အရှုံးကနေ အနိုင်ပြန်ရနိုင်ပါသည်။သို့ သော်အရှုံးမပေးရန်နှင့်မရပ်တန့် ရန်သာအဓိက ကျပါသည်။ …

အရှုံးကနေ အနိုင်ပြန်ရနိုင်ပါသည်။သို့ သော်အရှုံးမပေးရန်နှင့်မရပ်တန့် ရန်သာအဓိကကျပါသည်။

များများရှုံးအောင်လုပ်

15 JANUARY 2013

အီတလီစကားပုံ တစ်ခုရှိတယ်။ အင်မတန် မှတ်သားစရာ ကောင်းတယ်။ “ဘယ်တော့မှ မရှုံးဖူးသောသူသည် ဘယ်တော့မှ မချမ်းသာနိုင်” တဲ့။ အရှုံး ရှိမှ အမြတ်ရှိနိုင်တဲ့ လောကကြီးမှာ ဘာမှမလုပ် တဲ့လူဟာ ဘာမှရှုံးတာ မဖြစ်တဲ့အတွက် သူ့အတွက် ဘာဆို ဘာမှ ရနိုင်မှာ မဟုတ်ပါဘူး။ ရှုံးဖူးမှ အရှုံးရဲ့ အရသာကို သိလိမ့်မယ်။ အရှုံးထဲက သင်ခန်းစာတွေ ကို ရယူနိုင်လိမ့်မယ်။ အဲဒီ သင်ခန်းစာတွေက အောင်မြင်မှု လမ်းကြောင်းကို လမ်းညွှန်ပေး နိုင်လိမ့်မယ်။ လူတစ်ယောက်ရဲ့ဘဝမှာ အရှုံးလည်း မရှိ၊ အမြတ် လည်း မရှိဆိုတာမျိုး၊ သရေရလဒ်နဲ့ပဲ ကျေနပ်နေရတာမျိုး တွေဟာ ရှိနိုင်ခဲတယ်။ အရှုံးသော် လည်းကောင်း၊ အမြတ်သော် လည်းကောင်း ရှိနေပေ လိမ့်မယ်။ ဘဝဆိုတာ ဘောလုံးကန်နေတာ မဟုတ်ဘူး။ ဟိုမရောက် ဒီမရောက်နဲ့ သရေပွဲကျနေလို့ မဖြစ်ဘူး။ ရှုံးချင်သလောက် ရှုံးစမ်းပါစေ။ ဒါမှမဟုတ် ချန်ပီယံဖလားကို ကိုင်မြှောက်နေတာလည်း ဖြစ်ချင်ဖြစ်ပါစေ။ ပြတ်သားတဲ့ အခြေအနေ တစ်ခုကို ရယူနိုင်ရင် ကောင်းပါတယ်။
ရှုံးတော့ဘာဖြစ်သလဲ၊ ရှုံးတော့ အဲဒီထဲက သင်ခန်းစာ ယူစရာ၊ သင် ယူစရာကိစ္စတွေ အများကြီးရလာနိုင် တယ်။ ဒီတော့ ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက် တွေကို အသေအချာပဲ သိလာရလိမ့်မယ်။ ပြုပြင်စရာတွေ တွေ့ရလိမ့်မယ်။ မပြည့်စုံတာတွေကို နားလည်နိုင်လိမ့်မယ်။ အရှုံးကို တွေ့ရတာဟာ အမြတ်များများရဖို့ လမ်းစပဲ လို့ နားလည်သင့်တယ်။ အမှားတွေကို သိမြင်လာပြီး အဲဒီအမှားတွေထဲကနေ အမှန်ကို ရှာဖွေယူနိုင်လိမ့်မယ်။ များများမှားရင် ဘဝမှာအရှုံးတွေ အများကြီးတွေ့ရတော့မယ်။ အဲဒီအရှုံးတွေဟာ ဝမ်းနည်း ကြေကွဲစရာ တွေလို့ မမြင်ဘူး။ ပျော် ရွှင်အားတက်စရာတွေလို့ မြင်ရ ပါတယ်။ ဘာကြောင့်လဲဆိုရင် အမှား တွေများတော့ အဲဒီတွေကတစ်ဆင့် အရှုံးတွေပေါ် လာရတာမဟုတ်လား။ ရှုံးနေတယ်ဆိုတာ “လှော်ရင်းနစ်” နေ တဲ့ အခြေအနေပဲဖြစ်ပါတယ်။ အရှုံးပေးနေတာ မဟုတ်ဘူး။ အရှုံးနဲ့အရှုံး ပေးတာကို ခွဲခြားနားလည်နိုင်ရင် အဖြေဟာ အလွန် လွယ်ကူစွာ တွေ့ရှိ နိုင်မှာဖြစ်ပါတယ်။ အမှားများ လို့ရှုံးရင် ဘယ်လို အမှားတွေကို ကိုယ်ကျူးလွန်ခဲ့မိသလဲ ဝေဖန်စိစစ် ရတော့မယ်။ ကိုယ့်ကိုယ် ကိုယ် မညှာမတာဝေဖန် သုံးသပ်ရ လိမ့်မယ်။
