“အကယ်ဒမီစိုးသူရဲ့ဖက်ရှင်အမြင်”

ချောတုန်းပါပဲ

ဖေဖော်ဝါရီလထုတ် Mr.Magazine အကယ်ဒမီ စိုးသူရဲ့ အင်တာဗျုး

E- Male Actor Factor Soe Thu “အကယ်ဒမီစိုးသူရဲ့ဖက်ရှင်အမြင်”

ဖက်ရှင်ဆိုတာကတော့ သူ့ရဲ့ရောက်ရှိနေ တဲ့အချိန်တစ်ချိန်ကာလအတိုင်းအတာ တစ်ခု မှာ ရေပန်းစားနေတဲ့ ခေတ်စားနေတဲ့ လူငယ် တွေကြိုက်တဲ့ နှစ်သက်တဲ့ ဒီဇိုင်းကို ဖက်ရှင်လို့ ခေါ်လို့ရတာပေါ့။ အဲဒီထဲမှာ လူငယ်တွေ အဓိ ကပေါ့။ အဲဒီလို ကိုစိုးသူမြင်တယ်ေ ပါ့။ ဖက်ရှင် ဆိုတာ အကုန်လုံးကို ခြုံပြီးပြောတာပေါ့နော်။ လူတစ်ဦးချင်း တစ်ယောက်ချင်း မှာလည်း ကိုယ် ပိုင်ဖက်ရှင်ဆိုတာရှိတယ်။ (ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်)။ ဖက်ရှင်ဆိုတာက သူ့အချိန် ကာလနဲ့ လိုက်လျောညီထွေစွာ ယှဉ်တွဲပြီး ဖွဲ့ စည်းတယ်ပေါ့။ အမှန်တကယ်ပြောကြကြေး ဆိုရင် အနုပညာတစ်ခုလို့မြင်ပါတယ်။
ခေတ်ဆိုတာ အမြဲတမ်းပြောင်းလဲနေတော့ တစ်ခေတ်နဲ့တစ်ခေတ် မတူဘူးပေါ့။ ပြန်ပြီး စဉ်းစားကြည့်ရင် နည်းနည်းလေးတော့ တစ် ပတ်လည်နေသလိုပါပဲ။ ပုံစံအတိအကျကြီး မဟုတ်ပေမယ့် နည်းနည်းပြောင်းသွားတယ်။ ဒါကအရင်တုန်းက ဖက်ရှင်နဲ့အခုဖက်ရှင် ပြောင်းသွားတာကို ပြောတာပါ။ ဥပမာ- ဘောင်းဘီအောက်က ကားကားနဲ့ အပွတွေဆို ရင် ကိုစိုးသူတို့ကလေးဘဝတုန်းက နိုင်ငံခြားက အနုပညာရှင်တွေဖြစ်တဲ့ ဘက်(ဒ်)ဘော့တန်၊ ကလယ်(လ်)တို့ ဝတ်ကြတယ်ပေါ့။ နောက် တော့ အဲဒီကနေတဖြည်းဖြည်းနဲ့ Rider Straight တွေဝတ်တယ်။ အောက်ရှူးတွေ ဝတ်တယ်။ အဲဒီကနေ အပွတွေ ဝတ်ကြပြန်ရော၊ အဲဒီကနေ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပေ မယ့် ခေတ်ရဲ့ ဖက်ရှင်စတိုင်က တစ်ပတ်လည် နေပြန်ရောပေါ့။ အဲဒီတော့ သူ့ဟာနဲ့သူ အချိန်အခါအလိုက်ပြောင်းလဲပြီး ဝတ်စားဆင်ယင် လာကြတာကို တွေ့ရပါတယ်။

“အဝတ်အစားရွေးချယ်မှုနှင့် အနှစ်သက်ဆုံး ဖက်ရှင်”

အခုမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေရိုက်တဲ့အခါ ကျွန်တော့်ရဲ့အမြင်နဲ့ ကျွန်တော့်ရဲ့ ညီတော် မောင်တွေဖြစ်ကြတဲ့ ကိုမောင်မောင်အေးအောင် နဲ့ ထွေးဝင်းသူ၊ နောက်ပြီးတော့ သူတို့တင်မက သေးဘူး။ ကျွန်တော့်ညီလေးဖြစ်တဲ့MRTV-4 က ကိုဝင်းသူရလှိုင်၊ကိုဇင်အောင် သူတို့နဲ့တွဲ ပြီး ဖက်ရှင်ဆိုင်တွေမှာ ရွေးချယ်ပြီးတော့မှ ဓာတ်ပုံရိုက်ပေးဖြစ်ပါတယ်။ အစ်ကိုအခုမှ ပြန် ရောက်လာပေမယ့် အားလုံးက အစ်ကို့ကို ဖေး ဖေးမမနဲ့ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြပါ တယ်။ အစ်ကိုနဲ့ လိုက်ဖက်မယ့်အဝတ်အစား ကို အသင့်တော်ဆုံးရွေးချယ်ပြီးမှ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်တာပါ။ ဒါပေမဲ့ ကျွန်တော့်အချိန်၊ ကျွန်တော့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစား၊ ဒီခေတ်ဒီအခါနဲ့ လည်း အဆင်ပြေမယ့် အဝတ်အစားတွေကို သူငယ်ချင်း၊ ညီလေးတွေနဲ့ တိုင်ပင်ပြီး ဝတ်ဆင်ခဲ့တာပါ။

အစ်ကိုက ဖက်ရှင်ကို စိတ်ဝင်စားပါတယ်။ အစ်ကိုက ငယ်ငယ်လေးကတည်းကလေ ဖက် ရှင်ကို စိတ်ဝင်စားတယ်။ အနုပညာလောကထဲ ကို မဝင်ခင်ကတည်းက အစ်ကိုက ကိုယ့်ကိုယ် ကို ဘယ်တော့မဆို ကိုယ်ပိုင်ဖက်ရှင်စတိုင် လေးနဲ့ နေတာများတယ်။ နေတာထိုင်တာကအ စ အစ်ကို့မိဘတွေက အစ်ကို့ကို သေသေချာ ချာလေး ဝတ်ဆင်ပေးခဲ့တော့လေ အစ်ကိုက ဖက်ရှင်စိတ်လည်းဝင်စားတယ်။ လေ့လာဖြစ် တယ်။ နှစ်သက်တယ်။ ကြိုက်လည်းကြိုက် တယ်ပေါ့လေ။

အရိုးသားဆုံးပြောရရင် အစ်ကို့ရဲ့ အကြိုက်နှစ်သက်ဆုံးကတော့ အရင်တုန်းက ဘောင်းဘီပွပွကြီးတွေလည်း မဟုတ်ဘူး။ အခု ဝတ်နေတဲ့ Fit ကျပ်ကျပ်ပုံစံမျိုးတွေလည်း မဟုတ်ဘူး။ ဒါတွေမကြိုက်ဘူးလို့ ပြောနေတာ တော့ မဟုတ်ပါဘူး။ ကြိုက်ပါတယ်။ ဖက်ရှင် တွေအားလုံးကို ကြိုက်ပါတယ်။ ကိုယ့်အကြိုက် ဆုံးကို ပြောဆိုလို့ပါ။ ပြောရရင် ရိုးလည်း မရိုး၊ ဆန်းလည်းမဆန်းတဲ့Rider ပုံစံမျိုးလေးတွေ ကို သဘောကျပါတယ်။ ပိုကြိုက်တယ်။ အဲဒီ စတိုင်လေးက ကျွန်တော့်စိတ်နဲ့ပိုကိုက်တယ်။ သူကတော့ ဖက်ရှင်အနေနဲ့ ဝတ်လည်းရတယ်။ ပေါ့ပေါ့ပါးပါး ထသွားထလာလေးတွေလည်း ဝတ်လို့ရတယ်။ ရုပ်ရှင်ရိုက်ချင်လည်းရတယ်။ အားလုံးနဲ့ ဘောင်ဝင်တယ်ပေါ့။ တအားကြီး ဆန်းသလားဆိုတော့လည်း မဆန်းဘူး။ တအား ကြီး ရိုးသလားဆိုတော့လည်း မရိုးဘူး။ ကျန်တဲ့ ဖက်ရှင်လေးတွေကတော့ ရိုးရင်ရိုးသွားမယ်။ ပြောင်းလဲသွားကြပေမယ့် ပုံမှန်ဖြစ်နေတဲ့Rider ပုံစံလေးကတော့ မပြောင်းသွားဘူး ပေါ့။ ဒါပေမဲ့ လူများများကြိုက်တဲ့ ဖက်ရှင်က တော့ ခေတ်စားတာပေါ့။ အစ်ကို့အနေနဲ့ အခု လိုမျိုးလေးတွေ ဝတ်စားပြီး ဓာတ်ပုံရိုက်ရတာ ခေတ်နဲ့လည်းညီတယ်။ အနုပညာမှာလည်း အစ်ကို့အတွက် အားဖြစ်တယ်ပေါ့။

