“သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ”

သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ‘s photo.
Salam to all of our fans………..
တစ်လတိတိပြည့်မြောက်ခဲ့လေပြီ။ အစ္စလာမ့် အသိပညာလေးတွေကို
“သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ” ဆိုတဲ့ လှေကြီးနဲ့ ချစ်ပရိတ်သတ်တို့ထံသို့ ကျွန်တော်တို့ ပို့ဆောင်ပေးနေခဲ့တာ ဒီနေ့ဟာ တစ်လတင်းတင်းပြည့်ခဲ့ပေပြီ။ ထိုတစ်လအတွင်း ချစ်ပရိတ် သတ်များကို အတိုင်းအတာလေး တစ်ခုလောက်ထိတော့ အစ္စလာမ့် အသိပညာလေးတွေဝေငှ နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ထင်မြင်မိပါတယ်။ ကျွန်တော်တို့ဟာ လှေကြီးကို လှော်တက် (၅)တက်နဲ့ စတင် လှော်ခတ်ခဲ့ပြီး အခုဆိုရင် လှော်တက်(၈) ခုနဲ့ တက်ညီလက်ညီ လှော်ခတ်နေဆဲ . . အသိပညာလေးတွေ ပို့ဆောင်နေဆဲပါ။ အဲ့ဒီ (၈)ခုကတော့ . . . (၁)ကျွန်တော်တို့ သတိမမူမိသော လုပ်ရပ်လေးများ၊ (၂)အစ္စလာမ့် ရေးရာ ဗဟုသုတလေးများ၊ (၃)သေးငယ်သောလုပ်ရပ်များမှသည် ကြီးမားသောအကျိုးများဆီသို့၊ (၄)အစ္စလာမ့် ပညာရှင်များ၏ အဆိုအမိန့်များ၊ (၅)စာနာမှု ပုံရိပ်လေးများ၊ (၆)သင့်အတွက် လက်ဆောင်မွန်၊ (၇)မြင့်မိုရ်တောင်သို့ တက်ကြည့်ခြင်း၊ (၈)ဘဝ အတွက် စာစုလေးများ တို့ပဲ ဖြစ်တယ်။ သို့သော် ကျွန်တော်တို့ မတင်းတိမ်နိုင်သေးပါ။ အစ္စလာမ်နှင့် ပတ်သတ်ပြီး လူတိုင်း မသိမဖြစ်တဲ့ အကြောင်းအရာတွေ ၊ မွတ်စလင်များကြား လွဲမှားနေတဲ့ ခံယူချက်တွေ ၊ အယူအဆလေးတွေ စတဲ့ မြောက်မြားစွာသော အသိပညာများကို ကျွန်တော်တို့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဝေငှချင်ပါသေးတယ်။ ကြိုးစားရပါဦးမယ်။ လှော်နေတဲ့ လူတွေက အားအင်အပြည့်လှော်နေပေမယ့် သူ့တို့အတွက် အားဖြစ်စေမယ့် အရာတွေတော့ လိုပါသေးတယ်။ အဲဒါတွေကတော့ ပထမဆုံး အရှင်မြတ်ရဲ့ ကူညီမှု ၊ စောင့်ရှောက်မှု ပြီးတော့ ပရိတ်သတ်ရဲ့ အားပေးမှုပါပဲ။ အားပေးမှုဆိုတာ တက်ညီလက်ညီလှော်ခတ်ရင်း ရှေ့ဆက်နေတဲ့ ကျွန်တော် တို့လှေကြီးကို လက်ခုပ်တီးပေးဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လှေကြီး အောင်အောင်မြင်မြင်နဲ့ အန္တရာယ်ကင်းကင်း ရှေ့ဆက်သွားနိုင်ဖို့အတွက် အလ္လာဟ်ထံမှာ ဒိုအာတောင်းခံပေးဖို့ နဲ့ မိမိရရှိ လိုက် တဲ့ အသိပညာလေးတွေကို ကိုယ်တိုင်ကျင့်သုံးပြီး အများသူငှာကိုပါ ဝေငှပေးဖို့ပါပဲ။အဲဒါဟာ ကျွန်တော်တို့ ချစ်ပရိတ်သတ်ကြီးဆီက လိုချင်တဲ့ အားပါပဲ။

ကဲ ချစ်ပရိတ်သတ်ကြီးရေ . . .
ကျွန်တော်တို့ စာမျက်နှာလေးရဲ့ တစ်လပြည့်မြောက်တဲ့နေ့လေးမှာ အမှတ်တရအနေနဲ့ ချစ်ပရိတ် သတ် ဆီက အမှတ်တရစကားလေးတွေကြားချင်ပါတယ် . . . ။ ချစ်ပရိတ်သတ် အားလုံးကို အစဉ်လေးစားလျက် . . .

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s