မြစ်ကြီးနားသို့ ကုလအထူးကိုယ်စားလှယ်ရောက်ရှိ

 

မြစ်ကြီးနားသို့ ကုလအထူးကိုယ်စားလှယ်ရောက်ရှိ

February 5,2013 by Kachin wave

ကုလသမဂ္ဂအတွင်းရေးမုးချုပ်၏ အထူးကုစားလှယ် မစ္စတာဗီဂျေနမ်ဗီးယားကသူ၏ ပထမဆုံး အကြိမ် ကချင်ပြည်နယ်ခရီးစဉ်တွင် အရင်က ခင်ဗျားတို့ဆီမှာ ခက်ခဲတဲ့ အတွေ့အကြုံများ စွာနဲ့ နေခဲ့ရတာဆိုတာကိုသိကြောင်း သို့သော်လည်း အခုကာ ငြိမ်းချမ်းလာတော့မယ်လို့ ယုံကြည်ကြောင်း သိပ်မကြာခင် ငြိမ်းချမ်းလာမယ်ဖြစ်ကြောင်းကို ယုံကြည် နေကြောင်း မနေ့ ကရွှေလီမှာ ကျင့်ပခဲ့တဲ့ ဆွေးနွေးမူဟာလည်း ဆက်လက်ပြီး ငြိမ်းချမ်းရေး အမှန်တကယ် ရရှိလာအောင်လုပ်ဆောင်ပေးမဲ့ လမ်းစများစွာကို တွေ့ရှိရသည့် အတွက် ၀မ်းသာပါကြောင်း ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းရှိ စစ်ရှောင်လာသူများအား ပြောကြားခဲ့သည်။

အခုခရီးစဉ်သည် မစ္စတာဗီဂျေနမ်ဗီးယား ၏ ပထမဆုံးကချင်ပြည်နယ်ခရီးစဉ်ဖြစ်သည်။ အခုခရီး စဉ် တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည် သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့လည်း လိုက်ပါခဲ့သည်။

မြစ်ကြီးနား ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော် စစ်ရှောင်စခန်း၊ ၀ိုင်းမော် သာဂရ ဘုန်း ကြီးကျောင်း စစ်ရှောင်စခန်း နှင့် မိုင်းနား ကစ်သလစ် အသင်းတော် စစ်ရှောင်စခန်းတို့တွင် သွားရောက် ခဲ့သည်။ ညနေပိုင်း တွင် မြစ်ကြီးနားမြို့တော်ခန်းမတွင် မြစ်ကြီးနား လူထု များနှင့်  တွေ့ဆုံခဲ့သည်။
ယနေ့ဖေဖော်ဝါရီ ၅ ရက်နေ့ညနေပိုင်း ၂ နာရီလေယာဉ်နှင့် မြစ်ကြီးနားမှ ပြန်လည် ထွက်ခွာ ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s