မောင်းတော ဒေသအာဏာပိုင်များ၏ တရားဝင် မတော်မတရား ရက်စက် အနိုင်ကျင့်မှုကြီး ။

        ယမန်နေ့ (၅.၂.၂၀၁၃)ရက် နံနက် ( ၉း ၀၀ ) နာရီခန့်တွင် မောင်းတောမြို့နှင့် (၁၂) မိုင်ကျော်ဝေး ကွာ သော အလယ်သံကျော်အရပ် န.စ.က နယ်မြေ (ရ) နှင့် နယ်မြေ (၈) တို့မှ မွတ်စလင်(မ်) ဘာသာရေး ဆရာကြီးများ ဦးရေ (၃၀) ခန့်ကို မောင်းတောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုး ဦးဆောင်ပြီး န.စ.က ဒုကွပ်ကဲရေးမှုး ဗိုလ်မှုးကြီး ထူးလှိုင် ၊ ခရိုင် ရဲမှုးကြီး ကောင်းစံလင်း နှင့်တကွ ဒေသဆိုင် ရာ တပ်မတော်အရာရှိများ တို့က မောင်းတော အလယ် သံကျော် အထက ကျောင်းတွင် ခေါ်ယူ၍ အစည်းအ ဝေးတရပ် ပြုလုပ်ခဲ့ပါသည် ။

  ထိုအစည်းအဝေးတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်စိုးက ဘာသာရေး ဆရာကြီး များ အား ခင်ဗျားတို့တွေဟာ ဒီဒေသကဒေသခံတွေမဟုတ်ဘူး ၊ တခြားနိုင်ငံက လာတဲ့ လူတွေ ဖြစ် တယ် ၊ အဖြူရောင် ကဒ်ကိုင်ထားသူတွေ အားလုံးဟာ နိုင်ငံခြားသားတွေပဲ ဖြစ်တယ် ၊ ရန် ကုန် မြို့ရဲ့ မြို့လယ်ခေါင်ဖြစ် တဲ့ ပန်းဘဲတန်းမြို့ နယ် နှင့် ကျောက်တံ တားမြို့နယ် တို့မှာ ခင်ဗျား တို့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ ဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီးနေ ရတာတွေ ရှိတယ် ၊ ဒီဒေသမှာရှိတဲ့ ခင်ဗျားတို့ကို နိုင်ငံတော်က စေတနာနဲ့ အဖြူရောင် ကဒ်ပြားတွေ   ပေးထားလို့ အခွန်မဆောင်ရတာဖြစ်တယ် ။ ဒါကြောင့် ဒီကရခိုင်တိုင်းရင်း သားတွေ နဲ့ ရန်မဖြစ် ဖို့လို တယ် ၊ ပြသနာမရှာဖို့လိုတယ် ၊ အေးဆေးနေဖို့လည်းလိုတယ် ။

          တဖက်က ရခိုင်တိုင်းရင်းသားတွေက ရန်ဆောင်ခဲ့ရင်လည်း သူတို့တွေက အိမ်ရှင်ဖြစ်လို့ ဧည့် သည် ဖြစ်တဲ့ ခင်ဗျားတို့တွေက သည်းညည်းခံရမှာ ဖြစ်တယ် ။ ထပ်မံ၍ လက် ရှိမောင်းတော   ဒေသကို ပုဒ်မ (၁၄၄) ထုတ်ပြန် ထားသည့်နေရာ ဖြစ်သည့်အတွက် ဗလီများ ၊ ဘာသာရေးစာသင်ကျောင်းများကို လုံးဝ ဖွင့်လှစ်ခွင့် ရရှိမည် မဟုတ်ဘဲ ပုဒ်မ (၁၄၄) ရုတ်သိမ်းပြီး နောက်ပိုင်းတွင်လည်း အထက်အာဏာပိုင်များမှ ခွင့်ပြုမိန့် ရရှိမှ သာလျှင် ဖွင့်လှစ် ခွင့်ရရှိမည် ဖြစ်ကြောင်း ၊ ဘာသာရေး စာသင်ကျောင်းများကိုလည်း သာသနာရေးဝန်ကြီး ဌာန မှ ဥပဒေ ရေးဆွဲသတ်မှတ် ပြီးမှသာလျှင် ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။

