ဖျောက်လဲမပျောက်မဲ့ဗိုလ်ချုပ် အောင်ဆန်းသမိုင်း(၁၉၁၅-၁၉၄၇)

ဖျောက်လဲမပျောက်မဲ့ဗိုလ်ချုပ် အောင်ဆန်းသမိုင်း(၁၉၁၅-၁၉၄၇)

| ဆောင်းပါး

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံ မကွေးတိုင်းရှိ မြေလတ်ဒေသ နတ်မောက်မြို့ကလေးတွင် မြန်မာသက္ကရာဇ် ၁၂၇၆၊ တပေါင်းလဆန်း ၁ ရက် (ခရစ် ၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့ နံနက် ၅ နာရီ၊ ၃၅ မိနစ်တွင် ဦးဖာ (တတိယတန်းရှေ့နေ) ဒေါ်စုတို့မှ ဖွားမြင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဇာတာအမည်မှာမောင်ထိန်လင်းဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါကမျှ ထိန်းလင်းဟု မခေါ်ဟုဆို၏။ နောက်တွင် အကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ် တွင်လေသည်။ မိခင်ဒေါ်စု၏ သားသမီးကိုးယောက်အနက် မောင်အောင်ဆန်းသည် အထွေးဆုံးဖြစ်သည်။ ဗိုလ်ချုပ်၏မွေးချင်းများမှာ (၁) မခင်ညွှန့် (လယ်ဝန်ကတော်)၊ (၂) မ၀က် (အိမ် ထောင်မပြု) (၃) မောင်ဘ၀င်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ကျဆုံးခဲ့ရသူ)၊ မရွှေမှန် (ငယ်စဉ်ကွယ်လွန်)၊ (၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)၊ (၆) မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)၊ (၇) မောင်ထွန်း လင်း၊ (၈) မောင်အောင်သန်း (ဘီအေ)၊ (၉)မောင်အောင်ဆန်းတို့ဖြစ်ကြသည်။

ကိုအောင်ဆန်းသည် ရှစ်နှစ်သားအရွယ်မှ ကျောင်းနေရသော်လည်း ဉာဏ်ကောင်းသူဖြစ်သောကြောင့် အသက် ၁၂ နှစ်အရွယ်တွင် မြန်မာ လေးတန်းသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်က အင်္ဂလိပ် – မြန်မာ စာသင်ကျောင်းတွင် စာသင်နေကြပြီဖြစ်သော အစ်ကိုများကို အားကျလာ သောကြောင့် ကိုအောင်ဆန်းအား အင်္ဂလိပ်-မြန်မာ စာ သင်ကျောင်းသို့ ပို့ပေးရလေသည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် အမှုထမ်းနေသောအစ်ကိုဖြစ်သူဦးဘ၀င်းနှင့် အတူလိုက်နေကာရေနံချောင်းအမျိုးသားကျောင်းတွင် ဆက် လက်ပညာသင်ကြားခဲ့သည်။ ကိုအောင်ဆန်းသည် ပညာလိုလားသူဖြစ်သောကြောင့် အတန်းတိုင်းတွင် ထူးချွန်သည်။ ခုနစ်တန်းစာမေးပွဲ တွင် အမှတ်အများဆုံးရသဖြင့် ဦးရွှေခို ရွှေတံဆိပ်ချီးမြင့်ခြင်းခံရလေသည်။ ထို့ပြင် တစ်လ (၁၀) ကျပ် သုံးနှစ်အတွင်း စကောလားရှစ်ရသည်။

၁၉၃၂ တွင် ရေနံချောင်း အမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်ကျောင်းတွင် ကိုအောင်ဆန်းသည် ကျောင်းစာသက်သက်ကိုသာ လေ့ ကျက်မှတ်နေသူမဟုတ်။ အပြင်ဗဟုသုတ အများအပြားကိုလည်း လေ့လာဖတ်ရှုသူဖြစ်သည်။ အထူးသဖြင့် သူ့အခန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သော စာနယ်ဇင်းများစွာ တွေ့မြင်နိုင်လေသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ်ရောက်သည်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင်ရှိသော မကွေးအသင်းဝင်ဖြစ်ခဲ့သည်။ အသင်းဝင်ဖြစ်ေ သ်ာလည်း မကွေးအသင်းမှ ကြီးမှူးကျင်းပသည့် မိတ်ဆက်ဧည့်ခံပွဲများကျင်းပခြင်း၊ အငြိမ့်ခံခြင်းများကို မကြို က်နှစ်သက်ချေ။ ၁၉၃၂ -၃၃ အတွက် မကွေးအသင်းဥက္ကဌဖြစ်လာသောအခါ အငြိမ့်ခံခြင်း ပကာသနဖက်သော မိတ်ဆက်ခံပွဲများ မပြုလုပ်သည်သာမက သူဥက္ကဋ္ဌဖြစ်သော နှစ်တွင်ပင် မကွေးအသင်းကိုပင် ဖျက်သိမ်းပစ် လိုက်သည်။

ကိုအောင်ဆန်းသည် ၁၉၃၄ တွင် ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲကို (ခုံအမှတ် ၂၃၁) ဖြင့် အောင်မြင်ပြီးနောက် ၀ိဇ္ဇာပထမနှစ် (ဘီအေဂျူနီယာ) တွင် တက်ရောက်သင်ယူသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင် ရွေးကောက်ပွဲဝင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၁၉၃၅-၃၆ တွင် တက္ကသိုလ်သမဂ္ဂ အမှုေ ဆာင်လူကြီးများအတွက် ရွေးကောက်ပွဲကျင်းပရာ ကိုအောင်ဆန်းသည် အမှုဆောင်အဖြစ် အရွေးခံရလေသည်။ ယင်းနောက် တက္ကသိုလ်သမဂ္ဂ၏ မဂ္ဂဇင်းဖြစ်သော အိုးဝေမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင် ရွက်ရလေသည်။ မဂ္ဂဇင်းအယ်ဒီတာဘ၀တွင် မိမိအနှစ်နှစ်အလလက လေ့လာမှတ်သားဖတ်ရှုခဲ့ရသော နိုင်ငံရေး ဗဟုသုတများကို ဆောင်းပါးအဖြစ် အိုးဝေမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။

တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်းကိုယ်တိုင်တည်းဖြတ်ထုတ်ဝေနေသော အိုးဝေမဂ္ဂဇင်း (အတွဲ – ၅၊ အမှတ် – ၁) တွင် အင်္ဂလိပ်ကဏ္ဍ ပိုင်း၌ ဦးညိုမြသည် ယမမင်းကလောင်အမည်ဖြင့် The Hell Hound At Large (ငရဲခွေးကြီး လွတ်ပြေးနေသည်) အမည်ရှိ အယ်ဒီတာထံပေးစာတိုလေးကြောင့် ရန်ကုန်တက္က သိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J.Sloss) က ထိုးပေးစာသည် တက္ကသိုလ်အာဏာပိုင်တစ်ဦး အားထိ ပါးပုတ်ခတ်သည်ဟု ယူဆသည်။ ထိုကြောင့် ပေးစာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင် ဆန်းအား တောင်းဆို လိုက်သည်။ သို့သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ ကလောင်အမည်ကို ဖွင့်ဟထုတ်ဖော်ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်း အား ကျောင်းမှထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ်လာသည်။

