မြန်မာ့ရိုးရာယဉ်ကျေးမှုကို တရုတ်နည်းပညာဖြင့် ကမ္ဘာသိအောင် ပြသပေးလိုဟုဆို

မြန်မာ့ရိုးရာယဉ်ကျေးမှုကို တရုတ်နည်းပညာဖြင့် ကမ္ဘာသိအောင် ပြသပေးလိုဟုဆို

မြန်မာ့ရိုးရာယဉ်ကျေးမှုကို တရုတ်နည်းပညာနှင့်ပူးပေါင်းကာ အရှေ့တောင်အာရှသာမက ကမ္ဘာသို့ ပြသပေးချင်သည့် ရည်ရွယ်ချက်ရှိကြောင်း ၂၀၁၂ ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားများအတွက် ကူညီမည့် တရုတ်နည်းပညာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ ခေါင်းဆောင်က ပြောသည်။

နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် ကူညီရန် ကြိုတင်လာရောက် လေ့လာဆွေးနွေးသည့် တရုတ်နိုင်ငံမှ ၂၄ ဦးပါအဖွဲ့သည် ဇန်န၀ါရီလ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုက ကြွယ်ဝလှပါတယ်။ မြန်မာ့ရိုးရာအနုပညာကို တရုတ်နည်းပညာနဲ့ အရှေ့တောင်အာရှသာမက တစ်ကမ္ဘာလုံးကို ပြသချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ်” ဟု အဆိုပါအဖွဲ့ခေါင်းဆောင် မစ္စစွမ်းရှောင်ဟုန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ်တွင် မီဒီယာများကို ပြောသည်။

“တရုတ်နိုင်ငံဘက်က နည်းပညာပိုင်းပွဲယူမှာပါ။ ကျန်တာတွေက မြန်မာလူမျိုးတွေပဲ ပြင်ဆင်ဖျော်ဖြေစီစဉ်တင်ဆက်သွား မှာပါ” ဟု အဆိုပါအခမ်းအနားများအား တာဝန်ယူဆောင်ရွက်နေသည့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောသည်။

ဒေသတွင်း အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများ တင်ဆက်မှုကို အခြားနိုင်ငံများနှင့် မပြိုင်လိုသော်လည်း ထူးခြားအောင် လုပ်နိုင်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက အသေးစိတ်ထပ်မံပြောနိုင်မည် ဖြစ်ကြောင်း မစ္စစွမ်းရှောင်ဟုန်က ဆိုသည်။

Source: 7Day News Journal

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s