ဒါက်တာအေးချမ်းသည် ဌေးလွင်ဦး နှင့် စကားစစ်မထိုးသင့် ဟု ရခိုင်သမိုင်းသုတေသီ ဆရာတော် နှစ်ပါး က သုံးသပ်

အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ ရရိုးထုံးစံမရှိပါ။ အမှန်တရားအား မည်သူမျှ မဖျက်စီးနိုင်ယုံမက အမှန်တရား၏ ဖျက်စီးမှုကိုပင် ပြန်ခံရလေ့ရှိကြောင်း မကြာခင် သိရှိရပေတော့မည်။
=============================================ဒေါက်တာအေးချမ်းသည် ဌေးလွင်ဦး နှင့် စကားစစ်မထိုးသင့် ဟု ရခိုင်သမိုင်းသုတေသီ ဆရာတော် နှစ်ပါး က သုံးသပ်သမိုင်းလိမ် ဟုတ်မဟုတ်ကို စကားစစ်ထိုးခြင်းအားဖြင့် ဆန်းစစ်နိုင်ခြင်း မရှိ ဆိုသည့်အချက်အပြင်၊ ဒေါက်တာအေးချမ်းမှာ နိုင်ငံတကာ အဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး ဌေးလွင်ဦးမှာ မိမိတို့၏ ဘလေ့ကို နာမည်ကြီးအောင်ကြံဆောင်နေသည့် အပျော်ထမ်း ဘလော့ဂါတစ်ဦးသာ ဖြစ်သည့်အတွက် ဒေါက်တာအေးချမ်း အနေဖြင့် ဘလော့ဂါ ကုလား ဌေးလွင်ဦးနှင့် စကားစစ်ထိုးမှု မလုပ်သင့်ကြောင်း ရခိုင်သမိုင်းသုတေသီ ဆရာတော်နှစ်ပါးဖြစ်သည့် သံတွဲအခြေစိုက် အသျှင်ကောသလ္လ (စာရေးဆရာ ဂဝေသီ) နှင့် စစ်တွေအခြေစိုက် ရမ္မာဝတီ အသျှင်ပညာစာရ တို့က Coral Arakan အားပြောကြား လိုက်သည်။

မောင်သိုက်ခ (ရန်ကုန်) ဆိုသူက ရွှေမြန်မာမီဒီယာသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ တစ်စောင်တွင် အလားတူသဘော အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရသည်။

“ကေသရာဇာြ¬ခင်္သေ့သည်ြေ¬မခွေးငယ်၏ ပြိုင်ဘက် မဟုတ်သကဲ့သို့ ရေတွင်းထဲမှ လရိပ်သည် ကောင်းကင်ယံမှ လပြည့်ဝန်းနှင့် ထပ်တူထပ်မျှ မကျနိုင်ပေ။ ဆရာ ဦးအေးချမ်းသည် နိုင်ငံတကာအဆင့် ပညာရှင် တစ်ဦြး¬ဖစ်၍ တဖက်လူမှာမူ သာမန် အပျော်တမ်း ဘလော့ဂါမျှသာ ဖြစ်လေသေြာေ¬ကာင့် ဆရာအနြေ¬ဖင့် သူတို့ ၏ စိန်ခေါ်မှုကို လက်မခံသင့်ဟု ထင်မိပါသည်။”

ဒေါက်တာအေးချမ်း၏ ပရိတ်သတ်တစ်ဦးက “ဒေါက်တာအေးချမ်းဟာ လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဆရာဟာ ရခိုင်တစ်မျိုးသားလုံးက လေးစား ချစ်ခင်ကြတဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့အတွက် ရခိုင်လူမျိုးတွေရဲ့ ဆန္ဒကို ထည့်သွင်းစဉ်းစားပေးရင် အများက ၀မ်းသာကြမှာပါ” Coral Arakan အား ၄င်း၏ ထင်မြင်ချက်ကို ပြောကြားသည်။

(Coral Arakan အတွက် ယုသန္တာခင် ရေးသားသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s