ဤဖြစ်ရပ်မတိုင်မီ တက္ကသိုလ်သမဂ္ဂဥက္ကဌကိုနုအား အမျိုးသားနေ့ မိန့်ခွန်းနှင့်ပတ်သက်၍ ၁၉၃၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးကိုစော်ကားခြင်းဟု သမဂ္ဂကယူဆသည။် ထို့ကြောင့် ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို သမဂ္ဂက ဦးဆောင် ၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီးသောအခါ တက္ကသိုလ်အာဏာပိုင် များက ကိုအောင်ဆန်းကို ကျေင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေစီနီယာ တန်းကို ပြန်တက်ရာ ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် ဆက်လက်နေထိုင်သည်။ ထိုနှစ်တွင် ပဲခူးဆောင် သဟာယအသင်းတွင် အောင်ဆန်းသည် အမှုဆောင်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရသည်။ ယင်းနောက် ပဲခူး သဟာယအသင်းနှင့် စာဖတ်အသင်းတို့တွင် ကိုအောင်ဆန်းသည် ဥက္ကဌအဖြစ်ဆောင်ရွက်သည်။ ထို့ပြင် ၁၉၃၆-၃၇ တက္ကသိုလ်သမဂ္ဂတွင် ကိုအောင်ဆန်းသည် ဒုတိယဥက္ကဌအဖြစ် အရွေးခံရသည်။ ၁၉၃၇ တွင် ကိုအောင်ဆန်းသည် အင်္ဂလိပ် စာပေ၊ ဥရောပ ရာဇ၀င်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်းကို ခုံအမှတ် ၅၆ ဖြင့် အောင်မြင်ခဲ့သည်။ ကိုအောင်ဆန်းသည် ထိုနှစ် မေလ ၉ မှ ၁၀ ရက်နေ့အထိ မန္တလေးမြို့တွင်ကျင်း ပသော ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာညီလာခံသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။

ထို့နောက် ကိုအောင်ဆန်းသည် ၁၉၃၇-၃၈ တွင် ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားသည်။ ထိုနှစ်တွင်ပင် တက္ကသိုလ်သမဂ္ဂတွင် အရံအမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းေ ကာင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင် ဥက္ကဌ အဖြစ်လည်းကောင်း အရွေးခံခဲ့ရသည်။

ကိုအောင်ဆန်းသည် ပုသိမ်၊ မော်တင်စွန်း၊ ဇီးချိုင်ရွာ ဘုန်းကြီးကျောင်းအလှူတွင် ကျောင်းသားများနှင့် ကျေး ရွာ လူထုကိုမြန်မာပြည်လွပ်လပ်ရေးရရရှိရန်အတွက်လည်း လက်နက်ကိုင်တိုက်ပွဲဆင်နွှဲမှသာ ရရှိမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားခဲ့လေသည်။

ထို့နောက် ၁၉၃၈ – ၃၉ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌနှင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဌ အဖြစ်အရွေးခံရသော်လည်း နှစ်ဆုံးအောင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။ နိုင်ငံေ ရးကိုဇောက်ချလုပ်ရန် ရည်သန်နေပြီဖြစ်ရကား တို့ဗမာအစည်း အရုံးသို့ ၁၉၃၈ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်းအမည်တွင်လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များမကြာမီမှာပင် အောက်တိုဘာလကုန်တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၏ခန့်ထားသော အထွေထွေအ တွင်းရေးမှူးဖြစ်လာသည်။

သခင်အောင်ဆန်းသည် ၁၉၃၈၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဌအဖြစ်မှလည်းေ ကာင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှလည်းကောင်း နုတ်ထွက်ခဲ့ပြီး သူ၏တာဝန် များကို ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုဗဆွေတို့အား လွှဲအပ်ပေးခဲ့သည်။

သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးဌာနချုပ် အထွေအထွေအတွင်းရေးမှုးအဖြစ် အမျိုးသားရေးလှုပ်ရှား မှုများတွင် တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရက ရန်ကုန် အရေးတကြီး လုံခြုံရေးအက် ဥပဒေအရ ၁၉၃၉ ခု၊ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် အဖမ်းခံရကာ ထောင်ဒဏ် ၁၅ ရက် ကျခံခဲ့ရသည်။ ထို့နောက် ထောင်မှ ဖဖော်ဝါရီ ၈ ရက်နေ့တွင်လွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီလ၂၅၊ ညသန်းခေါင် ကျော်၂ နာရီခွဲအချိန်တွင် မြို့မကျောင်းတွင်ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားခေါင်းဆောင်များ (ကျောင်း သားသပိတ်အရေးနှင့်စပ်လျဉ်းပြီး) တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ထိုနှစ်ဧပြီလ ၆ ရက်မှ ၉ ရက်နေ့အထိကျင်းပသော တို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံတွင် အခမ်းအနား မှူးအဖြစ် တာဝန်ခံဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၉၊ ဧပြီ ၃၀ မှ မေလ ၅ ရက်နေ့အထိကျင်းပသော တို့ဗ မာအစည်းအရုံး၏ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင်အထွေထွေအတွင်းအရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရသည်။