“အသားအရေထိန်းသိမ်းခြင်းနဲ့ သက်သတ်လွတ် စားခြင်း”

အသားအရေထိန်းသိမ်းမှုနဲ့ တစ်ကိုယ် ရေသန့်ရှင်းမှုအပိုင်းကို မေးရင်တော့ အစ်ကို့ အနေနဲ့ အနန္တောအနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူး ကြောင့်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အနန္တောအနန္တငါးပါးစကားကို အစွမ်းကုန်နား ထောင်ပြီးတော့ နောက်တစ်ခုကအစ်ကိုသက် သတ်လွတ်စားတယ်။ ဒါကတော့ မေးခွန်းနဲ့ ရုတ်တရက်သိပ်မဆိုင်သလိုပဲ။ အစ်ကိုသက် သတ်လွတ်စားလာတာ (၁၇) နှစ်ရှိပြီ။ နောက် ထပ်လည်း အစ်ကိုတစ်သက်လုံး သက်သတ်လွတ် စားမယ်လို့ ဆုံးဖြတ်ထားတယ်။ မထွက်တော့ ဘူး။ အဲဒီတော့
သက်သတ်လွတ်စားတဲ့အ တွက် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ကို ပိုစားဖြစ်တဲ့အတွက် အသားအရေကောင်း တာ နည်းနည်းတော့ပါလိမ့်မယ်ထင်တယ်။ အစ်ကိုက ငယ်ငယ်ကတည်းက အသား၊ ငါး ကို သိပ်နှစ်သက်လေ့မရှိဘူး။ အစ်ကိုအကြိုက်ဆုံးအစားအစာကလည်း အသီးအနှံ၊ ဟင်းသီး ဟင်းရွက်လေးတွေဖြစ်တဲ့အတွက်ကြောင့် အဲဒါ လေးတွေကလည်း အသားအရေထိန်းသိမ်းမှု အပိုင်းမှာလည်း အထောက်အကူပြုတယ်လို့ထင် ပါတယ်။ ပြီးတော့ အစ်ကို မေမေက အသား အရေ အရမ်းလှတယ်။ အသားအရေက ဝင်း ဝင်းလေးလေ။ ကျွန်တော်က သူ့ဆီက အမွေ ရတယ်လို့ထင်ပါတယ်။ အဲဒါကြောင့်လည်းပါ မယ်ထင်ပါတယ်။ ဒီအတိုင်းတစ်ကိုယ်ရေတစ် ကာရ သေသေချာချာထိန်းသိမ်းလားဆိုရင် တော့လည်း အစ်ကို မလုပ်ဖြစ်ဘူး။ ကျွန်တော့် ရဲ့ဇနီးက သေသေချာချာ မျက်နှာကို ဆပ်ပြာ သန့်သန့်လေးနဲ့သစ်ပါလို့၊Day Creamလေး လိမ်းပါ။Night Cream လေးလိမ်းပါဆိုပြီး ပြောတယ်။ သူပြောတာလေးတွေပဲ ကျွန်တော် လိုက်လုပ်ဖြစ်တယ်။ ပြောရမယ်ဆိုရင် ရှက်စ ရာတောင်ကောင်းတယ်။ အဲဒီ Skin Careပစ္စည်းတွေရဲ့ နာမည်တောင် မသိဘူး။ များများ စားစားကြီး မဟုတ်ပါဘူး။Day/ Night Cream လေးလောက်ပါပဲ။ ဟိုလိုမျိုး Facial Treatment တို့ Body Scrub တို့ ကို မလုပ်ပါဘူး။ အဲဒီCream တွေတောင် မှန်မှန် မလိမ်းဖြစ်ဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်တော်အရင်တုန်းက အားကစားအရမ်းလုပ် တယ်။ အဲဒီလိုမျိုးတွေ ဘက်စုံကြောင့် အဆင် ပြေသွားတယ်လို့ထင်ပါတယ်။

