ပုဒ်မ-၁၄၄ကို အပြင်းအထန် ကန့်ကွက်ကြောင်း တုံရွာထိပ် သပိတ်စခန်းမှ ညောင်ပင်ကြီး သင်္ဘောဆိပ်သို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျောက်

ပုဒ်မ-၁၄၄ကို အပြင်းအထန် ကန့်ကွက်ကြောင်းကို (၁၉.၁.၂၀၁၃)နေ့ (၁၄း၀၀)နာရီတွင် တုံရွာထိပ် သပိတ်စခန်းမှ ညောင်ပင်ကြီး သင်္ဘောဆိပ်သို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျောက်

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း ကုမ္ပဏီဘက်မှ စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ဒေသခံတောင်သူများ၏ ယာမြေများပေါ်တွင် ပြုလုပ်နေပြီး ဒေသခံတောင်သူများ နေထိုင်သော ကျေးရွာများနှင့် ပိုင်ဆိုင်ထားသော ယာမြေများပေါ်တွင် (၂၄)နာရီ ဖြတ်သန်းသွားလာခြင်း မပြုရ၊ ၀င်ရောက်နေထိုင်ခြင်း မပြုရ ပုဒ်မ-၁၄၄ကို ထုတ်ပြန်ထားသည်။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းသည် ကုမ္ပဏီနှစ်ခု(မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်နှင့် မြန်မာ ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ လုပ်ဆောင်နေသော ကြေးနီတူးဖော်နေသော စီမံကိန်းဖြစ်သည်။ လက်ပန်တောင်းတောင် ဒေသပြည်သူများက ကြေးနီစီမံကိန်းသည် မိမိတို့အတွက် ရည်ရှည်တွင် ဆိုးကျိုးများသာဖြစ်လာမည်ကို မလိုလားသောကြောင့် ၎င်းစီမံကိန်းကို အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်သည်။ ဒေသခံပြည်သူများနှင့် ကုမ္ပဏီတို့ ဖြစ်ပျက်နေသော ပြဿနာကို အစိုးရ အာဏာပိုင်များက ကြားဝင်ဖြေရှင်းပေးမှု မရှိခဲ့သလို ဒေသခံတောင်သူများကို အမိန့်အာဏာ အမျိုးမျိုး ထုတ်၍ ဖိနှိပ်လျှက်ရှိသည်။မတရားသော အမိန့်အာဏာကို လက်မခံသော လက်ပန်တောင်းတောင်ဒေသ ပြည်သူများသည် လက်ပန်တောင်းတောင်ဒေသတွင် ထုတ်ပြန်ထားသော ပုဒ်မ-၁၄၄ကို အပြင်းအထန် ကန့်ကွက်ကြောင်းကို (၁၉.၁.၂၀၁၃)နေ့ (၁၄း၀၀)နာရီတွင် တုံရွာထိပ် သပိတ်စခန်းမှ ညောင်ပင်ကြီး သင်္ဘောဆိပ်သို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျောက် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။လက်ပန်တောင်းတောင်ဒေသ ပြည်သူများသည် ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသူ မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်မိုးအောင် ကို စစ်ကိုင်းတိုင်းဒေသကြီး အဆင့်တွင် (၂၀.၁.၂၀၁၃)ရက်နေ့ နောက်ပိုင်းတွင် အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s