ထိုနှစ် သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာနေရာတွင် သခင်အောင် ဆန်း၊ သခင်လှဖေ၊ ကိုဗဟိန်း၊ကိုသိန်းဖေ၊ မစ္စတာဂိုရှယ်၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်း တွင် ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းကလေး တရပ်ကို ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်အမှတ် ၁၈၈ တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင်ပြီး သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။(သခင်စိုးက စမ်းချောင်း ရပ်၊ မြေနုလမ်း၊ အမှတ် ၁၄၊ ကိုဗဟိန်းအိမ်တွင် မြေအောက်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းသည်ဟု ဆိုသည်။)

၁၉၃၉ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့လေသည်။ ထိုစစ်ကြီး မဖြစ်မီ ၂ ရက်အလိုမှာပင် တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာအလုပ်မှုဆောင်အဖွဲ့၏ အထူးအစည်းအဝေး တရပ်ကို ဒေါက်တာဘမော်အိမ်တွင် ကျင်းပကာ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဆင်းရဲသားဝံသာနုအဖွဲ့ဝင် များ၊ နပြည်တော်အဖွဲ့ဝင်များ၊ ကရင်အမျိုးသားအဖွဲ့ဝင်များ၊ ငါးပွင့်ဆိုင်အဖွဲ့ဝင်များပူးပေါင်းပြီး ဗမာ့ထွက်ရပ် ဂိုဏ်း (Burma Freedom Bloc) ကို စက်တင်ဘာလ (၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့ တွင် ဒေါက်တာဘမော်ကို အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သခင်အောင်ဆန်းအား အထွေထွေအတွင်းရေးမှူး အဖြစ်ဆောင်ရွက်ရန် တာဝန်ပေးကြသည်။

ဗမာ့ထွက်ရပ်ဂိုဏ်းကိုတည်ထောင်လိုက်ပြီးနောက် နိုင်ငံရေးလှုပ်ရှားများ အရှိန်အဟုန်ပြင်းစွာဖြင့် တစ်ခုပြီးတခု ဆင့်ကာ ဆင့်ကာ ပေါ်ထွက်လာကာ သပိတ်မှောက်မှု၊ စီတန်းလမ်းလျှောက်ပြီးအင်အားပြမှု အစရှိသည့် တော် လှန်ရေး လှိုင်းတံပိုးတို့ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံရေး လှုပ်ရှားမှုများကို နယ်ချဲ့အစိုးရသည် အမျိုးမျိုးနှိပ် ကွပ်ခဲ့သည်။ ကံကောင်းထောက်မသောကြောင့်သာ သခင်အောင်ဆန်းသည် နယ်ချဲ့အစိုးရကပစ်လိုက်သော ပိုက်ကွန်အတွင်းသို့ မသက်ဆင်းခဲ့ရပေ။

သခင်အောင်ဆန်းသည် မော်လမြိုင်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံတွင် ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှနယ်ချဲ့အား မြန်မာတို့က အကူအညီမပေးသင့်ကြောင်း တရားဟောခဲ့လေသည်။

ယင်းနောက် ၁၉၄၀၊ မတ်လ ၁၂ ရက်တွင် အိန္ဒိယ ရမ်းဂါးမြို့တွင်ကျင်းပမည့် အိန္ဒိယအအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်း သည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့်(တိုးတက်ရေး) တို့နှင့်အတူတက်ရောက်ပြီး မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅ တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက္က သိုလ်အုပ်ချုပ်ရေးအဖွဲ့တွင် ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားများကိုယ်စားလှယ်အဖြစ် ရွေးချယ်တ င်မြှောက်ခံရသည်။