“အောင်မြင်မှုဆိုတာ…”
အောင်မြင်မှုအတွက် အရေးကြီးဆုံး ကတော့ ကျွန်တော်တို့ကို တစ်ခဲန က်နွေးနွေးထွေး ထွေး အားပေးနေကြတဲ့ ကျေးဇူးရှင်မိဘပြည် သူတိုင်း ရင်းသားပြည်သူအားလုံးပဲ။ အဲဒါအ ဓိကပဲ။ အဲဒီတော့ အနုပညာကို ချစ်မြတ်နိုးကြတဲ့ မိဘပြည်သူတိုင်းရင်းသားတစ်ရပ်လုံးက အား ပေးမှ ကျွန်တော်တို့က ဒီအောင်မြင်မှုကိုရတာ။ ကျွန်တော်တို့ရှေ့က အနုပညာညီအစ်ကိုမောင် နှမတွေပြောဖူးပါတယ်။ ”ထင်ပေါ်မှ စင်တော် က ကောက်တယ်” ဆိုပြီးရှိတယ်။ အဲဒီတော့ ပရိသတ်က အားပေးမှ အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ဖြစ်ပေါ်လာ တာပါ။ အနုပညာရှင်တစ်ယောက် ကစပြီး အောင်မြင်လာတယ်။ ပြီးတော့ ဒီထက်ပိုပြီး အောင်မြင်လာတယ်ဆိုရင် ပိုပြီး အဲဒီအောင် မြင်မှုကို ပိုထိန်းသိမ်းရတယ်။ ကျွန်တော်ဆိုရင် အနုပညာလောကနဲ့ အဝေးကြီးမှာ ကာလအား ဖြင့် အကြာကြီး၊ ဒေသအားဖြင့် မိုင်ပေါင်း အဝေးကြီးမှာ သွားနေခဲ့ရတယ်။ ပြန်လာ တဲ့အခါကျပြန်တော့လည်း ကျွန်တော့်ကို ချစ် ချစ်ခင်ခင်မြတ်မြတ်နိုးနိုးနဲ့ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ အကြာကြီးခွဲပြီး သွားနေတာနဲ့ မတူဘဲနဲ့တောင် ပရိသတ်များရဲ့နွေးထွေးမှုကိုရခဲ့တယ်။ အဲဒါလည်း တကယ် တော့ မိဘပြည်သူတိုင်းရင်းသားတစ်ရပ်လုံးရဲ့ အားပေးတဲ့မေတ္တာကြောင့်ပဲ။ ကျွန်တော်က ဦး ထိပ်လည်းထားတယ်။ အားလည်းကိုးတယ်။ အားပေးနေတဲ့ပရိသတ်ကြီးဆိုတာလည်း ကျွန် တော်တို့ကို ထမင်းကျွေးနေတဲ့ကျေးဇူးရှင်တွေ ပါ။ ကျွန်တော့်အနေနဲ့ လေးစားတယ်။ မြတ်နိုး ပါတယ်။

“ပရဟိတနဲ့ ကိုစိုးသူ”