ဒီတော့ အခြေခံအကြောင်းရင်း ဇာစ်မြစ်တွေကို သိလာကြမှာ အမှန်ပဲ။ အမှားရဲ့ လာရာနဲ့လားရာကို ခွဲခြား သိမြင်နိုင်လိမ့်မယ်။ ဘာတွေမှားနေ သလဲ၊ ဘာကြောင့်မှားသလဲ၊ အဲဒီ အမှားကို ဘယ်လိုပြင်မလဲ၊ ပြင်လိုက်ရင် အဲဒီအမှားက တစ်ဆင့်ပေါက်ဖွား လာလေ့ရှိတဲ့ အရှုံးတွေရဲ့အဖြေကို သိလာကြမှာသေချာတယ်။ ဒီတော့ များများရှုံးတာဟာ များများမှားလို့ဖြစ်ပြီး အဲဒီအလွန်များပြား တဲ့ အမှားတွေကို ပြုပြင်ပြင်ဆင်ခွင့် ရအောင် ကြိုးစားနိုင်ခဲ့ရင် အလွန်များ ပြားတဲ့ အမှန်တွေ ရရှိလာနိုင်ပြီးနောက် ဆက်တွဲကတော့ အမြတ်တွေ တောင် လိုပုံလာပါလိမ့်မယ်။ ဒီတော့ များများ ရှုံးတာဟာ များများမြတ်ဖို့ အခြေခံ အချက်အလက်ပဲဆိုတာကို သိမြင် လာကြမှာ သေချာပါတယ်။ လူသိများတဲ့ (GH) “General Mortor” ကုမ္ပဏီတီထွင်မှုပါရဂူ “ချား ကက်တရင်း” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ရှိတယ်။ သူက ကုမ္ပဏီအတွက် ပစ္စည်းအတော်များများကို တီထွင်ခဲ့ဖူး တယ်။ ဒါပေမဲ့ သူ့ရဲ့ တီထွင်မှုကိစ္စတွေဟာ “တစ်ချက်ပစ် တစ်ကောင်မှန်” ကိစ္စမျိုးတော့ မဟုတ်ဘူး။ အမှားတွေ အများကြီး ကျူးလွန်၊ အရှုံးတွေ အောင်မြင်မှုမျိုးတွေ ဖြစ်ပါတယ်။ တခြားမကြည့်နဲ့ (GM)ကုမ္ပဏီ က တီထွင်ထုတ်လုပ်ခဲ့တဲ့ “ဒီဇယ် အင်ဂျင်” ကိုပဲကြည့်၊ ခြောက်နှစ်လုံးလုံး စိတ်ကူး အမျိုးမျိုးထုတ်၊ အမျိုးမျိုးစမ်း သပ်မောင်းနှင်၊ အမျိုးမျိုးနစ်နာဆုံးရှုံး ပြီးတော့မှ နောက်ဆုံးမှာ အောင်မြင်ခဲ့ ရတာပါ။ အရှုံးတွေကြားက အမြတ်ရ အောင် ဆောင်ရွက်ခဲ့ရတာဖြစ် ပါတယ်။
အလုပ်ဖြစ်တဲ့၊ အမြတ် အစွန်းရတဲ့ အခြေအနေဆိုတာ အရှုံးပေါင်းများစွာကို ဖြတ်သန်းပြီးမှ ရရှိ နိုင်တယ်ဆိုတာ ဒီနေ့အောင်မြင်နေ တဲ့၊ ချမ်းသြွာကယ်ဝနေတဲ့ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ သန်းကြွယ် ကုဋေကြွယ် သူဌေးကြီးတွေက သက်သေခံပါ လိမ့်မယ်။ လောကမှာအစရှိမှ အဆုံးရှိ သလို အရှုံးရှိမှလည်း အမြတ်ရနိုင် ပါတယ်။ အရှုံးတွေဟာ အမြတ်အတွက် ခြေလှမ်း အစဖြစ်တယ်လို့ ယုံကြည်ရင်လွဲမယ်မထင်ပါဘူး။ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် တီထွင်မှုသမိုင်း ဒါမှမဟုတ် လူမှုတော်လှန် ရေးများဟာ တာထွက်ကတည်းက အောင်မြင်မှုသရဖူ ဆောင်းခွင့်ရရှိ လာခဲ့ကြတာ မဟုတ်ပါဘူး။ အမျိုးမျိုး လဲကျ၊ အမျိုးမျိုး ဆုံးရှုံးပြီးမှသာ အဲဒီအခြေအနေကို ရောက်ခဲ့ရတယ်ဆိုတာ လူတိုင်းသိပါတယ်။ မင်ဒဲလားပဲဖြစ်ဖြစ်၊ လင်ကွန်းပဲ ဖြစ်ဖြစ်၊ မော်စီတုံး ပဲဖြစ်ဖြစ် အတော် များများပုဂ္ဂိုလ်တွေဟာ အရှုံးတွေထဲက အကြိမ်ကြိမ် လူးလဲထရင်းက မမှိတ်မသုန်ကြိုးစား အားထုတ်ခဲ့လို့ နောက်ဆုံးမှာ အောင်မြင်မှုရခဲ့ကြတာ မဟုတ်လား။ ဒီတော့ များများနစ်နာ ဆုံးရှုံးလေလေ များများအောင်မြင် လေလေဆိုတဲ့ သီအိုရီ တစ်ခုကို ရလာ ပါလိမ့်မယ်။ ဘယ်သူမဆို များများရှုံးအောင် လုပ်ကြပါ။ များများရှုံးလေလေ များများအောင်မြင်လေလေ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ ရှုံးတာနဲ့ အရှုံးပေးတာ မတူဘူးဆိုတာကိုလည်း ခွဲခြားနားလည် ဖို့ လိုလိမ့်မယ်။
ကိုယ်လုပ်ချင်တာကို အားမာန်အပြည့်နဲ့ လုပ်ရင်းကိုင်ရင်း ရှုံးသွားရတာနဲ့ ဘာမှမလုပ်မကိုင် မကြိုးစားဘဲ အရှုံးပေးလိုက်တာမျိုး ဟာ အမှန်တကယ်ပဲ ကွာခြားတယ် ဆိုတာကို နားလည်စေချင်ပါတယ်။ ရှုံးပါစေ ဆက်လုပ်ပါ။ ဆက်ရှုံးပါစေ ထပ်ပြီးလုပ်ပါ။ အကြိမ်ကြိမ် လုပ်ကိုင်ရင်း အရှုံးထဲက အမြတ်ရလာပါလိမ့် မယ်။ ဒီတော့ များများရှုံးနေပါစေ မမှုပါနဲ့၊ အချိန်တန်ရင် အမြတ်ရပါ လိမ့်မယ်။ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မည်းသည်ဖြစ်စေ ဘယ်သူမဆို သင့်လျော် ရာ အလုပ်တစ်ခုမဟုတ် တစ်ခုကို လုပ်ရပါလိမ့်မယ်။ တစ်ဦးချင်းအကျိုးက အစချီပြီး အများအကျိုးအတွက် အလုပ်လုပ် ရပါလိမ့်မယ်။ အလုပ်လုပ် ရင် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတာ ကြုံရလိမ့်မယ်။ များများမှားလေ အမှန်တရားနဲ့ နီးလာလေလေဖြစ်လိမ့် မယ်။ အမှားတွေကိုပြင်ရင်း အမှန်နဲ့ အနီးဆုံးနေရာကို ရောက်လာလိမ့်မယ်။ များများမှားရင် များများရှုံးလိမ့် မယ်။ များများရှုံးရင် များများမြတ်လာ ပါလိမ့်မယ်။ ဘယ်သူမဆို နားလည်စေချင်တယ်။ အမှားကို ကြောက်ပြီးဘာကိုမှ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာထက် လုပ်ချင်တာ၊ လုပ်သင့်တာဆိုရင် လုပ်ပါ။ အမှားထဲက အမှန်ကို တွေ့ရှိ လာပါလိမ့်မယ်။ အမှန်ထဲမှာ အောင်မြင်မှုတွေ ခိုအောင်းနေ တတ်တာလေ။ မှားမှာ ရှုံးမှာမကြောက်ဘဲ များများ ရှုံးအောင်လုပ်ကြပါ။

ထက်ကျော်

အေးချမ်းမွန်မှ အခွင့်အလမ်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s