ကျမ ဘယ်တော့မှ ကုလားလို့ မခေါ်ဘူး။

” ဒေါ်အောင်ဆန်းစုကြည် အတွက် တုံ့ပြန်ဖြေရှင်းချက် “

အမေစု ရဲ့ America ခရီးစဉ် မှာ Los Angeles ကို လာတုန်းက အမည် မဖေါ်လိုသူ မြန်မာပြည်က ထွက်လာတဲ့ ကုလား တစ်ဦး က စာနဲ့ မေးခဲ့တဲ့ မေးခွန်း တစ်ခု ကို သူမ က ယေဘုယျသဘောမျိုးနဲ့ ဖြေခဲ့တာ တစ်ခုရှိပါတယ်။

အမေးအဖြေအပြည့်အစုံဟာ ဒီ ပုံထဲက စာတွေအတိုင်း ပါဘဲ။

ဒါကို ခု တစ်လ ကျော်ကြာတော့မှ လူတစ်စုကနေပြီးတော့

(ကုလား ကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ လို့ ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်) လို့

ကုလားတွေကို နာကျည်းနေတဲ့ ရိုးလွန်းတဲ့ မြန်မာတွေ အမေ့အပေါ် နားလည်မှု လွဲသွားအောင် စနစ်တစ်ကျ ရည်ရွယ်ချက် ရှိရှိနဲ့ လူအကြည်အညိုပျက်အောင် ကြံစည်အားထုတ်နေတာ တွေ့ရပါတယ်။

ဒါ မျိုး ကို Character Assasination လို့ ခေါ်တယ်ဆိုတာ ကျွန်တော့်ကို အတိုက်ခိုက် ခံရကထဲက ကျွန်တော် ရှင်းပြဖူးပါတယ်။

သိပ်ရွံမုန်းဖို့ ကောင်းတဲ့ အောက်တန်းကျတဲ့ လုပ်ကြံမှုပါဘဲ။

ဒါကို အကြောင်းရင်းမှန်အားလုံး သေချာ မသိတဲ့ သူတွေကလဲ အမေစု ကို လှောင်ပြောင်စော်ကားပြီး
ကုလား ကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် ဘာညာတွေ စတင်ရေးသားလာကြသလို
ဒီချုံကိုထွင်ထားတဲ့သူ တွေကလဲ ဒီလို မြန်မာတွေရဲ့ လိုရာ ဆွဲတွေး အယုံလွယ်တဲ့ သီအိုရီ ကို အခွင့်ကောင်းယူပြီး အမေ့ကို စတင် တိုက်ခိုက်လာတာတွေဟာ ကျွန်တော် လုံးဝ သည်းမခံနိုင်တော့တဲ့ အနေအထားကိုရောက်လာလို့ ကျွန်တော် ချစ်တဲ့ အမေစု နဲ့ အမှန်တရားကို ကာကွယ်ဖို့ ကျွန်တော် ရှင်းပြပါ့မယ်။

အဲ့ဒိ အောက်တိုဘာ (၂) ရက်နေ့ က အမေစု ကို ပုရိသတ်က မေးခွန်းတွေ စာနဲ့ ရေးမေးပြီး အမေစု က အချိန်ရသလောက် အလျင်းသင့်သလို ပြန်ဖတ်ရင်းဖြေကြားတဲ့ စာတွေထဲမှာ အမေစု ကို ကုလား ရခိုင် အရေးအခင်း တိုင်းရင်းသားတွေ အရေးအခင်းတွေ မြန်မာ မွတ်ဆလင် ကိစ္စ တွေ နဲ့ပါတ်သက်ပြီး ပညာစမ်းသလိုလို စိန်ခေါ်သလိုလို မေးထားတဲ့ မေးခွန်းတွေလဲ ပါခဲ့ပါတယ်။

ဘယ်သူတွေ ဘာကြောင့် ရေးပြီး မေးခဲ့တဲ့ မေးခွန်းတွေ ဆိုတာလဲ ကျွန်တော် တပ်အပ်သေချာ သိပါတယ်။

ကျွန်တော် လက် နဲ့ မျက်စေ့တွေက အမေ့ကို ဓါတ်ပုံရိုက်ပေးနေရင်း သူပြောသမျှ အကုန်လုံး နားက နားထောင်ပြီး တစ်လုံးမကျန်မှတ်ထားပါတယ်။

သူပြောသွားတာ ဒီ အထက်ပါ ပုံထဲက စာတွေ အတိုင်းပါဘဲ။
စာ အသေးစိတ်ကို အောက်ဆုံးမှာ ပြန်ဖတ်ကြည့်နိုင်အောင် ထပ်ထည့်ပေးထားပါတယ်။

ရှင်းရှင်းပြောရရင် အဲ့ဒိတုန်းက ကချင် တွေ ချင်းတွေ အုပ်စုတွေထဲမှာ အမေစု က နိုင်ငံတကာ နဲ့ ပြောဆိုခဲ့တဲ့ စကားတွေထဲမှာ သူတို့ ဒေသ တွေ ငြိမ်းချမ်းရေးအတွက် ထည့်မပြောပေးလို့ ဆိုပြီး အမေစု ကို ဆန္ဒပြမယ်ဆိုတဲ့ အသံတွေ ထွက်နေတာပါ။

ဒါကိုလဲ အမေ့ကို သိအောင် ကျွန်တော်တို့ သူငယ်ချင်းတွေ ကြိုပြောပြထားလို့ အမေစု က သူ စင်ပေါ် စစရောက်ချင်းဘဲ ကဲ ကျမ ကို ဆန္ဒ ပြမယ် ဆိုတဲ့သူတွေရှိတယ် ဆို ဘယ်မှာလဲ ပြလေ ပြပါ ရပါတယ် လို့ ခပ်ပြုံးပြုံးဘဲ စိန်ခေါ်လိုက်တော့လဲ အဲ့ဒိလူစုတွေ ငြိမ်ကုတ်နေခဲ့ပါတယ်။

