စီးပွားရေး၊ လူမူရေးအရ သပိတ်မှောက်ခြင်း

‎Ko Rohingya
စီးပွားရေး၊ လူမူရေးအရ သပိတ်မှောက်ခြင်း
=======================

မနေ့က သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ “ဘားအံမြို့ပေါ်တွင် အစ္စလာမ်ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ”ဆိုတဲ့ သတင်းပါ။ ဒီသတင်းကို ဖတ်ပြီးတော့ ကျနော့ခေါင်းထဲကို ၀င်လာတဲ့ အတွေးများက များလွန်းနေတယ်။ ပထမဦးဆုံး သတိရလိုက်တာကတော့ ဟိဂ်ျရီ (၇) ခုနှစ်မှာ မက္ကဟ်မြို့တော်မှာ…ရှိတဲ့ ကာဖိရ်တွေက ကျနော်တို့ရဲ့ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင်နဲ့ ကိုယ်တော့်ရဲ့ နောက်လိုက်နောက်ပါ မွတ်စလင်မ်တွေကို စီးပွားရေး၊ လူမူရေးသပိတ်မှောက်ခဲ့တဲ့ အကြောင်းအရာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို သပိတ်မှောက်ခဲ့ခြင်းကြောင့် အစ္စလာမ်သာသနာကို မဖြိုဖျက်နိုင်ခဲ့တဲ့အပြင် ပိုပြီးတော့တောင် ခိုင်မာအောင် ပြုပေးလိုက်သလို ဖြစ်ခဲ့တယ်ဆိုတာ ပုံပြင်မဟုတ်တဲ့ အစ္စလာမ့်သမိုင်းနဲ့ ဒဏ္ဍာရီမဟုတ်တဲ့ ကမ္ဘာ့သမိုင်းတွေက သက်သေခံခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လူ့ဗာလတွေရဲ့ မွတ်စလင်မ်တွေအပေါ် သပိတ်မှောက်ခြင်းအပေါ်မှာ ဘယ်လိုမှ ဂရုစိုက်နေစရာအကြောင်း မရှိပါဘူး။

