ဖုန်းဆင်းကတ်နှင့် အင်တာနက်လိုင်း အိမ်တိုင်ရာရောက် အခမဲ့ပေးမည်ဟု Red Link ကုမ္ပဏီဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ဆက်သွယ်ရေး လုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ဖုန်းဆင်းကတ်နှင့် အင်တာနက် လိုင်း များကို အခမဲ့ပေးသွားမည်ဟု Red Link ကုမ္ပဏီမှသိရသည်။ ”ဆက်သွယ်ရေး အော်ပရေ တာ လုပ်ခွင့်ရတာနဲ့ ဆင်းကတ် အခမဲ့ ပေးမှာပါ၊ ကျွန်တော်တို့ဘက်က Call ခေါ်ဆိုခပဲ ယူမယ်၊ Red Link သဘော အရဆိုရင် အိမ်တိုင်ရာရောက် စနစ်နဲ့ တောင် ပေးသွားဖို့ရှိပါတယ်”ဟု Marketing ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။  ယင်းအပြင် အင်တာနက် စနစ်များ ကိုလည်း လိုင်းအသုံးပြုခ အခမဲ့ပေး သွားမည်ဖြစ်ပြီး အင်တာနက် သုံးစွဲခွင့် ပေးရန် ချိတ်ဆက်ရမည့် ကြိုးဖိုးနှင့် လစဉ်ကြေးကိုသာ   ကောက်ခံမည်   ဖြစ် ကြောင်း ၄င်းကဆက် လက်ပြော သည်။ ”နိုင်ငံတကာမှာလည်း ဒီလိုပုံစံ တွေ ရှိပါတယ်။ လိုင်းအခမဲ့ ပေးပြီး လစဉ်ကြေး ပဲ ကောက်တဲ့စနစ်မျိုးပါ၊ ၂ဝ၁၁ခုနှစ်တုန်း ကလည်း ပြောထား ပြီးသားရှိပါတယ်။ အဓိကတော့ ဆက် သွယ်ရေးကဏ္ဍကို လုပ်ပိုင်ခွင့် အပြည့် အဝရမယ်ဆိုရင် ပေးသွားဖို့ အဆင် သင့် ရှိပါတယ်”ဟု ၄င်းက ဆက်ပြောသည်။   Red Link ကုမ္ပဏီအနေဖြင့် လက်ရှိတွင် နိုင်ငံတော် အစိုးရအဖွဲ့ အစည်းမှ တင်ဒါခေါ်ယူ ထားသည့် အော်ပရေ တာ နှစ်ခုတွင် ရွေးချယ် ခံရန် လျှောက်လွှာတင်ထားလျက်ရှိ ပြီး တင်ဒါရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်ချက် ကို စောင့် ဆိုင်းနေ လျက်ရှိကြောင်း သိရသည်။ တင်ဒါခေါ်ယူထားသည့် ဆက်သွယ်ရေး   အော်ပရေ တာ နှစ်ခုသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ် လီပို့ပိုင် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုနှင့် ဖုန်းနှင့် အင်တာနက် လုပ်ငန်းများကို ယှဉ်ပြိုင်ဝန်ဆောင်မှု   ပေးသွား ရမည် ဖြစ်ပြီး တင်ဒါများကို ယခုနှစ် ပထမနှစ်ဝက်အတွင်း ရွေးချယ်မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မိုဘိုင်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများအား အခမဲ့ ပေးမည့် Red Link ကုမ္ပဏီသည် ၂ဝဝ၈ ခုနှစ်မှ စ၍ Wimax အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းကို လက်ရှိ အ ချိန်အထိ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
အောင်ဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s