၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်းရခိုင်ပြည်နယ်မှာ လူဦးရေစာရင်းကောက်ခံ …

2013-01-23

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက် လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီးသွားပြီဖြစ်ပြီး ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဆက်လက်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် လဝကမှူး ဦးကျော်ရင်ဦးက RFA ကို မနေ့က ပြောပါတယ်။

“ပေါက်တောမှာက တချို့နေရာလေးတွေ နည်းနည်းကျန်တာလေးတွေရှိတယ်၊ အထူး သဖြင့် ငှက်ချောင်းနဲ့ ကြိမ်နီပြင် တို့မှာ နည်းနည်းကျန်နေတာတွေရှိသေးတယ်၊ အရင်တုန်းက မြေပုံမှာကောက်လို့ ပြီးသွားပြီ၊ ကျနော်တို့ အခုဆက်ကောက်နေတာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အဲဒီ ၃ခုပေါ့၊ လက်ရှိအနေအထားကတော့ သူတို့က ရိုဟင်ဂျာဆိုတာကို စပြီးသုံးစွဲလာတာပေါ့နော်၊ ဒုတိယအကြိမ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီမှာ ရိုဟင်ဂျာလို့ ပြောတဲ့အခါကျတော့ စာရင်းကောက်တဲ့အခါ အခက်အခဲတော့ တွေ့ရတာပေါ့၊ ဒီကိစ္စကလည်း ရိုဟင်ဂျာ၊ ဘင်္ဂါလီဆိုတာ နိုင်ငံတော်အဆင့် လုပ်ရမဲ့ ကိစ္စ္စ္စသာဖြစ်ပါတယ်”

အခုဆောင်ရွက်နေတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေပြီးရင်  စစ်တွေမြို့နယ်မှာ ဆက် လက်ကောက်ခံမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတွေ သိရှိနိုင်ဖို့ နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေးဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s