ရွှေချိန်ခွင်–တရားစီရင်ခြင်ဆောင်ရွက်ပုံ အဆင့်ဆင့်အကြောင်း သိကောင်းစရာ

| ဆောင်းပါး

တရားစီရင်ရေးတွင်
(၁) ပြစ်မှုဆိုင်ရာအမှုများ
(၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။

ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာ မူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာ အမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟု ထင်မြင်မိပါသည်။

သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာ တင်ပြလိုက်ပါသည်။

ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။

ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။

ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။

ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ် တင်ပြလိုပါသည်။

ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (First Information Report) ပင် ဖြစ်ပါသည်။

ပထမသတင်း ပေးတိုင်ချက် မည်သို့ပြုလုပ်ရကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ တွင် ပြဋ္ဌာန်းထားပါသည်။

‘သတင်းပေး တိုင်ချက်ကို ရဲစခန်းမှူးထံ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်တန်းနိုင်သည်’ ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ရဲစခန်းမှူးထံ တိုင်ကြားရာတွင် တိုင်ချက်ကို ရဲတပ်ကြပ် ကြီး (စာရေး) (ယခင်အခေါ် ဂါတ်စာရေး) က ရေးမှတ်ယူပါသည်။

ထို့နောက် ရဲစခန်းမှူးက ကိုယ်တိုင်ဖြစ်စေ၊ ဒုရဲအုပ် တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးပြီး အမှုကို စုံစမ်းစစ်ဆေးပါသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ သက်သေ များအား စစ်မေးခြင်းပြုလုပ်ပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၃ အရ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း ပြုလုပ်ပါသည်။

ထိခိုက်ဒဏ်ရာရသည့် အမှုဖြစ်ပါက ဒဏ်ရာရသူကို ဆေးစာနှင့် အတူ ဆေးရုံသို့ပို့ပြီး စစ်ဆေးခြင်း၊ ဆရာဝန်၏ ထင်မြင်ချက်ကို တောင်းခံ ခြင်းများ ပြုလုပ်ရပါသည်။

ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးရပါသည်။

တရားခံအား ၂၄ နာရီထက် ပိုမိုချုပ် နှောင်ထားရန် လိုအပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ အနီးဆုံး တရားသူကြီး ထံ တရားခံအား တင်ပို့၍ ချုပ်ရမန် တောင်းခံရပါသည်။

ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ထံ ရဲစက္ကူများ ပေးပို့ပြီး အကြံပြုချက် တောင်းခံရပါသည်။

အကြံပြုချက်ရရှိပြီး ပါက အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီး တရားရုံးသို့ စွဲတင်ရပါသည်။

ပြစ်မှုကြီး များကို ခရိုင်တရားရုံးသို့ တင်ပို့ပြီး ကျန်ပြစ်မှုများကို မြို့နယ်တရားရုံးသို့ စွဲတင်ရပါသည်။

ဆိုင်ရာတရားရုံးက ရဲစွဲချက်တွင် ဖော်ပြပါရှိသော တရားလိုပြသက်သေ များကို ရဲပုံစံ ၁၀၄ ဖြင့် ဆင့်ခေါ်ပြီး စစ်ဆေးပါသည်။

ထိုသို့စစ်ဆေးရာတွင် သက်သေခံဥပဒေပုဒ်မ ၁၃၈ ပါ အစီ အစဉ်အတိုင်း ဥပဒေအရာရှိက ဦးစွာ ပထမ အဓိကစစ်မေးခြင်းပြုပြီး တရားခံ ရှေ့နေက ပြန်လှန်စစ်ဆေးပါသည်။

သက်သေ၏ ထွက်ဆိုချက်တွင် ရှုပ်ထွေး နေပါက မြို့နယ်ဥပဒေအရာရှိက ပြန်ရှင်း စစ်မေးခြင်း (နောက်ထပ်စစ်မေးခြင်း) ကို ပြုလုပ်ပါသည်။

လိုအပ်လျှင် တရားသူကြီးက (ရုံးမေး) ဟူ၍ မေးမြန်းပါ သည်။

ထိုသို့စစ်မေးနေ စဉ် တရားလိုပြ သက်သေ အကုန်မ စစ်ဆေးရသေးမီ ဖြစ်စေ၊ အကုန် စစ်ဆေးပြီးနောက်ဖြစ်စေ တရားခံ သည် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းကြောင်း ပေါ်ပေါက်ပါက တရားခံအား စွဲချက် တင်ပါသည်။

ငြိစွန်းကြောင်း ပေါ်ပေါက် ခြင်းမရှိပါက စွဲချက်မတင်မီ (တရားရှင်)လွှတ်ပါသည်။

စွဲချက်တင်ခဲ့ပါက တရားခံဘက်ကို စစ်ဆေးပါသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိပါက အမှုမှ အပြီးအပြတ် (တရားသေ)လွှတ်ပါသည်။

ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တရားခံ အား ပြစ်မှုထင်ရှား စီရင်ပါသည်။

အမှုစစ်တရားသူကြီးသည် အမှုတွဲ တွင် ပေါ်ပေါက်ချက်အပေါ်တွင်သာ သုံးသပ် ဆုံးဖြတ်ရပါသည်။

ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို ဆောင်ရွက်ပုံအဆင့်ဆင့်၏ အကျဉ်းချုပ် ဖြစ်ပါသည်။

ယင်းကဲ့သို့ တရားစီရင်ခြင်းကို ဆောင် ရွက်ကြရာ၌ အောက်ပါပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ဆောင်ရွက်ကြပါသည်။

၎င်းတို့မှာ – ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ ဓာတုဗေဒ၀န်၊ ရဲမှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)၊ သက်သေများ၊ ရှေ့နေ၊ တရားသူကြီးတို့ ဖြစ်ပါသည်။

ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားစွဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

အမှုကို ဖော်ထုတ်သူများ ဖြစ်သောကြောင့် လွန်စွာ အရေးပါသောအပိုင်းကို ထမ်းဆောင်ကြသူများ ဖြစ်ပါသည်။

မျက်မြင်သက်သေများ၊ နားကြားသက် သေများ၊ အမှန်ကို ပြောဆိုမည့် သက်သေ များကို ရှာဖွေစုံစမ်းပြီး စစ်ချက်ယူရ သကဲ့သို့ သက်သေခံပစ္စည်းများ သိမ်း ဆည်းခြင်း၊ တရားခံကို ဖော်ထုတ်ဖမ်းဆီး ခြင်းများ ပြုလုပ်ရပါသည်။

လူနာကို ဆေးရုံသို့ပို့ခြင်း၊ သက်သေခံပစ္စည်းကို ဓာတ်ခွဲစမ်းသပ်ရန် ဓာတုဗေဒ၀န်ရုံးသို့ ပို့ခြင်း စသည့် ရဲလုပ်ငန်းများကို အပြည့် အစုံ လုပ်ရပါသည်။

ဥပဒေအရာရှိ အမှုစစ်ရဲအရာရှိက အမှုတည် ဆောက်ပြီးနောက် ရဲစက္ကူများကို ဥပဒေ အရာရှိထံ ပေးပို့ပြီး အကြံပြုချက်တောင်း ခံပါသည်။

ဥပဒေအရာရှိက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပေး ခြင်းကို ဆောင်ရွက်ပါသည်။

တရားရုံးသို့ အမှုစွဲတင်သည့်အခါတွင်လည်း ရဲစက္ကူ များကို ကိုင်ဆောင်၍ အမှုမှ သက်သေ များကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပါ သည်။

တစ်နည်းအားဖြင့် တရားလိုဘက် မှ လိုက်ပါဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အမှုမှန်ပေါ်ပေါက်စေရေး ဦးတည်ချက် ဖြင့် လိုက်ပါဆောင်ရွက်ရပါသည်။ အမှန် တရားပေါ်ပေါက်လာစေရန် ဆောင် ရွက်ရသဖြင့် ဥပဒေအရာရှိသည်အရေး ပါသောကဏ္ဍကို ဆောင်ရွက်ကြောင်း သိနိုင်ပါသည်။

ဆရာဝန် ရဲက ဆေးစာဖြင့် တင်ပို့လာသော လူနာကို ဆေးကုသပေးရသည့်အပြင် ဒဏ်ရာသည် ပြင်းထန်ဒဏ်ရာဖြစ်သည် သို့မဟုတ် သာမန်ဒဏ်ရာဖြစ်သည် စသည်ဖြင့် ထင်မြင်ချက်ပေးရပါသည်။

ဒဏ်ရာအခြေအနေပေါ်မူတည်လျက် ပုဒ်မအကြီး၊ အသေး ဖြစ်ပေါ်ရပါသည်။

မုဒိမ်းမှုများတွင် ကာယကံရှင်မိန်းကလေး သည် လတ်တလော ကာမစပ်ယှက်ခံ ထားရခြင်းရှိ၊ မရှိ ဆေးစစ်ဆေးရပါ သည်။

ထိုသို့ မစစ်ဆေးမီ မိန်းကလေး အား ဦးစွာမြို့နယ်တရားသူကြီးထံပို့၍ ဆေးစစ်ဆေးခွင့်တောင်းခံရန် လို ကြောင်း ရဲလက်စွဲအပိုဒ် ၁၇၇၀ တွင် ညွှန် ကြားထားပါသည်။

