နိုင်ငံသားရပိုင်ခွင့်တောင်းဆိုလျှင် အကြမ်းဖက်ခံရမည်ဟုဆို

နိုင်ငံသားရပိုင်ခွင့်တောင်းဆိုလျှင် အကြမ်းဖက်ခံရမည်ဟုဆို

Qutub Shah
RB News
14.1.2013

မောင်းတော ။ ။ မောင်းတောမြို့မြောက်ပိုင်း၊ အင်းဒင်ကျေးရွာတွင် စရဖ (ထောက်လှမ်း ရေး) မရှိသည်မှာလွန်စွာအချိန်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် စရဖ နှစ်ဦးရောက်ရှိလာပြီး ဦးဒေါင်းရွာမှ အင်းဒင်ရွာသို့နွားနှင့်ကျွဲဝယ်ရန်ရောက်ရှိလာသောကုန် သည်နှစ်ဦးဖြစ်သည် မော်လ၀ီဦးအန်ဂျာသ်ဟူစိန်းနှင့်ဦးမိုဟာမတ်အာယုပ်တို့အားဖမ်းဆီး၍ ရိုက်နှက်ခဲ့ကြောင်းသိရသည်။ ထို့နောက် ငွေကျပ် ၆ သောင်းယူ၍ထိုသူများကိုပြန်လည် လွတ်ပေးခဲ့သည်။

ထိုစရဖနှစ်ဦးရောက်ရှိလာသည့်နေ့မှစ၍အင်းဒင်ရွာသား ၄ ဦးကိုနေ့ပိုင်းခေါ်၍ စရဖစခန်း၌ အလုပ်ခိုင်းပြီး ညဘက်တွင်လည်းလုံခြုံရေးဟုဆို၍ ၄ ဦးကိုခေါ်ပြီး အလုပ်ခိုင်းလျက်ရှိ သည်။ မြန်မာနိုင်ငံတွင်အတင်းအဓမ္မစေခိုင်းခြင်းကိုတားမြစ်ထားသော်လည်း အင်းဒင်ရွာ သားရိုဟင်ဂျာများကိုလုပ်အားခမပေးဘဲ အတင်းအဓမ္မအာဏာဖြင့်ခိုင်းစေလျက်ရှိကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။
ယခုလ (၅) ရက်နေ့နံနက် ၉း၃၀ နာရီတွင် မောင်းတောမြို့တောင်ပိုင်း မြ၀တီရခိုင်ရွာရှိ စစ်သားများမှ ချင်းခါလီရွာမှ ဦးရဟီးမူလ္လာ (ဘ) ဦးဖဇလ်အား ဇွန်လအကြမ်းဖက်မှုတွင်ပါ ၀င်ပတ်သက်ခဲ့သည်ဟုစွပ်စွဲ၍ ရိုက်နှက်ပြီးဖမ်းဆီးသွားသည်။ မြ၀တီရွာရှိစခန်းတွင်ယခုအ ချိန်ထိချုပ်နှောင်ထားကြောင်းသိရသည်။
ပေါက်တော ။ ။ ဇန်န၀ါရီလ (၈) ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့လာ ရောက်ရန်ရှိသဖြင့် ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးများနှင့် စစ်တိုင်းမှူးတို့ပေါက်တောမြို့ရှိ ဒုက္ခသည်စခန်းသို့လာရောက်ခဲ့ပြီး ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။ စစ်တိုင်းမှူးမှဒုက္ခ သည်များ၏ဆန္ဒကိုမေးမြန်းရာ – ဒုက္ခသည်များမှအချက် (၃) ချက်ကိုတောင်းဆိုခဲ့သည်။ ထိုအချက်များမှာ –
(၁) နေအိမ်များပြန်လည်ဆောက်မပေးမှီ နိုင်ငံသားအသိအမှတ်ပြုရမည်။
(၂) နေအိမ်များပြန်လည်ဆောက်ပေးရမည်။
(၃) မိုးရာသီမတိုင်မှီမိမိတို့၏မူရင်းရွာများသို့ပြောင်းရွှေ့နေထိုင်ခွင့်ပြုရမည်။
စစ်တိုင်းမှူးမှ ထိုတောင်းဆိုချက်များမှ နံပါတ် (၁) အချက်ကိုမတောင်းဆိုရန်ပြောကြားပြီး၊ အကယ်၍ထိုအချက်ကိုတောင်းဆိုမည်ဆိုပါက ရခိုင်များမှ မွတ်စလင်များ၏ရွာများကို ပြန်လည်မီးရှို့၍တိုက်ခိုက်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုသိရသည်။
ကျောက်ဖြူ ။ ။ မွတ်စလင်ဒုက္ခသည်များမှာ စားနပ်ရိက္ခာမလုံလောက်မှု၊ ဆောင်းရာသီတွင် အနွေးထည်၊ စောင်လုံလုံလောက်လောက်မရှိမှုတို့ကြောင့် အအေးဒဏ်ကိုအလူးအလိမ့် ခံစားနေရသည်။ ထိုသို့အအေးဒဏ်ကြောင့် ကျောက်ဖြူမြို့ဒုက္ခသည်စခန်းမှ (၃) ဦး ဇန်န၀ါ ရီလ (၈) ရက်နေ့တွင်သေဆုံးခဲ့ရသည်။ သေဆုံးသူများတွင် အသက် (၈၆) နှစ်အရွယ် ရိုဟင်ဂျာအဖွားအိုတစ်ဦး၊ အသက် (၂၁) နှစ်အရွယ် – ရဖိခ် (ဘ) ဦးဂူရာမျာနှင့် အသက် (၂၀) အရွယ် မျိုးမျိုးတို့ဖြစ်သည်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s