သို့နှင့် ၁၉၄၀၊ ဇွန် ၁၇ တွင် ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင်ကျင်းပသော တို့ဗမာအစည်းအရုံးတရားပွဲတခုတွင် သခင်အောင်ဆန်းသည် ချင်းတောင်တန်းအကြောင်း ဟောပြောသောကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေးဥပဒေနှင့်ဖမ်းဆီးရန် ဟသာင်္တရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr.Xavier) က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပလိပ်အရာရှိတဦး၏ အကူအညီဖြင့် ဟသာင်္တ ခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့တွင်းတွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတောအတွင်း နယ်ချဲ့အစိုးရ၏အ လိုတော် ရိ ဖေဗီးယားကပင် ‘‘သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည်” ဟု ကြေ ညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့် သတင်းကို ဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများတွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတမျိုးသားလုံးကိုပင် စော်ကားလိုက်သောကြောင့် တစ်ပြည်လုံးကရှုံ့ချခဲ့သည်။ ထိုကြောင့် ယင်းဆုငွေကို ၁၉၄၀၊ သြဂုတ် ၂၀ တွင် ပြန်လည်ရုပ်သိမ်း ပေးခဲ့ရသည်။

သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုပဲ ပြည်ပတွင်ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါ တီနှင့်ဆက်သွယ်ရန် သခင်အောင်ဆန်းသည် တန်လွန်ရှောင်ဟူသော တရုတ်အမည်ခံယူပြီးလည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည်ခံယူပြီး လည်းေ ကာင်း ၁၉၄၀၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် ‘‘ဟိုင်လီ” (Hai Lee) သဘောင်္ဖြင့်ရန်ကုန်မှထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (Kulangsu Island) သို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်း တို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့်အဆက်အသွယ်မရပဲသောင်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော် များ၏ကြိုးပမ်းချက်အရ ဂျပန်နှင့်ဆက်သွယ်မိခဲ့သည်။

ဗိုလ်မှူးကြီး စူဇူကီး (နောင်ဗိုလ်မိုးကြိုး) သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ဆက်သွယ်ခေါ်ယူခဲ့ ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂ တွင် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့ လွပ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များနှင့်တိုင်ပင် ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်းမားရူးသင်္ဘောဖြင့်ရောက်ရှိပြီး ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် မြန်မာ့လွတ် လပ်ရေးလုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။

သခင်အောင်ဆန်းသည် ၁၉၄၁၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့အပြန်တွင် ရဲဘော် သုံးကျိပ် ပထမအသုတ်ဖြစ်သည့် သခင်လှဖေ (ဗိုလ်လကျာင်္)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ကိုခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ရောက်ရှိခဲ့ သည်။ ထိုမှတဆင့် စစ်ပညာသင်ရန် ၁၉၄၁၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများသင်ကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွပ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင်ဖွဲ့စည်းခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယစစ်သေနာပတိအဖြစ်ဖြင့် မြန်မာနိုင်ငံ အတွင်းချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

၁၉၄၂၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်မှူးကြီး အဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ မတ်တွင် ဗိုလ်ချုပ်ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။

ဂျပန်အစိုးရ၏ဖိတ်ကြားချက်အရ ၁၉၄၃၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှ င့် အတူဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့သည်။ ထိုနှစ် မတ်၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင်ဟီရိုဟီတို၏ တက်နေ၀န်းတံဆိပ် (တတိယအဆင့်) နှင့် စလွယ်လတ် (Third Class Order of Rising Sun With Middle Class) ကို ချီးမြှင့်ခံခဲ့သည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းသောအခါ ကာ ကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး) အဖြစ် တာဝန်ယူခဲ့သည်။

ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ဖက်ဆစ်ဂျပန်တို့ကို တော်လှန် ရန်ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့်တွေ့ဆုံဆွေးနွေးကာ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ် ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၄၄၊ စက်တင်ဘာ ၄ တွင်ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သောရတနာ (ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသည်။

၁၉၄၅၊ မတ်၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်ဂျပန် တို့ကို တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ခဲ့သည်။

၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးစတင်သောအခါ ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ္ထီလာမြို့တွင် ဗြိတိသျှ ဗိုလ်ချုပ် ဆာဝီလျံစလင်း (နောင်ဖီးမာရှယ်) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၁၉၄၅ မေ ၁၉ တွင် မိတ္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင်ကျင်းပသော နေသူရိန်ညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ဗမာ့တပ်မတော်အရေးနှင့်ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇ တွင် ကန္ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်း အား ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယစစ် ဆေးရေးအရာရှိချုပ် (Deputy Inspector-General) အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား ဘ၀ကိုလို လားသော်လည်း သမိုင်းပေးတာဝန်ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့လွပ်လပ်ရေးလုပ်ငန်းကို ဆက်လက်ေ ဆာင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces) ၏ ဗိုလ်ချုပ်ရာထူးမှနုတ်ထွက်ခဲ့ပြီး နိုင်ငံရေးနယ် ပယ်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်ကဖဆပလအား အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့) တွင် ပါဝင်ရန် ဖိတ်ေ ခါ် ခဲ့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က မိမိတို့တောင်းဆိုချက်များ မ ရသောေ ကြာင့် အမှုဆောင်ကောင်စီသို့မ၀င်ခဲ့ပေ။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့ လွပ်လ ပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာ ပတိအဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၆၊ ဇန်န၀ါရီတွင်ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလဥက္ကဌအဖြစ် ပြန် လည်ရွေးကောက်တင်မြှောက်ခံရသည်။

မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်၏အုပ်ချုပ်ရေးကာလတွင် မြန်မာပြည်သူတို့၏မကျေနပ်မှု ပိုမိုကြီးထွားလာ ကာ နိုင်ငံရေးမငြိမ်မသက်ဖြစ် လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်နိုင်ငံ သို့ပြန်ခေါ်ကာ မြန်မာနိုင်ငံဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။

ဆာဟူးဘတ်ရန့်စ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်ရန် ဖဆပလကို ဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင် ဆန်းသည် အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရ) တွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးဌာနနှင့် နိုင်ငံခြားရေးဌာနများကိုပါ တာဝန်ယူခဲ့သည်။

ဖဆပလအဖွဲ့ချုပ်သည် အမှုဆောင်ကောင်စီတွင်ပါဝင်လာပြီးနောက် ၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရထံ မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။

ဖဆပလ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန်မစ္စတာ အက်တလီ (C.R.Attlee, P.C. ., O.M.., C..H..) က ၁၉၄၆၊ ဒီဇင်ဘာ၂၀ တွင်ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ် အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ဖိတ်ခေါ်ဆွေး နွေးမည်ဟုကြေငြာခဲ့သည်။ ဗြိတိသျှအစိုးရ၏ဖိတ်ကြားချက် အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်ပြည်သို့သွားရောက်ပြီး ဗြိတိ သျှအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ ၁၉၄၇၊ ဇန်န၀ါရီ ၂၇ တွင် ‘‘အောင်ဆန်း-အက် တလီစာ ချုပ်”ကို ချုပ်ဆိုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့်တောင်တန်းဒေသများအပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွပ် လပ်ရေးရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ သမိုင်းဝင် ‘‘ပင်လုံစာချုပ်” ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသောတိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းအဖြစ် ရန်ကုန်မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ ၀င် ရောက်အ ရွေးခံပြီး လွှတ်တော်အမတ်အဖြစ် ပြိုင်ဘက်မရှိရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆ တွင် တိုင်းပြည်ပြုလွှတ်တော်ညီလာခံ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့်အခြေခံမူများ ကို တင်သွင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေဦးဖိုးညှင်း၊ ဒေါ်ဖွာစုတို့၏ သားသမီး ၁၀ ဦးအနက် အဌမမြောက် သမီးဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင် မဟာသီရိသုဓမ္မဘွဲ့ရ၊ အိန္ဒိယနိုင်ငံ လုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့် ထိမ်းမြားလက်ထပ်ပြီး သား (၂) ဦး၊ သမီး (၂) ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်ကကွယ်လွန်)] ထွန်းကားခဲ့သည်။

ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာ နည်ကုန်းသို့ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ၁၁ နှစ်အကြာ ၁၉၅၉၊ မတ် ၂၇ တွင် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍအထိ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွပ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွပ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution) တံဆိပ်များ ချီးမြှင့်ဂုဏ်ပြုခြင်းခံရသည်။

မိုးမခ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s