ထားပါတော့လေ ကုလား ဆိုတဲ့ အခေါ်အဝေါ်ကိစ္စ နဲ့ ပါတ်သက်ပြီး မေးလာတဲ့အခါ အမေ ပြောချင်တာက နှိမ်တတ်တဲ့ မြန်မာတွေ ရဲ့ နှိမ်ပြီး သုံးနှုံးပုံ နှိမ့်ချခေါ်ဝေါ်တတ်တဲ့ Attitude ကိုဘဲ ဆိုလိုတာပါ။

ဥပမာ ကုလားတွေကို

” စောက်ကုလား ” လို့ခေါ်တာမျိုးတွေ
(အမေစု က ” စောက် ” ဆိုတဲ့ စကားလုံး ကို ” သောက် ” လို့တောင် ဘယ်တုန်းကမှ မသုံးစွဲတတ်လို့ ထည့်မပြောတဲ့အတွက် လူတွေ နားမလည်နိုင်ဖြစ်စရာ ဖြစ်နေတာပါ)

နာမည်ရင်း သိရဲ့သားနဲ့

” ဟိုကုလားရော ”

” ဟေ့ကောင် ကုလား ” လို့

နှိမ့်ချခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေ ကိုပြောတာပါ။

ကုလား လူမျိုးတစ်ယောက်ကို ကုလား လို့ ခေါ်တာ ရိုင်းပျတာ လုံးဝ မဟုတ်ဘူးဆိုတာ မသိနားမလည် မေ့လျော့နေရလောက်အောင် ကျွန်တော်တို့ အမေ မကြောင်ပါဘူး မဒူပါဘူး။

အမေ ဆိုလိုတာက နှိမ်တတ်တဲ့ မြန်မာတစ်ချို့ ရဲ့ နှိမ်ပြီး သုံးနှုံးပုံ ကို ဘဲ ပြောတာပါ။

ကုလား ကို ကုလားလို့ ခေါ်တာဟာ
ကရင် ကို ကရင် လို့ ခေါ်သလို
ကချင် ကို ကချင် လို့ ခေါ်သလို ဘဲ

ဘာမှ ထူးခြား ရိုင်းပျနေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် တို့ ထက် အများကြီး ပညာတတ်တဲ့ အမေစု ကောင်းကောင်းသိပါတယ်။

ဒီတော့ တကယ်တမ်း အရေးကြီးတာက ဒီ စာကို အခမ်းအနားပြီးတာ တစ်လကျော်မှ ထရေးတင်တဲ့ သူ ရဲ့ မူရင်း အဓိက ရည်ရွယ်ချက် ကဘာကြောင့်ပါလဲ ?

ဒါ သက်သက်မဲ့ ယမယ်ရှာပြီး အမေစု ကို မြန်မာ တွေ နဲ့ ရန်တိုက်ပေးဖို့ ဖွလိုက်တာမှန်း သိသာထင်ရှား လွန်းနေပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော်တို့ အမေစု ကို ခုလို

ခပ်ထုံထုံ နလပိန်းတုံး ကျပ်မပြည့်တဲ့ ကလေးကလား (LOW IQ) TECHNIQUE တွေ
RETARTED IDEA တွေ နဲ့ ဘယ်တော့မှ လာမတိုက်ခိုက်ပါနဲ့

ဘယ်တော့မှ လူမျိုးရေးကို ခုတုံးလုပ်ပြီး အမေ့ကို မြန်မာ လူမျိုးတွေနဲ့ ပြန်ရန်တိုက်ပေးဖို့ မလုပ်ကြံပါနဲ့။

အောက်တန်းမကျပါနဲ့။

အမေစု မှာ ဥာဏ်ရှိတဲ့ သားတွေ အများကြီးရှိပါတယ်။

အဲ့ဒိ သားတွေ တစ်ကောင်မှ ငြိမ်ခံနေမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာ သတိပေးလိုက်တယ်။

ထာဝရ စစ်မှန်ခြင်းဖြင့်

မျိုးချစ်မြန်မာ

မှတ်ချက်။ ။ ဒီစာထဲမှာလဲ ကျွန်တော် ကုလား ကို ကုလား လို့ ဘဲ သုံးနှုံးထားပါတယ်။

မကျေနပ်ရင် ကျွန်တော့်ကိုလဲ မြန်မာ လို့ ကြိုက်သလောက် ခေါ်ပါ။
လုံးဝ စိတ်ဆိုးမည် မဟုတ်ပါ။

WHENEVER YOU’VE COME ACROSS A STRANGE OR UNLIKELY SITUATIONS IN LIFE,

DO NOT ONLY FOCUS ON ” WHAT “.

ALWAYS FOCUS ON ” WHY ” FIRST.

THAT’S WHAT WISE MEN DO.

M.C

(စာဖြင့်အမေးကို ဒေါ်အောင်ဆန်းစုကြည်ဖတ်ကြားခြင်း)

ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။
မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။

(ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်ဖြေကြားခြင်း)

အဲဒီဟာ တော်တော့ကို ဟုတ်တယ်။
ဒါမိဘတွေက မသင်တာပဲ။
ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားရမှာ။

ဥပမာဆိုရင် ကုလားပေါ့နော်။
ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။
ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မူစလင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။

ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။
အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။
နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။
ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။
အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။
အဲဒီတော့ ကျမတို့ကတော့ ဒါကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။
နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။

ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။
အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိယင် ဘယ်မှ ကျမတို့ ရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။

(FROM OCT 2ND, 2012 LOS ANGELES EVENT)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s