အသိဉာဏ်မဲ့သူများ လုပ်ချင်တာတွေ လုပ်ကြပါစေ။ ကျနော်တို့ မွတ်စလင်မ်တွေအားလုံးရဲ့ ယုံကြည်ချက်က အဖန်ဆင်းခံအားလုံးကို ကျွေးမွေးစောင့်ရှောက်နေတာ အလ္လာဟ်အရှင်မြတ်ပဲ ဖြစ်တယ်။ ဒါကြောင့် မွတ်စလင်မ်တွေဟာ သူတို့တွေ ဈေးလာမ၀ယ်လည်း ပူပင်နေစရာ အကြောင်းမရှိပါဘူး။ ဒီလို သူတို့လုပ်နိုင်လည်း ခဏပါပဲ။ မွတ်စလင်မ်တွေနဲ့ ကင်းလို့ မရအောင် အလ္လာဟ်အရှင်မြတ်က လုပ်ထားပါတယ်။ မြန်မာပြည်ကိုတော့ ထားတော။ ကမ္ဘာမှာ ထိပ်သီးနိုင်ငံတွေလို့ သတ်မှတ်ထားကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေတောင် အာရဗ်ကမ္ဘာနဲ့ ကင်းလို့ရလို့လားဗျာ။ မွတ်စလင်မ်တွေက ဗြိတိသျှရဲ့ လှည့်ကွက်တွေထဲမှာ မျှောပါရင်း၊ အချင်းချင်းတိုက်ကြ၊ ခိုက်ကြ၊ ရန်တွေ ဖြစ်ကြ၊ ငြင်းကြ၊ ခုန်ကြ၊ ဒီလိုဖြစ်နေတာတောင် အလ္လာဟ်အရှင်မြတ်က မွတ်စလင်မ်တွေကို ဘယ်လောက်ချစ်သလဲဆိုရင် မြေကြီးအောက်မှာ ရွှေမဲထည့်ပေးလိုက်တယ်။ အနောက်တိုင်း နည်းပညာတွေ ဘယ်လောက် ကောင်းကောင်း၊ အရှေ့အလယ်ပိုင်းရဲ့ ရွှေမဲမပါရင် အရောင်မထွက်လာပါဘူး။ ကျနော်တို့ ဒီနေ့ လူအများစု သုံးနေတဲ့ ဖုန်းကိုပဲကြည့်။ အဲဒီဖုန်းမှာ အဓိကအားဖြင့် ကော်ရည်၊ Glass ရယ်၊ Cele-com ရယ် သုံးမျိုးပါရှိတယ်လို့ သိရှိရတယ်။ အဲဒီ သုံးမျိုးက သဲနဲ့ ရေနံကနေပြီး ထုတ်လုပ်ရတာ ဖြစ်တယ်။ သဲနဲ့ ရေနံ အပေါဆုံးဒေသက ကမ္ဘာပေါ်မှာ အရှေ့အလယ်ပိုင်း ဒေသပဲ ဖြစ်တယ်။ စွဗ်ဟာနလ္လာဟ်။ ဒါကြောင့် ကျနော်တို့ ဘာမှ စိုးရိမ်စရာမရှိဘူး။ ကျနော်တို့ မွတ်စလင်မ်တွေရဲ့ ဆိုင်တွေက ဈေးမှန်မယ်၊ အလေးမှန်မယ်၊ ဆက်ဆံရေး ပြေပြစ်မယ်၊ ချိုသာနူးညံ့မယ်၊ သူများဆိုင်တွေမှာ မရနိုင်တာတွေ ရနိုင်မယ်ဆိုရင် သူတို့ ပြန်လာရပါလိမ့်မယ်။ အခု သူတို့လုပ်တဲ့ စီမံကိန်းက သူတို့ ဘက်ကိုပဲ ပြန်လှည့်သွားပါလိမ့်မယ်။ လူထုကို အကြမ်းဖက်ပြီး၊ ဒဏ်ရိုက်ပြီး၊ နှလုံးသားကို ပြောင်းလို့ မရပါဘူး။ ရတယ်လို့ ထင်ရင်တော့ လူထုရဲ့ ဒဏ်ခတ်ခြင်းကို ဒင်းတို့ ပြန်ခံရပါလိမ့်မယ်။

လူထုကို အကြမ်းဖက်ပြီး၊ သူတို့ရဲ့ နှလုံးသားကို၊ ယုံကြည်ချက်ကို မျက်မှောက်ခေတ်မှာ ပြောင်းလို့ မရပါဘူး။ ရခဲ့ရင်လည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အသက်ရှင်နေထိုင်နေတဲ့ မျက်မှောက်ခေတ်ဟာ ပညာခေတ်လို့ ကမ္ဘာ့ပညာရှိ သုခမိန်တွေက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။ သူတို့အနေနဲ့ ဒီလို လုပ်ခြင်းအားဖြင့် မွတ်စလင်မ်တွေဟာ အကျိုးမယုတ်တဲ့အပြင်၊ အကျိုးပိုပြီးတော့ ရှိစေမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ ဒါဟာ Religious Discrimination လို့ ခေါ်တယ်။ ကမ္ဘာ့မျက်နှာစာမှာ အလွန် အရုပ်ဆိုးပါတယ်။ ဒီလို ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး၊ အာဏာရှင်ပုံဆန်နဲ့၊ အစိုးရသဖွယ်ဆောင်ရွက်နေခြင်းကို ဦးသိန်းစိန်အစိုးရက လျစ်လျူရှုထားတာဟာ သူတို့ရဲ့ မွတ်စလင်မ်တွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုနဲ့ ခွဲခြားဆက်ဆံမှု၊ တန်းတူညီတူ အခွင့်အရေးမပေးမှုတွေကို ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်တဲ့ အတွက် နိုင်ငံရေးအရ ဒဏ်ခတ်မှုတွေ မကြာခင်မှာ ဦးသိန်းစိန်အစိုးရ ပြန်ပြီးတော့ခံစားလာရပါလိမ့်မယ်။ မြန်မာပြည်မှာ ဥပဒေမရှိပေမဲ့ ကမ္ဘာမှာတော့ နိုင်ငံတကာ ဥပဒေတွေ ရှိနေပါတယ်။ အခြေခံလူ့အခွင့်အရေးကို အပြည့်အ၀ ကာကွယ်နေတဲ့ နိုင်ငံတကာဥပဒေတွေ ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ဒီနည်းဗျူဟာ၊ ဒီတိုက်စစ်ဟာ ဘယ်လိုမှ သုံးစားလို့ မရတဲ့ တိုက်စစ်တစ်ခု၊ နည်းဗျူဟာ တစ်ခုဖြစ်ပါတယ်။