ပရဟိတဆိုတာ အများအကျိုးကို စွမ်း ဆောင်နိုင်သလောက် ဆောင်ရွက်ခြင်းလို့ မြင် ပါတယ်။ တချို့က နည်းနည်းစွမ်းဆောင်တယ် တချို့က များများစွမ်းဆောင်တယ်။ တချို့က ပြန်တော့လည်း ဒီဟာချည်းပဲကို တစ်စိုက်မတ် မတ်စိတ်နှစ်ပြီး လုပ်ဆောင်တယ်။ အဲဒီလို ဘယ်လိုရာခိုင်နှုန်းလေးပဲဖြစ်ဖြစ် အများအကျိုး ကို စွမ်းဆောင်နိုင်တဲ့ ပရဟိတလုပ်ငန်းဆိုတာ အင်မတန်ကောင်းပါတယ်။ အင်မတန်မွန်မြတ် ပါတယ်။ အများအကျိုးကို ဆောင်တယ်ဆိုက တည်းက ကိုယ်ကျိုးမပါဘူးပေါ့။ အဓိပ္ပာယ်ကတစ်ခါတည်းကို Direct ကိုတစ်ဆက်တည်းပါ နေပြီလေ။ ကိုစိုးသူက အဲဒီလိုမြင်ပါတယ်။ အဲဒီ လို လုပ်တဲ့သူတွေကိုလည်း အင်မတန်ကို လေး စားတယ်။ ချီးကျူးတယ်။ အားကျတယ်။ ပရ ဟိတလုပ်ငန်းကို ကျွန်တော့်အနေနဲ့ တစ်တပ် တစ်အား ပါဝင်ဖို့ဆိုရင် အခုအချိန်မှာ ပြောရ တာတော့ စောစောကြီးဖြစ်နေတာပေါ့။ ကျွန် တော့်အနေနဲ့ ဒီမှာ အခြေချဖို့လည်း မဖြစ်နိုင် သေးဘူး။ ဒါပေမဲ့ ဟိုမှာပဲနေတော့မလားဆိုတော့ လည်း မနေချင်ဘူး။ အခုလိုပဲ ပြန်လာလိုက် ပြန်သွားလိုက်နေမယ်ပေါ့။ အဲဒီလိုနေတော့ အစ်ကို့အနေနဲ့တတ်နိုင်သမျှတော့ ပရဟိတ လုပ်ငန်းကို လုပ်ဖြစ်သွားမယ်လို့ထင်တယ်။ နောက်ဆုံး ကိုယ်တိုင်မလုပ်နိုင်ရင်တောင် သူ များရဲ့ ပရဟိတမှာ ပါဝင်ဖြစ်မယ်လို့ စိတ်ကူးပါ တယ်။ အစ်ကို့အနေနဲ့ ပရဟိတလုပ်ငန်းအ တွက်ဆိုရင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပံ့ပိုးပေး ဖို့အကူအညီပေးဖို့အဆင်သင့်ပါပဲ။ တကယ် တော့ ပရဟိတဆိုတာ ဘယ်လိုပုံစံမျိုးဆိုပြီး သီးသီးခြားခြားမရှိပါဘူး။ များများလိုတဲ့နေရာ နဲ့ နည်းနည်းလိုတဲ့နေရာတွေပေါ့။ အဲဒီထဲကမှ ပိုပြီး လိုအပ်တဲ့နေရာဒေသ၊ ပရဟိတအဖွဲ့အ စည်း၊ လူမျိုးတွေ အဲဒီလိုနေရာမျိုးတွေမှာဆိုရင် ပိုကောင်းတယ်ပေါ့။ ဒါပေမဲ့ ပရဟိတလုပ် တယ်ဆိုကတည်းက အားလုံးကောင်းပါတယ်။ ပရဟိတဆိုပြီး နာမည်ကြားလိုက်ကတည်းက ဒီဟာက အများအကျိုးကို ဆောင်ရွက်တယ်။ အဲဒီလိုဆောင်ရွက်တာကလည်း ကောင်းဖို့အ တွက်လေ။

“နှစ်သစ်ဆုတောင်း”
အနုပညာကို ချစ်မြတ်နိုးကြတဲ့ ပရိသတ် ကြီး၊ အဲဒီလိုတစ်ခဲနက်အားပေးကြတဲ့ မိဘပြည် သူတစ်ရပ်လုံး အကုန်လုံးကို ၂ဝ၁၃ နှစ်သစ် မှာ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပြီးေ တာ့ ကောင်းကျိုးလိုရာဆန္ဒတွေ တစ်လုံးတစ်ဝပြည့် ဝ ကြပါစေလို့ ဒီ Mr.Magazine ကနေပြီး ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s