မုဒိမ်းမှုများတွင် အများအားဖြင့် မျက်မြင်သက်သေမရှိ နိုင်ပါ။

သို့ဖြစ်၍ ဆရာဝန်၏ ဆေးစာမှာ အမှုတွင် မည်မျှအရေးကြီးကြောင်း သိ နိုင်ပါသည်။

ဓာတုဗေဒ၀န် ဓာတုဗေဒ၀န်မှာလည်း အရေးကြီး သော အပိုင်းကို ထမ်းဆောင်ရပါသည်။

မူးယစ်ဆေးဝါးမှုများတွင် တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိသိနိုင်ရန် ၎င်း၏ ဆီးနမူနာကို ဆရာဝန်ကရယူပြီး ဓာတုဗေဒ၀န်ထံ ပေးပို့စစ်ဆေးပါသည်။

ဆီးထဲတွင် မူးယစ်ဆေးဝါးအာနိသင် ရှိ၊ မရှိ ဓာတုဗေဒ၀န်က စစ်ဆေးပြီး ဆရာဝန်ထံ ပြန်ကြားရပါသည်။

သို့ဖြစ် ၍ တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာ၌ ဓာတုဗေဒ၀န်ရုံး ၏ စစ်ဆေးချက်သည် အဓိကကျ ကြောင်း တွေ့နိုင်ပါသည်။

၎င်းအပြင် လူသတ်မှုများတွင် သက်သေခံဓား၊ တုတ် တို့၌ သွေးရှိ၊ မရှိ စမ်းသပ်ပြီး ဆိုင်ရာ ရဲစခန်းသို့ ပြန်ကြားရပါသည်။

မုဒိမ်းမှု များတွင်လည်း တရားခံ၏ အ၀တ် အစားနှင့် မိန်းကလေး၏ အ၀တ်အစား များတွင် သုက်ရည်၊ သုက်ပိုးတွေ့၊ မတွေ့ ဓာတုဗေဒ၀န်ရုံးက စစ်ဆေးရပါသည်။

သို့ဖြစ်ရာ ဓာတုဗေဒ၀န်ရုံး၏ စစ်ဆေး ပြန်ကြားချက်သည် အမှုတွင် အမှန် တရားကို ရှာဖွေရာ၌ လွန်စွာအဖိုးတန် လှပါသည်။

ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)သည် အချို့ သော အရေးကြီးအမှုများကိုဖော်ထုတ် ရသော လုပ်ငန်းကို ဆောင်ရွက်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း လက်ရေး၊ လက်မှတ်၊ လက်ဗွေများကို စစ်ဆေးပြန် ကြားပေးရပါသည်။

ပြစ်မှုများတွင် သာမကဘဲ တရားမ မှုများတွင် စာချုပ်စာတမ်းတစ်ခုတွင် ရေးသားထားသော၊ ရေးထိုးထားသော လက်မှတ်၊ လက်ဗွေ တို့အပေါ် စစ်ဆေး ပြန်ကြားပေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။

သို့ဖြစ်၍ ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) သည် ပြစ်မှုများကို ဖော်ထုတ်ရာတွင် အရေးပါသော တာဝန်ကိုထမ်းဆောင် နေကြောင်းမြင် သာပါသည်။

သက်သေများ အမှု၏ အဓိကကျောရိုးမှာ သက်သေများ ဖြစ်ပါသည်။

သက်သေများက အမှန် ကို ထွက်ဆိုကြလျှင် အမှုမှန်ဖော်ထုတ် ရာတွင် လွယ်ကူပါသည်။ သက်သေများ က အမှန်ကို ထုတ်ဖော်ထွက်ဆိုခြင်း မရှိ လျှင် အမှုမှန်ဖော်ထုတ်ရာ၌ ခဲယဉ်းတတ် ပါသည်။

အမှန်တရားသည် သက်သေ များ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ် များစွာမူတည်ပါသည်။

သို့ဖြစ်၍လည်း သက်သေများကို ကျမ်းကိုင်ပြီး ထွက်ဆို စေခြင်း ဖြစ်ပါသည်။

တရားခံမှာ မိမိ၏ ဆွေမျိုး၊ မိတ်ဆွေဖြစ်သောကြောင့် လိမ် လည်ထွက်ဆိုသကဲ့သို့ တရားခံကို မုန်းတီးသောစိတ်ကြောင့် ပိုပိုသာသာ ထွက်ဆိုသူများလည်း ရှိတတ်ပါသည်။

အချို့က အသက်အန္တရာယ်စိုးရိမ်သဖြင့် အမှုကို မထွက်ဆိုဝံ့သကဲ့သို့ အချို့က လည်း အဖြစ်အပျက်ကို မသိဘဲ ကောလာဟလကို အမှန်ဟု ရမ်းသမ်း ထွက်ဆိုကြသူများလည်း ရှိတတ်သည်။

