သဲချောင်းမှရိုဟင်ဂျာများအခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်နေရ
![]() |
စစ်တွေမြို့ရှိ ဘောဒူဖဒုက္ခသည်စခန်း (ဓါတ်ပုံ – နေမင်းခ/RB News) |
သို့သော်လည်း သဲချောင်းကျေးရွာရှိ ရိုဟင်ဂျာမွတ်စလင်များအား စစ်တွေမြို့ပေါ်သို့ သွားရောက် ခွင့် မပြုခြင်း၊ ကူးသန်းရောင်းဝယ်ခွင့်မပြုခြင်း၊ လွတ်လပ်စွာ မည်သည့်နေရာ သို့မှသွားခွင့် မပြုခြင်းနှင့်ဆေး ၀ါးကုသခွင့် မပြုခြင်းတို့ဖြင့် ကန့်သတ်ထားသောကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့နေရသည်ဟု သဲချောင်းရွာမှဒေ သ ခံ ရိုဟင်ဂျာတစ်ဦး မှ RB News သို့ပြောသည်။
ထို့အပြင် လွန်ခဲ့သည့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် အင်ဒိုနီးရှားနိုင်ငံ မှနိုင်ငံခြားရေးဝန်ကြီး လာရောက် ၍ ဒုက္ခသည် စခန်းများကိုကြည့်ရှူ ခဲ့သော်လည်း ရိုဟင်ဂျာ ဒုက္ခ သည်စခန်းများ ကိုပြရုံ သာပြ သသွားသည်ဟုသိ ရသည်။
“အင်ဒိုနီးရှား ၀န်ကြီး စစ်တွေလာတော့ ပြည်နယ်အစိုးရနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ဒုက္ခသည် စခန်းတွေ ကိုသာ အဓိကထားခေါ်သွားတယ်။ ရခိုင်ဒုက္ခသည် စခန်းတွေကိုသေချာပြတယ်။ ရိုဟင် ဂျာတွေ ရဲ့ ဒုက္ခသည် စခန်းကိုရောက် တယ်ဆိုရုံဘဲ ရောက် ခဲ့တယ်။ သေသေချာချာ လိုက်မပြ ဘူး။ နောက်ပြီးတွေ့ဆုံပွဲမှာလည်း ရခိုင်လူမျိုးသီး သန့်ဘဲတွေ့ဆုံခွင့် ရခဲ့တယ်။ ရိုဟင်ဂျာလူမျိုးတွေ ထဲကခေါင်းဆောင်ပိုင်းတွေကိုခေါ်ပြီး တွေ့ဆုံတာမျိုးမရှိဘူး။ ကားပေါ်က ငါးမိနစ်လောက်ဆင်းပြီး ခဏနေတော့ပြန်သွားတယ်။ အခုရှိနေတဲ့တဲ တွေကမိုးရာသီဆိုတော်တော် ဒုက္ခရောက်ဖို့ရှိတယ်” ဟုရို ဟင်ဂျာ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောပါ သည်။