စိတ်မကောင်းဖွယ် ဖြစ်စဉ်လေးတစ်ခု

Zayar Zy shared Aye Chan Mon‘s photo.

ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်များကို ကျွန်တော် စိတ်မကောင်းဖွယ် ဖြစ်စဉ်လေးတစ်ခု မတင်ဆက်ချင်လဲ တင်ဆက်ပေးရပါဦးမယ်။ ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော်တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရန်သူ့ ကျည်ဆံထိလို့လား ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့လားဆိုတာကို ယခုထက်တိုင် မည်သူမျှ မသိရသေးပါဘူး။ လေသူရဲကတော့ DSA အပတ်စဉ် ၃၈ မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက်ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ အသက်ရှင်နိုင်သေးလား ဒါမှမဟုတ် ကျဆုံးသွားပြီလားဆိုတာလဲ အတည်မပြုနိုင်သေးလို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်းဆုတောင်းနေကြပါတယ်။ တပ်မတော်ကြည်းမှ စစ်သည်များကတော့ လေယာဉ်ပျက်ကတဲ့ နေရာတ၀ိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ကာ အပြင်းအထန်ရှာဖွေလျက်ရှိပါတယ်။ တတ်နိုင်သလောက် ကူညီကယ်ဆယ်ပို့ ပြင်ဆင်လျက်ရှိပါတယ်။ down pilot ဖြစ်သွားပြီး survive ဖြစ်လျှင်တော့ မရရအောင် ကယ်ဆယ်ဖို့လည်း ဆုံးဖြတ်ထားပြီးသားပါ။ တပ်မတော်ဟာ ယခုနေရာကို ရှင်းလင်းရတာ အဲဒီနေရာတ၀ိုက်မှာ မိုင်းထောင် ဗုံးခွဲ မိုင်းဆွဲလျက်ရှိလို့ မဖြစ်မနေသာ သွားရောက်ရှင်းလင်းရကြောင်းကိုလည်း အသိပေးအပ်ပါတယ်။ ကျွန်တော့်တို့ရဲ့ လေသူရဲ ကို အမြန်ဆုံးရှာဖွေနိုင်ပါစေလို့ ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။

အေးချမ်းမွန်မှ ဝေဟင်ချစ်သူ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s