သတိဆိုတာ ပိုတယ်မရှိဘူး

သတိဆိုတာ ပိုတယ်မရှိဘူး

သတိ ဆိုတာ ဘာလဲလို့ ကျွန်တော်အကြိမ်ကြိမ်စဉ်းစားမိဖူးပါတယ် ။ စားသတိ လာသတိ သွားသတိ အိပ်သတိ အဲဒီသတိလေးသာ လွတ်သွားခဲ့ရင် အသက်အန္တရာယ် ဖြစ်တဲ့အထိပါ ကြုံရတတ် တယ်ဆိုတာ ကျွန်တော်ယုံမိတယ် ။ စိတ်ဆိုတာမျိုးကလည်းအခက်သားလား လွင့်ချင်ရာလွင့်ပျံ့ချင် ရာပျံ့ဆိုတော့ကား . . အဲဒီသတိနဲ့ စိတ်ကိုသာ မဖမ်းချုပ်ထားနိုင်ရင် လူဟာ ပစ္စုပ္ပန်နဲ့ဝေးကွာ နေသလိုခံစားရလေ့ရှိတယ် ။ ဒီအကြောင်းတွေနိဒါန်းပျိုးနေရတာ အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်လို့ပါ ။

ကျွန်တော်နေထိုင်ရာမြောက်ဥက္ကလာပ မြို့နယ်ကြီးရဲ့ လမ်းဆုံတစ်နေရာမှာ တစ်နေ့က ယာဉ် တိုက်မှုဖြစ် ပါတယ် ။ ကျောင်းသူလေးတွေရော လူကြီးတွေပါ ဘတ်စ်ကားစီးဖို့စောင့်နေကြတဲ့အချိန်ပါ ။ အဲဒီမှာ လိုင်းကားတစ်စီးက ဘရိတ်ပေါက်ပြီး ၀င်တိုက်မိတာ လူလေးယောက် ကိုတိုက်မိ သွားပါတယ် ။ကျောင်းသူလေးတစ်ယောက်ပွဲချင်းပြီး ဆုံးသွားသလို တခြားတစ်ယောက် လည်းဆုံး သွားတယ် ။ နောက် ၂ ယောက်က အတွင်းလူနာဖြစ်သွားတယ်လို့သိရပါတယ် ။ အနီးအနား မှာပဲဆိုတော့ ကျွန်တော်လည်းအရမ်းကို စိတ်မကောင်းဖြစ်မိတယ် ။ ပညာသင်တဲ့အရွယ် သူတို့ လိုင်း ကားစီးဖို့စောင့်နေကြတုန်း . . ။

ကားတွေ တင်သွင်းခွင့် ရလာတာရယ် လမ်းတွေကြပ်လာတာရယ် လိုင်းကားတွေရဲ့မဆင် မခြင် မောင်း နှင်မှုတွေကြောင့် အသက်အန္တရာယ်တွေ နေ့စဉ်ကြုံတွေ့နေရတယ် ။ ဒီအခြေအနေကြီးကို ပြောင်းပစ်ဖို့တော့သင့်ပါပြီလို့မြင်မိတယ် ။

ကားယာဉ်လိုင်းတွေကလည်း ဒီလို မဆင်မခြင်မောင်းနှင်မှုတွေကို ပညာပေး တာတို့ အရေးယူ တာတို့ ထိထိရောက်ရောက်လုပ်သင့်သလို ကားမှတ်တိုင် တွေမှာလည်း လူတွေပြုံကျပ်မနေအောင် ကားပေါ်လူတွေလုတင်တာတွေမဖြစ်ရအောင် သက်ဆိုင်ရာကနည်းလမ်းတွေ ထုတ်ပြီး ဖြေရှင်းသင့် တယ်လို့မြင်မိပါတယ် ။ သတိအကြောင်းလေးဆက်ရအောင် ။

သွားလေရာလာလေရာမှာ ကားမှတ်တိုင်လေးရပ်စောင့်နေသည်ဖြစ်စေ သတိလေးထားပေးကြပါ ။
မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆမနေကြပါနဲ့ ။
လက်ရှိပစ္စုပ္ပန် ကာလမှာ ပျံ့လွင့်နေတဲ့စိတ်ကို သတိနဲ့ဖမ်းချုပ်ပြီး ခန္ဓာကိုယ်မှာ ကပ်ထားခြင်း အားဖြင့် အန္တရာယ်တွေကို ရှောင်လွှားနိုင်ကြပါစေ ။

သက်တန့်ချို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s