{ ဆက်စပ် သတင်းအဖြစ် အရွယ်မရောက်သေးသော ကလေးသူငယ်များ ပညာသင်ကြားလျက် ရှိသော မောင်းတော တမြို့ နယ်လုံးရှိ အခြေခံ ဘာသာရေးစာသင်ကျောင်း အားလုံးကို လည်း   မောင်းတော မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှုး မှ ဇန်န၀ါရီလ (၃၀) ရက် ရက်စွဲ ဖြင့် ဖွင့်လှစ် ပညာ သင်ကြားခွင့်ကို စာဖြင့် တားမြစ် ပိတ်ပင်ထားကြောင်း သတင်းရရှိပါ သည် ။}

ထို့ပြင် န.စ.က ဒုကွပ်ကဲရေးမှုးမှ ယခုနှစ် လူဦးရေ စာရင်းကောက်ခံ ရာတွင် ယခင်နှစ်များကဲ့သို့ ပုံမှန် စာရွက်ဖြင့် စစ်ဆေးခြင်းမဟုတ်ဘဲ ယခုနှစ်တွင် ကွန်ပျူတာဖြင့် စစ်ဆေးကောက်ခံရာတွင် ကွန်ပျူတာထဲတွင် လက်ဗွေနှိပ်ခတ်၍ မှတ်တမ်းတင်ခြင်း စနစ်အား ယခင်လများတွင် ဒေသခံ မွတ်စလင်များက ငြင်းဆန်ခဲ့ကြပါသ ဖြင့် မှတ်တမ်းကောက်ခံ၍ မရခဲ့ပါကြောင်း ၊ ထိုသို့ ကွန်ပျူ တာဖြင့်  မှတ်တမ်းတင်ခြင်းမှာလည်း နိုင်ငံတော်မှ ချမှတ်ထားသော စီမံကိန်းဖြစ်သည့် အားလျော် စွာ မဖြစ်မနေ အကောင်ထည်ဖော်သွားမည် ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည် ။

ဒေသခံများကပြောဆိုရာတွင် ယခုကဲ့သို့ လူဦးရေစာရင်း ၊ ကျွဲ ၊ နွား ၊ တိရိစ္ဆာန် စာရင်းကို ဒေသ ဆိုင်ရာ နယ်စပ်ကွပ်ကဲရေး ဌာနမှ တာဝန်ရှိသူများက နှစ်စဉ် ဇန်န၀ါရီလ လဆန်းရက် များ တွင်   မောင်းတော ခရိုင်တခုလုံးကို နှစ်စဉ်နှစ်တိုင်း ကောက်ယူ၍ စစ်ဆေးခဲ့ပါကြောင်း ၊ လူဦးရေ စာရင်း ကောက်ယူရာတွင် လည်း သေဆုံးသူများကို လျော့ချခြင်း ၊ မွေးဖွားသူများကို မွေးတိုး စာရင်းပြုစုခြင်း ၊ အိမ်တွင်မရှိသူများကို BD ပြေး အဖြစ် သတ်မှတ်ပြီး စစ်ဆေးအတည် ပြုခဲ့ ပါကြောင်း ၊ စသည့်လုပ်ငန်းစဉ်များကို နှစ်စဉ်နှစ်တိုင်း တိတိကျကျ ပြုလုပ်ခဲ့ ပါသည်။ မိမိ တို့ဒေ သ ခံ အများစုမှာ စာပေတတ်မြောက်မှုနည်းပါးသည့် အတွက် နယ်စပ်ကွပ်ကဲရေး ဌာန မှ ယခု လိုအခြေအနေမျိုးတွင် ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းအား မည်သို့မှ လက်ခံ၍ မရ ပါကြောင်း ။

ထို့ပြင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး၏  အထက်ပါပြောကြားချက် များသည် အမှန်တရား ကို   ပြောင်ပြောင် တင်းတင်း မျက် ကွယ်ပြု၍ ရရှိထားသောအာဏာဖြင့် မလျော်သြဇာ အသုံးပြု ကာ  မိမိတို့အား ရက်ရက်စက်စက်အနိုင်ကျင့် ရက်စက်မှုများ ပြုလုပ်ဖန်တီး နိုင်ဖွယ် ရှိ သည် အဖြစ် ခံစားခဲ့ရပါကြောင်း ၊ ထိုအကြောင်းအရာ များကို နိုင်ငံတော်သမ္မတ နှင့် လွှတ်တော် ဥက္ကဌ များနှင့် တကွ ကာကွယ်ရေး ဦးစီး ချုပ် များထံသို့လည်း အသိပေး တိုင်ကြား အစီရင်ခံသွားမည်ဟု ၎င်း အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက် ခဲ့သော  ဘာသာရေး ဆရာကြီး တဦးမှ သတင်းပေး ပို့ပါသည် ။

                                                                                                မောင်သော်

                                                                             (၆) ရက် ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၃

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s