၂၀၁၅ မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီး နေပြည်တော်၌ ကျင်းပမည်

| မြန်မာ့သတင်း | July 2, 2012

Road Map မှာ အဆင့် ၃ ဆင့်ရဲ့ ပထမဆင့်မှာ အပစ်အခတ်ရပ်စဲဖို့ဖြစ်ပြီး ဒုတိယအဆင့်မှာ Political Dialouge တွေ လုပ်မှာဖြစ်ကြောင်း ၊ နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေလုပ်ပြီးလို့ စိတ်ချရတဲ့အနေအထားတွင် တိုင်းရင်းသား ၁၃၅ မျိုး အားလုံးပါဝင်တဲ့ အစည်းအဝေးကြီးအား ၂၀၁၅ ခုနှစ်မတိုင်မီ နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေကြီး၌ နိုင်ငံရေးပါတီတွေ နှင့် အန်င်ဂျီအိုတွေလည်း ပါဝင်မည်ဟု သိရသည်။

ထိုအစည်းအဝေးကြီး ကျင်းပတဲ့အကြောင်းရင်းမှာ ၎င်းတို့၏ အခွင့်အရေးတွေ ၊ တန်းတူညီတူ အခွင့်အရေးတွေ ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ၊ အုပ်ချုပ်ခွင့်ရရှိရေးတွေ တောင်းဆိုကြဖို့ဖြစ်ကြောင်း ၊ ယင်းသို့တောင်းဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ဟာတွေအားလုံးကို ပေးလို့ရကြောင်း ၊ အခြေခံဥပဒေမှာ မပါတဲ့ဟာတွေတောင်းလာရင် ပေးလို့မရပါကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပြီးမှ ပေးလို့ရမယ့်ဟာတွေဆိုရင် လုပ်လို့မရဘူးဟု ထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ(၁)ရက်နေ့ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိအစိုးရဟာ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူပေးထားတာ ဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတက်မယ့် အစိုးရလက်ထဲကို ယင်းတာဝန်များ လွှဲမပေးခဲ့တော့ဘဲ ၂၀၁၅ ခုနှစ်မတိုင်ခင်မှာ ကြိုးစားပြီးတော့ ဖြစ်အောင် ဆောင်ရွက်မယ်ဟု ဆုံးဖြတ်ထားကြောင်း နှင့် ဘယ်တော့လောက်လဲဆိုတာတော့ မဖြေနိုင်သေးကြောင်း ပူးပေါင်းဆောင်ရွက်တာ မြန်မယ်ဆိုရင် မြန်မြန်ရောက်မှာဖြစ်ကြောင်း ဦးအောင်မင်းက  ပြောဆိုခဲ့တာပါ။

Source :  EMG

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s