အမှုစီရင်ဆုံးဖြတ်ရာတွင် သက်သေ များ၏ ထွက်ဆိုချက်ကို အခြေခံပြီး ဆုံးဖြတ်ရသောကြောင့် သက်သေများ သည် ဖြောင့်မတ်ကြ ရန် လိုကြောင်း တွေ့ နိုင်ပါသည်။

သက်သေများသည် တရား စီရင်ခြင်း၏ အဓိကဇာတ်ကောင်များဟု ပင်ခေါ်ဆိုနိုင်ပါသည်။

ရှေ့နေများ ရှေ့နေများသည်လည်း အလွန်အရေး ပါသော တာဝန်ကိုထမ်းရွက်ကြရပါ သည်။ အမှန်တရားကို ဖော်ထုတ်ရာ တွင် ရှေ့နေများက မေးခွန်းများကို ဥပဒေဘောင်အတွင်းမှ ဉာဏ်ပညာဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။

ကြောက်ရွံ့ နေသော သက်သေများ၊ လိမ်လည်နေ သော သက်သေများ၊ ထိမ်ချန်ထွက်ဆို နေသော သက်သေများကို ပညာဉာဏ် ဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။

လိမ် လည်ထားသည်ကို ပေါ်လွင်ရန်၊ ဖုံးကွယ် ထားသည်ကို ဖော်ထုတ်ရန်၊ ကွေ့ ကောက်နေသည်ကို ဖြောင့်မတ်လာစေ ရန် ဉာဏ်ပညာဖြင့် ဆောင်ရွက်ကြပါ သည်။

ရှေ့နေများ၏ ဉာဏ်ပညာထက် မြက်လျှင် ထက်မြက်သလောက် အမှန် ကို ဖော်ထုတ်နိုင်ပါသည်။ သို့ဖြစ်ပေရာ တရားစီရင်ခြင်း ဖြောင့်မတ်ရန်အတွက် ဆောင်ရွက်ရာ တွင် ရှေ့နေများ၏ ဉာဏ်ပညာကြီးမား မှုက မည်မျှအရေးပါပုံကို သိမြင်နိုင်ပါ သည်။

တရားသူကြီး အမှုတစ်ခုလုံး၏ အဆုံးသတ်အပိုင်း ကို ဆောင်ရွက်ရသူ ဖြစ်ပါသည်။

အမှု တွဲတွင် ပေါ်ပေါက်ချက်ကိုသာ သုံးသပ် ဆုံးဖြတ်ခွင့် ရှိပါသည်။ အမှုတွဲတွင် ပေါ်ပေါက်ခြင်းမရှိသော အချက်များကို အခြေခံပြီး ဆုံးဖြတ်ခွင့်မရှိပါ။

နှစ်ဖက် အမှုသည်များကတင်ပြကြသော သက် သေခံ အထောက်အထားများအနက် သက်သေခံဥပဒေနှင့် ကိုက်ညီသော အချက်အလက်များကိုသာ ထည့်သွင်း သုံးသပ်ခွင့်ရှိပါသည်။

ဥပဒေနှင့် ကိုက် ညီခြင်းမရှိသည်ကို ပယ်ပြီး ဥပဒေနှင့် ကိုက်ညီသည့်အချက်များကိုသာ လက်ခံ ရပါသည်။

တစ်နည်းအားဖြင့် တရား သူကြီး၏ လုပ်ပိုင်ခွင့်ကို သက်သေခံ ဥပဒေဖြင့် ဘောင်ခတ်ထားသည်ဟု ဆို နိုင်ပါသည်။

သက်သေခံဥပဒေနှင့် ညီညွတ်သော တင်ပြချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ရာတွင်လည်း ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ နည်းဥပဒေ၊ စီရင်ထုံး ဥပဒေလမ်းညွှန်ချက်၊ တရားရုံးများ လက်စွဲများနှင့် ခြုံငုံသုံးသပ်ဆုံးဖြတ်ရပါ သည်။

တရားဥပဒေနှင့် ညီညွတ်ရမည့် အပြင် မျှတမှုရှိရန်လည်း ထည့်သွင်း စဉ်းစားရပါသည်။

သို့ဖြစ်ရာ တရားစီရင်ခြင်း၏ အဆုံး သတ်အပိုင်းကို ဆောင်ရွက်ကြရသော တရားသူကြီး၏ လုပ်ငန်းတာဝန် မည်မျှ ကြီးမားပုံကို သိနိုင်ပါသည်။

ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို တရားစီရင်ရာ၌ ဆောင်ရွက်ပုံအဆင့် ဆင့်၏ အကျဉ်းချုပ်နှင့် တရားစီရင်ခြင်း တွင် မည်သူက မည်သည့်အပိုင်းကို တာဝန်ယူကြရကြောင်းသိရှိရန် ဗဟုသုတ အလို့ငှာ တင်ပြလိုက်ရပါသည်။

မြန်မာတိုင်း(မ်)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s