရှင်းချင်လို့ တိုက်တယ် ဆိုတဲ့ သဘောရှိတာပေါ့” (9-1-2013-Parliament) စသဖြင့် ဆက်တိုက်ဝေဖန် လာပြီး နောက် ဆက်တွဲအနေနဲ့ ” (ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကူညီဖို့) အစိုးရဘက်က လုံးဝ ဖိတ်ခေါ်ခြင်းမရှိ ပါဘူး၊ ကျမကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်ပြီးတော့ အကူအညီပေးစေချင်တယ်ဆိုလို့ရှိရင် လုပ်ဖို့အဆင် သင့်ပါပဲလို့ ပြောထားတာက တစ်နှစ်တောင် မကတော့ဘူး” (3-1-2013)၊ “အစိုးရ ကမဖိတ်ခေါ်ဘဲ ပါဝင်ဆောင် ရွက်လို့ မရဘူး (9-1-2013)” စသည်ဖြင့် ပြော ဆိုလာ တာ တွေ့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s