ရိုဟင်ဂျာ ၈၅၇ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးရေး မြန်မာ့အကူအညီယူမည်ဟု ထိုင်းပြောကြား

Kay Te Zat O shared The Myanma Age‘s photo.

 ရိုဟင်ဂျာ ၈၅၇ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးရေး မြန်မာ့အကူအညီယူမည်ဟု ထိုင်းပြောကြား

ဘန်ကောက် ၊ ဇန်န၀ါရီ ၁၆။

ထိုင်းအစိုးရသည် ၎င်းတို့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၈၅၇ ဦး၏ နိုင်ငံသားဖြစ်မှုကို စစ်ဆေးသွားရန်မြန်မာ၏ အကူအညီကို ရယူမည်ဖြစ်ကြောင်း ထိုင်း အာဏာ ပိုင် များက ပြောကြားလိုက်သည်။

အဆိုပါခိုးဝင်လာသူများမှာ ထိုင်းသို့ အုပ်စုသုံးစုဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုင်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ က ၎င်းတို့သည် လူကုန်ကူးခံရသူများ ဖြစ်နိုင်ဖွယ်ရှိပြီး ဦးဆောင်ခိုးသွင်းလာသူ ၈ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဆိုသည်။ ယင်း လူများတွင် မြန်မာမှ ခြောက်ဦး၊ ထိုင်းမှ နှစ်ဦး ပါဝင် ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဆုန်ခလာပြည်နယ်၊ ဆာဒေါင်ခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရိုဟင်ဂျာ ၃၀၀ သည် အလွန် ဆင်းရဲပင်ပန်းသော အခြေအနေတွင် နေထိုင်နေရကြောင်း
သတင်း က ဆိုသည်။

ထိုင်းတွင် တရားမဝင် ဝင်ရောက်နေသော ရိုဟင်ဂျာ ၈၀၀ တွင်ယောက်ျား ၆၆၇ ဦး၊ မိန်းမ ၃၀ ဦးနှင့်၊ ကလေးငယ် ၁၆၀ ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ကလည်း ခိုးဝင်လာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ပူးပေါင်းပြီး နိုင်ငံမှ ရွှေ့ ပြောင်းရန် ဆွေးနွေးသွားမည်ဟု ယမန်နေ့က ပြောကြားသည်။

ထိုင်းအာဏာပိုင်များက ခိုးဝင်လာသူများကို ပြည်နယ်တွင်းရဲတပ်ဖွဲ့  စခန်းများတွင် ထားရှိမည်ဖြစ်ကာ မိန်းများနှင့် ကလေးများကိုမူ လူမှုဖွံ့ ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၏ လက်
အောက်တွင် ထားရှိသွားမည်ဟု သိရသည်။

Ref: theprovince

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s