ယခုလို စီးပွားရေး၊ လူမှုရေးအရ သပိတ်မှောက်တာကို သိသိကြီးနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြောင်း ယခုထက်ထိ မည်သူတစ်ဦးတစ်ယောက်မျှ မားမားမတ်မတ်ရပ်ပြီး မပြောသေးပါဘူး။ ဒါက ဘာကို ပြနေသလဲဆိုတော့ သူတို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ရွှေရည်စိမ် ဒီမိုကရေစီသာလျှင် ဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆိုတာဟာ ယခု ကရင်ပြည်နယ်၊ ဘားအံ့မြို့မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ဆင်နွှဲနေတဲ့ စီးပွားရေး၊ လူမှုရေးအရ သပိတ်မှောက်ခြင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်နေတဲ့အကြောင်းကိုလည်း ရှေ့နေကြီး ဦးသန်းတင်က လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို အမှန်အကန် ချစ်မြတ်နိုးတဲ့ နိုင်ငံရေးသမားတိုင်းဟာ ဒီကိစ္စကို နှုတ်ပိတ်မနေသင့်ပါဘူး။ ကိုယ့်ဘာသာဝင်တွေဘက်ကပဲ ကိုယ်ရပ်တည်မယ်ဆိုရင် နိုင်ငံရေးသမားအဖြစ် မရပ်တည်တော့ပဲ ဘုရားတကာ၊ ကျောင်းတကာအဖြစ်ပဲ ရပ်တည်သင့်ပါတယ်။

ကျနော်တို့ မွတ်စလင်မ်တွေအနေနဲ့ အားမငယ်ပါနဲ့။ အင်ရှာအလ္လာဟ်၊ အလ္လာဟ်အရှင်မြတ်က ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးမှာရှိတဲ့ မုစ်လင်မ်တွေကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ မုစ်လင်မ်တွေကို သူတို့တွေ မထင်မှတ်ထားတဲ့ နေရာကနေ အကူအညီတွေ ပေးသွားမှာပါ။ ဒါကြောင့် စိုးရိမ်သောက မဖြစ်ကြပါနဲ့။ အလ္လာဟ်အရှင်မြတ်ရဲ့အပေါ်မှာ ယုံပုံကိုးစားပြီး၊ ပြည်သူလူထုတစ်ရပ်လုံး ယေဒါယသ်ရဖို့ ကျနော်တို့ ဒိုအာ လုပ်ကြရမှာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ် ကျနော်တို့အားလုံးအား စစ်မှန်တဲ့ အစ္စလာမ်သာသနာတော် အပေါ်မှာ သေတစ်ဖန်သက်တစ်ဆုံး မားမားမတ်မတ်ရပ်တည်နိုင်တဲ့ သောင်ဖီးက်စွမ်းအား ပေးသနားတော်မူပါစေ။ အာမီးန်။

ချမ်းမြေ့
21-01-2012

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s