၂၀၁၅ ခုနှစ်မှသာ လွှတ်တော်အစည်းဝေး တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိ

| မြန်မာ့သတင်း | August 23, 2012

၂၀၁၅ခုနှစ်ရောက်မှသာ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှ လွှတ်တ်ာအစည်းအဝေးများကို တိုက်ရိုက်ထုတ်လွှင့်ရန် အစီအစဉ်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက သြဂုတ်လ ၂၂ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အာဖရိက တိုက်မှာ အဆိုးရွားဆုံး နိုင်ငံလေးမှာတောင် လွှတ်တော်ရဲ့ ဆွေးနွေးချက် အခင်းအကျင်းတွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့တောင် ဘာသာပြန်ပြီးတော့ ထုတ်လွှင့်ပေးနိုင်တဲ့ အခြေအနေရှိကြောင်း ၊  ပြည်သူလူထု လွယ်လင့်တကူ ကြည့်နိုင်တဲ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ စတုတ္ထအကြိမ်မှာ မလုပ်နိုင်ဘူးဆိုရင် ပဉ္စမအကြိမ်မှာ လုပ်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စွမ်းဆောင်နိုင်ပါသလားဟု ဆက်လက်မေးမြန်းခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက မြန်မာအသံနှင့် ရုပ်မြင်သံကြားရုပ်သံလိုင်းများကို analog စနစ်ဖြင့် ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် လက်ရှိအချိန်တွင် လွှတ်တော်အစည်းအဝေးများ၏ ဆွေးနွေးချက်များကို တိုက်ရိုက်ထုတ်လွှင့်ပေးရန် အစီအစဉ် မရှိကြောင်း ၊ ရုပ်သံစနစ်များကို ၂၀၁၅ ခုနှစ်မှသာ digital စနစ်သို့ ပြောင်းလဲရန်ရှိကြောင်း ၊ ထိုအခါ Free To Air ရုပ်သံလိုင်းများ ၁၅ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်မည်ဖြစ်ပြီး ထိုအခါမှသာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းချက်ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Source : EMG

ပုံရိပ်(burmeseheart

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s