မုစ်လင်မ်တွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှလုံးသား

Ko Rohingya

မုစ်လင်မ်တွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှလုံးသား

မလေးတွေက စင်္ကပူရလို့ခေါ်ပြီး၊ ကမ္ဘာက စင်္ကာပူလို့ အသံထွက် စင်္ကာပူနိုင်ငံသားတွေရဲ့ သောက်သုံးရေအတွက် မလေးရှားနိုင်ငံက ထောက်ပံ့ကူညီပေးခဲ့တဲ့ သမိုင်းအကျဉ်းလေးပါ။ မြန်မာစကားမှာ ရေအသက် တစ်မနက်ဆိုပြီး ရေရဲ့ အရေးကြီးပုံကို တင်ပြထားပါတယ်။ မလေးတွေရဲ့ ကျေးဇူးသစ…္စာကို မစောင့်သိပဲ ခွဲထွက်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ဝါဒီတွေရဲ့ ကျေးဇူးကန်းမှုကို အမှတ်မထားပဲ လူသားတွေအားလုံး အသက်ရှင် ရပ်တည်နိုင်ရေးအတွက် သောက်သုံးရေကို အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံက အဓိက ထောက်ပံ့ပေးနေတာပါ။ Imported Water ဆိုပြီး စင်္ကာပူနိုင်ငံရဲ့ဝန်ကြီးဌာနတွေမှာ သုံးနှုန်းပါတယ်။ အားလုံးလေ့လာနိုင်အောင် ပြန်ရှယ်ပေးလိုက်ပါတယ်။

http://infopedia.nl.sg/articles/SIP_1533_2009-06-23.html

ယနေ့အချိန်အထိ ရေတစ်စက်ဖြစ်အောင် ဘယ်သိပ္ပံပညာရှင်ကမှ ပူးပေါင်းပြီး ထုတ်လုပ်လို့ မရသေးပါဘူး။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ

“အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍ အသင်တို့၏ရေသည် (မြေ၀ယ်)တိမ်မြုပ်၍ သွားခဲ့ပါလျှင် အသင်တို့ထံ ကြည်လင်စီးတွေသော ရေကို မည်သူ ယူလာအံ့နည်း။” (67: 30)

ရေဟာ အလ္လာဟ်အရှင်မြတ်က အဖန်ဆင်းခံတွေကို ချီးမြှင့်ထား နိအ်မသ် စည်းစိမ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မွတ်စလင်မ်တွေဟာ ရေသောက်ပြီးတိုင်း ရေကို ဖန်ဆင်းပေးခဲ့တဲ့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်တဲ့ အနေနဲ့ အလ်ဟမ်းဒုလိလ္လာဟ် (ချီးမွှမ်းထောပနာပြုခြင်းဟူသမျှဟာ အလ္လာဟ်အရှင်မြတ်အတွက် သာ ဖြစ်တယ်)လို့ ရွတ်ဖတ်ပြီး၊ ကျေးဇူးတင်ကြပါတယ်။ ကျေးဇူး တင်ထိုက်သူကို ကျေးဇူးတင်ရှိခြင်းဟာ မင်္ဂလာ တစ်ပါးပါပဲ။

ဒါတွေဟာ မွတ်စလင်မ်တွေနဲ့ မည်သူမျှ မကင်းနိုင်ဘူးဆိုတဲ့ အထောက်အထားတွေထဲက အထောက်အထား တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့
21-01-2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s