နိုင်ငံတော် သမ္မတတစ်ဦးရွေးချယ်ရာတွင် ရှိရမည့်အရည်အချင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ အရ နိုင်ငံတော် သမ္မတဟာ အသက် ၄၀နှစ် ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊ ယခုအချိန်မှ တစ်ဆက်တည်း မြန်မာနိုင်ငံမှာ အနည်းဆုံး ၁၀နှစ် အခြေချ နေထိုင်ခဲ့သူ စတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီသူကို ပြည်ထောင်စုဝန်ကြီး အဖြစ် ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမယ်။ဒီအရည်အချင်းတွေနဲ့ ပြည့်စုံဖို့ ဆိုတာကလည်း နိုင်ငံသားလည်းဖြစ်၊ မြန်မာနိုင်ငံမှာ ၁၀နှစ် နေပြီး စိတ်မှန် မရူးသွပ်နေရုံနဲ့တင် ရပြီ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကနေ ထိုပုဂ္ဂိုလ်ဟာ ထိုအရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ရင် ငြင်းပယ်ခွင့် မရှိလို့လည်း ပုဒ်မ ၂၃၂ (ဃ)မှာ အတိအလင်း ဆိုထားတဲ့ အတွက် လက်ရှိ လေချုပ်ကို ဆက်သွယ်ရေး ဝန်ကြီးအဖြစ် အဆိုတင်သွင်းထားတဲ့ ကိစ္စဟာ ပြီးပြတ်သလောက် ရှိပါပြီ။

ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်တာကို လက်ခံဖို့ လက်ရှိ ဒုဝန်ကြီး တစ်ယောက်ယောက်ကို ဖြစ်ဖြစ် ၂ဦးစလုံးကိုဖြစ်ဖြစ် မေးတော့ မေးမှာပဲ။ ဒီလိုလုပ်ချင်လို့လည်း အရင်က ဒုဝန်ကြီး တစ်ယောက်မှတောင် မရှိတဲ့ ဝန်ကြီးဌာနမှာ ၂ယောက် လာထားတာလို့ ယူဆရတယ်။ ဒါပေမယ့် ဒုဝန်ကြီး ၂ဦးစလုံးက လက်မခံဖို့ ငြင်းလိုက်ကြလို့ အခုလို အပြင်က တစ်ယောက်ကို ဆွဲထည့်လာတာလားလို့ ထင်မြင်ယူဆရပါတယ်။

ဒုဝန်ကြီးတစ်ဦးဦးက လက်ခံလိုက်ရင် ပြီးပြီ။ အခုတော့ ရှုပ်ကုန်ပြီ။ ကျွန်တော်တို့ အိုင်စီတီကဏ္ဍ ကတော့ အစအဆုံး ဓါတ်ပြားဟောင်းကြီးတွေ ပြန်ဖွင့်ပြပြီး e-Government ဆိုသည်မှာ …. အိုင်စီတီ ဆိုသည်မှာ… ဆိုတာတွေ ပြန်လုပ်ရပေအုံးမယ်။ သူက ချက်ချင်း လုပ်ငန်းသဘော သဘာဝ နားမလည်လို့ (in-picture မဖြစ်သေးလို့) အရှိန်ယူအုံးမယ် ဆိုရင် တစ်နှစ်လောက်က ထပ်ကြာအုံးမယ်။

၂၀၁၂မှာ မြန်မာနိုင်ငံက UN ရဲ့ e-Government Index မှာ နိုင်ငံပေါင်း ၁၉၀ အနက်က အဆင့် ၁၆၀ ပဲရှိတော့တယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက အဆင့် ၁၄၁ ထိ တက်ခဲ့တယ်။ အခုတော့ အာဆီယံ ဒေသမှာ တင်းပြည့်ကြပ်ပြည့် အာဆီယံ ၁၀နိုင်ငံထဲမှာ မြန်မာက နောက်ဆုံး။ အရှေ့မှာ လာအိုနဲ့ ကမ္ဘောဒီးယား။ အာဆီယံ ဒေသမှာ ကျွန်တော်တို့ နောက်က တန်းစီနေတာက မနေ့တစ်နေ့ကမှ စစ်ပွဲတွေဖြစ်ပြီး အင်ဒိုနီးရှားအောက်ကနေ လွတ်လပ်ရေးယူ ခွဲထွက်လာတဲ့ အရှေ့တီမော နိုင်ငံပဲ ရှိတော့တယ်။ သူတောင် နောက်နှစ် ကျော်တက်အုံးမလား မသိဘူး။

ဆက်မပြောတော့တာပဲ ကောင်းပါတယ်လေ။
=========================================
ကိုသောင်းစုငြိမ်း၏ စတေးတပ်ကို ကူးယူဖြော်ပပါသည်။

အေးချမ်းမွန်မှ အင်တာနတ် တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s