၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုစည်သူမောင် ရန်ကုန်စီးပွားရေးတက္ကသိုလ်B.Econ(stat) တတိယနှစ်ပုံမှန်အတန်းမှာဆက်လက်ပညာ သင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ …

Kyaw Soe Naing and Thanzaw Oo shared မင်းမျိုးမင်းနွယ် မဟာကုလားကြီး‘s photo.

၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦးနှင့်သင်တန်းရေးရာမှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံစကားပြော ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီးအဝေးသင်တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေး ဝန်ကြီးဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အားပေးခဲ့ပါသည်။

အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သောအခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြား စာကိုသာ လက်ခံရရှိပါကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊

ထိုသို့တက်ရောက်ခွင့်ပြုသော်လည်း ကျောင်းပြန်လည်အပ်နှံသည့် အခါ မိဘများ ကိုယ်တိုင်လိုက်ပါ အပ်နှံပြီး ခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန် အဝေးသင် တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေး လိုပါကြောင်းပြောကြား ခဲ့ပါသည်။

ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်းသားလှုပ်ရှားမှုဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင် တန်းကိုသာ ဆက်လက် တက်ရောက် နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝမရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာ ရပ် များ သင်ရိုးများ လုံးဝမတူညီသည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကိုလုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟုကြွေးကြော်၍ ပြည်ပသို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်း သို့ပြန်လည်ဖိတ်ခေါ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ပြုလုပ်နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။

ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသောယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ သက်ဆိုင်ရာကျောင်းများ တွင် သင်ကြားနေဆဲဘာသာရပ် အတန်းများတွင်ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်အာဏာပိုင်အဖွဲ့အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူများအားလုံး ထံသို့ ထပ်မံအသိပေး သွားမည်ဖြစ်ပါသည်။

စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s